Unicode;
Pajama အဝါလေးနဲ့ တစ်လှုပ်လှုပ်အစားစားနေတာလေးကို ကြည့်ပြီး သူမပြုံးပဲ မနေနိုင်.
တစ်လုတ်ထည့်တိုင်း နုတ်ခမ်းလုံးလုံးကစူထွက်လာပြီး ပါးလုံးလုံးကိုလဲ ဖောင်းနေအောင် ဝါးစားတယ် ..
ခံတွင်းထဲ အများကြီးထည့်ထည့်ပြီး စားနေတာက စိတ်မရှည်ဘူးထင်ရပေမဲ့ သေသေချာချာအကြာကြီးဝါးတာ။
ဖိုသီဖတ်သီပေပွအောင် စားနေတာမျိုးလည်း မဟုတ်ပဲ သပ်သပ်ရပ်ရပ်ကလေးနဲ့ ကြည့်ပြီးရင်း ကြည့်ချင်စရာကောင်းတဲ့ မြင်ကွင်းမျိုး...
စားရင်းနဲ့ ခေါင်းကတစ်ဆတ်ဆတ်ငြိမ့်လိုက်သေးတယ်...စားနေတာချင်းတူတူကို ဒီကောင်လေးပန်းကန်ထဲက အစားအသောက်တွေကပဲ ပိုအရသာရှိနေသလိုလို..
သူ့စိတ်ထဲ ခြင်္သေ့ဆိုးလေးအပြင် Nickname တစ်ခုကို အလျှင်အမြန်သတ်မှတ်လိုက်မိတယ်..
ဒါပေမဲ့ ထုတ်မခေါ်ရဲဘူး..
သူပေးတဲ့ Nickname တွေကိုသာသိရင် ဒေါသအိုးပေါက်ကွဲလိုက်မည့်ဖြစ်ခြင်း။အခုတောင် သူ့ကို တစ်ချက်တစ်ချက် မျက်လုံးစွေစွေကြည့်ပြီး မျက်မှောင်ကြုတ်ကြီးနဲ့ မျက်ထောင့်ကြီးက ထ,ထနီနေသေးတာ။
ချစ်စရာ မျက်ပေတုံးကြီး။
သူ့ရဲ့ dressing room ထဲ လှည့်ပတ်ကြည့်ရင်း အဝတ်ရွေးနေတဲ့ ကောင်လေးက မသိရင် Shopping ထွက်နေသလိုပဲ.
တစ်ထည်ကိုင်ကြည့်လိုက် တံဆိတ်တွေကြည့်လိုက် ပြန်ချလိုက်.. ဖိနပ်တွေနားရောက်သွားလိုက် အိတ်တွေကို ကြည့်လိုက်နဲ့...
မျက်နှာက ချေမိုးလို့ ဝတ်ထားတဲ့ Pajama က ခြေမျက်စိအောက်မှာ ဒရွတ်တိုက်ဆွဲနေတာကို ရှောင်းကျန့်က မြင်တယ်။
သူက နံရံကိုမှီရင်း လက်ပိုက်ကြည့်နေလေတော့ အရေးမစိုက်သလို ဟိုဘက်လှည့်သွားပြန်တယ်..
ဒီပုံစံနဲ့ သူ့ကိုယ်သူ Coolguy ထင်နေတဲ့ ကြောင်ပေါက်လေးပါပဲ။ရှောင်းကျန့်ရဲ့ closet room ထဲမှာ LV, Gucci,Ralph Lauren, Chanel တို့လို နာမည်ကြီး အသုံးအဆောင်တွေချည်းပြည့်နှက်လို့....
အမျိုးအစားစုံ ဒီဇိုင်းစုံ Coats, Blazers ကအစ Jackets, Shirts, Polos, sweater, Hoodie အထိ အကုန်စုံနေအောင်ရှိတယ်.
pant ဆိုတာလည်း အမျိုးစုံ...
မျက်မှန်အစရှိတဲ့ Eye wear တွေ..
Lexury watch တွေ . necktile နဲ့ ခါးပတ်တွေဟာ အထပ်ထပ်သော Drawer Box နဲ့ အပြည့်.
ဖိနပ်တွေဆိုတာကလည်း နံရံပြည့် Showcase နဲ့ အစီအရီ..
အိတ်နဲ့ jewellery က တစ်နေရာသက်သက်..
အင်းး....အနုပညာရှင်တောင် ဒီလောက်ပြည့်စုံမယ်လို့ မထင်ဘူး...
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...