100%. Thirty three.

4.6K 381 19
                                    

Unicode;

တိုက်ခတ်နေတဲ့ ပင်လယ်လေက ခပ်အေးအေးနဲ့ နူးညံညှင်သာတယ်။
နေရောင်ကလည်း သိပ်စူးတယ်... 
Bahamas က အုန်းပင်တွေက ဒါကြောင့်သိပ်လှတာ ထင်ပါရဲ့...

လူတွေရှုပ်နေပေမဲ့ ထင်းလင်းနေတဲ့ လမ်းတစ်ဖက်က အမျိုးသားတစ်ဦးကိုတော့ လှမ်းမြင်ရတယ်။
အဲ့ဒီလူက တစ်ကြိမ်ကြည့်ရုံနဲ့ အကြည့်မလွဲချင်လောက်အောင်ကို ဆွဲဆောင်မှုသိပ်ရှိတာ...
ခြေတံရှည်တွေနဲ့ ခန့်ညားတဲ့ဒီအမျိုးသားဟာ သူရဲ့သက်ဆိုင်သူဖြစ်တယ်ဆိုတာ သတိရမိတော့ လူတွေကြားထဲ အော်ကြွားပစ်ချင်လောက်အောင် ဂုဏ်ဆာလာရဲ့...

ရှောင်းကျန့်က နေရောင်အောက်မှာ သူ့ကို ပြုံးပြီးကြည့်နေတယ်။
သူလာတိုင်း လက်နှစ်ဖက်ဆန့်လို့ ကြိုတက်တဲ့လူကို သိပ်သဘောကျတာပဲ...
ရှောင်းကျန့် ဆံပင်သပ်ပေးတာကို သဘောကျလို့ ဆံပင်လည်း အရင်လိုအတိုမညှပ်ဖြစ်ဘူး...
ဒီလူနုတ်ခမ်း​တွေက မနူးညံ့ပေမဲ့ သိပ်ချိုတယ်။
ဒီနုတ်ခမ်းသားတွေကို သူသိပ်ပြီးမက်မောနေရပြီ...

အဲ့ဒီလူပေးတဲ့နှလုံးသားတစ်ခုကနေ ​​ဖြစ်တည်တဲ့ပျော်ရွှင်မှုဟာ သူ့ကိုအရာရာထုံထိုင်းသွားစေတဲ့အထိ စွမ်းအားကြီးတယ်တဲ့လေ....
မင်းကို ချစ်တယ်လို့ အဲ့ဒီလူက အသေအချာပြောခဲ့တယ်။
ဒါကို သူ့နားနဲ့ဆက်ဆက်ကြားခဲ့ရပြီး မျက်လုံးတွေနဲ့ သေချာ အတည်ပြုခဲ့တာ...

သူယုံတယ်။
ဒီကာလတွေအတွင်းမှာ သူကြုံခဲ့ရတဲ့ ရှောင်းကျန့်ဟာ သူ့အပေါ်ဘယ်တော့မှမလိမ်ညာဘူးဆိုတာ..
ဒီစစ်မှန်မှုတွေကြောင့်ပဲ သူ့ရဲ့အလုံးစုံဟာ ဒီလူဆီကို သက်ဆင်းပါတယ်။

Eline ပြောသွားတဲ့ စကားလုံးတွေထဲ ဒီတစ်ခုကိုတော့ ကျေနပ်စွာလက်ခံရတယ်။
ဒီလူက သူသေချာပေါက်ကို ဖမ်းဆွဲထားရမဲ့လူ...
ဒါက ဒီလူဆီကလက်ခံရတဲ့ အရာတွေအတွက်တင်မကပဲ သူကိုယ်တိုင်ကလည်း ဒီလူကို ပေးအပ်ချင်တဲ့အရာတွေများလို့ပါပဲ....

ရှောင်းကျန့်က သူ့ကို စူးနစ်နေအောင်ကြည့်တယ်။
ရှောင်းကျန့်မျက်ဝန်းထဲက သူ့ရဲ့ပုံရိပ်ကို သူပြန်မြင်နေရတယ်။
ပြုံးနေလိုက်တာများ ဝမ်ရိပေါ်ဆိုတဲ့တစ်ယောက်က အမျိုးသားတစ်ဦးကို တကယ့်ကြီး ရက်ရက်စက်စက် ကြွေသွားပြီထင်ရဲ့...

100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||Where stories live. Discover now