Unicode;
ခြံဝန်းကျယ်ကြီးထဲမှာ သီချင်းသံနဲ့ စကားပြောသံ ရယ်မောသံတွေ ဆူညံလို့နေတယ်...
လူတွေအရမ်းမများပေမဲ့ သူ့နေရာနဲ့သူတော့ ကိုယ်စီရှုပ်နေကြတာပါပဲ...
ဒီနေရာမှာရှိတဲ့လူတွေဟာ အရောင်အသွေးစုံ လူမျိုးအစုံ ဖြစ်တယ်။
ဒီနေရာက လွပ်လပ်တယ် ပွင့်လင်းတယ်..
နေထိုင်မှုပုံစံက သိပ်ကိုပေါ့ပါးပါတယ်..အခုလို သောကြာညမျိုးဟာ ကောင်းကောင်းသောက်စားယစ်မူးပစ်ပြီး မနက်ဖြန်လိုပိတ်ရက်မှာ အနားယူပစ်တာက သိပ်ကိုကောင်းတဲ့ အစီအစဥ်ပါပဲ...
ဒါက သူ့ရဲ့အတန်းဖော်လည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ Denisရဲ့ခြံဝန်းဖြစ်တယ်..
သူ ဒီကိုရောက်နေရတဲ့အကြောင်းရင်းကတော့ Denisက ပါတီတစ်ခု စီစဥ်လိုက်လို့ပါပဲ..."Hay.. Wang.. ငါတို့နဲ့လာမJoinဘူးလား"
Denisရဲ့ရီးစားဖြစ်တဲ့ Amelieက သူ့ကိုလှမ်းခေါ်နေတာမို့ သူလှမ်းကြည့်လိုက်တော့ အဲ့ဒီနေရာမှာ လူတွေစုလို့ ကခုန်နေကြတာဖြစ်တယ်။
ဒီနေ့တော့ သူ ကခုန်ချင်စိတ်မရှိဘူး...သူ ခေါင်းခါပြလိုက်ပြီး ဘေးမှာချထားတဲ့ ဗော့ကာခွက်ကို ထောင်ပြလိုက်တော့ သူမက နားလည်စွာပြုံးပြလို့ လူအုပ်ထဲပြန်တိုးဝင်သွားရဲ့...
အနောက်တိုင်းလူငယ်တွေရဲ့ပါတီဆိုတာ ဒါမျိုးပဲ...
စည်းကမ်းတွေ ဘောင်တွေ သတ်မှတ်ချက်တွေ များများစားစားမရှိဘူး..
နယ်ပယ်အလိုက် ပျော်ရွှင်မှုကိုဖန်တီးယူကြတယ်...
ဒီအချိန်ကာလဟာ ဘဝရဲ့အပူအပင်တွေကို မေ့ထားနိုင်တဲ့ အချိန်လေးပဲဖြစ်တယ်။
အရင်တစ်ချိန်တုန်းက သူသာဆိုရင် အဲ့ဒီလူအုပ်ကြားထဲမှာ ရှိနေလောက်မှာသေချာရဲ့.."ဟူး.."
အရက်နံ့ပါတဲ့ လေပူတစ်ချို့က လေထဲပျံ့လွင့်သွားတယ်။
ဒီနေ့တော့ သူ ငြိမ်ငြိမ်သက်သက်လေးပဲ မူးချင်နေတာ..အတွေးနဲ့အတူ ဗော့ကာခွက်ကိုနုတ်ခမ်းမှာတေ့တော့ မိမိကိုယ်ကိုယ်လှောင်ရယ်ချင်စိတ်က အဆမတန်ထိုးတက်လာရဲ့..
သောက်ကျိုးနည်း ဒီဗော့ကာက အယ်လ်ကိုဟောပမာဏနည်းလွန်းတယ်လေ...
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...