100%. Four

6K 546 19
                                    

Unicode;

ဂုဏ်သရေရှိဧည့်သည်တွေသာ တက်ရောက်ခွင့်ရှိတဲဲ့ မင်္ဂလာပွဲကြီး...
ခန်းမကျယ်ကြီးရဲ့ ခန်းနားမှုက တစ်လက်လက်နဲ့ပင်..
လာရောက်နုတ်ဆက်သူတွေ အများကြီးကြားထဲမှာ ဝမ်ရိပေါ်ဟာ လက်တွေ ထုံကျင်နေလောက်အောင် အချုပ်ခံထားရဆဲ...
သူမေးနေတဲ့ မေးခွန်းတွေဟာလည်း လေထဲမှာတင် ရပ်တန့်ဆဲ..

ဒီလူရဲ့ ကျယ်ပြန့်မှုက တော်ရုံတော့ မဟုတ်...
လာနုတ်ဆက်တဲ့သူတိုင်းက ဂုဏ်သရေရှိဟန်ပုဂ္ဂိုလ်တွေချည်းပဲဖြစ်ကာ အားလုံးရဲ့စကားလုံးတွေက မိုးမွှန်လောက်အောင် ချီးကျူးစကားတွေချည်းပဲပင်..
တစ်ခါတစ်လေ စကားလုံးတွေက သူနားမလည်တဲ့ဘာသာစကားတွေနဲ့ ....
တစ်ခါတစ်ခါ သူသိကိုမသိတဲ့ အကြောင်းအရာတွေနဲ့ရယ်...
ဒီထူးဆန်းတဲ့ လက်ထပ်ပွဲမျိုးအတွက် စိတ်ထဲကပါရောပါကြရဲ့လား...

ဒီလိုအရှိန်အဝါတွေအောက်မှာ ဘာမှကိုနားမလည်နိုင်သေးတဲ့ဝမ်ရိပေါ်ဟာ လွန်ဆန်ဖို့စိတ်ကူးကို အကောင်အထည်ဖော်လို့မရသေးတာ သဘောပေါက်လာတယ်..
အဲဲ့ဒီလူဆွဲခေါ်ရာနောက်ကိုသာ အရုပ်လိုလိုက်နေမိရင်း ပါးတို့ပဲဖြစ်ဖြစ် ကျိရန်ပဲဖြစ်ဖြစ် အမြန်ရောက်လာဖို့ကိုသာ ဆုတောင်းနေမိတော့တယ်...

အင်းးး အခုမှသတိရတယ်...
စုန့်ကျိရန်တစ်ယောက် ဘယ်ရောက်နေတာများလဲ..
ကိစ္စတွေပြောင်းဆန်နေတော့ သူလည်း ဘာကိုမှ မတွေးနိုင်တော့အောင် ရှုပ်နေတာ.
ကျိယန်ကိုတွေ့မှသာ Eline ကိုရှာဖို့ ပြောရမှာဖြစ်တယ်.
ပြီးတော့ ဒီအလွဲတွေရဲ့ အဖြေကိုရှာဖို့အတွက် ကျိယန်ကသာလောလောဆယ်မှာ အကူအညီတောင်းဖို့ အသင့်တော်ဆုံးပဲဖြစ်တယ်..

ဝမ်ရိပေါ်မျက်နှာဟာ အတော်အတန်ကိုမကောင်းတော့....

"ဟုတ်ပြီဗျာ.. နောက်မှ ညစာတူတူစားရင်း ဆွေးနွေးကြတာပေါ့.. အခုတော့ ခွင့်ပြုပါဦး.. ကျွန်တော့အိမ်သားလေးက သိပ်ပင်ပန်းနေပြီဗျ..."

"အားယိုးး ကျုပ်ကလည်း အချိန်အခါကောင်းကိုမှ နှောင့်နှေးအောင် နောက်ယှက်မိနေပါပြီ..
ဒါဖြင့်လည်း ပြန်ဦးမယ်ဗျာ... နောက်မှဆုံတာပေါ့.. Mr.ရှောင်းကို နောက်တစ်ခါ ဂုဏ်ပြုပါတယ်ဗျာ...."

100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||Where stories live. Discover now