Unicode;
တံခါးဖွင့်လိုက်သည်နှင့် နွေးနွေးထွေးထွေးဟိုတယ်ခန်းက ကြိုဆိုနေလျက်သား...
အထဲလည်းမဝင်ပဲ တံခါးဝမှာ မှင်သေသေရပ်လို့ ဝမ်ရိပေါ်က တွေးရပြန်တယ်။သူ့ရဲ့စကားတစ်ခွန်းမှာ အပြုံးတစ်ပွင့်နဲ့ လိုက်ပါလာတဲ့ရှောင်းကျန့်က တော်တော်လေးကိုစိတ်တိုင်းကျနေတဲ့ မျက်နှာထားနဲ့ရယ်..
ဘာရယ်မဟုတ် ခေါ်သာခေါ်လာလိုက်တာ တစ်မျိုးတော့မထင်လောက်ဘူးမလား..
ဘာထူးထူးဆန်းဆန်းမှတော့ မတွေးလောက်ဘူးမလား...
ဒီရှောင်းကျန့်က ခန့်မှန်းလို့ရတာ မဟုတ်ဘူး..."အထဲမဝင်ပဲ ဘာရပ်လုပ်နေတာလဲ"
ရှောင်းကျန့်က သူ့ကို တစ်ချက်ကြည့်ကာ ကျော်ဖြတ်လို့ အရင်ဝင်သွားတယ်...
ကျယ်ပြန့်ပြန့် ရှောင်းကျန့်ကျောပြင်ဟာ မားမတ်တည်ကြည်နေလို့ပါပဲ....သူအသာလေးလိုက်ဝင်သွားလိုက်ပြီး ဒီလူကို အကဲခတ်ရသေးတယ်။
သူက သတိထားနေသည့်ဟန်ရောက်ပေမဲ့ ရှောင်းကျန့်ကတော့ သက်တောင့်သက်သာနဲ့ပဲ.."Facility ကောင်းသားပဲ... မြင်ကွင်းလည်းကောင်းတယ်.. ဖွဲ့စည်းပုံလည်း အဆင်ပြေတယ်... ကိုယ်ကတော့ ဟိုတယ်မှာ ဒီလိုဘားငယ်လေးရယ် လေညှင်းခံလို့ရတဲ့ လေသာလေးရယ်ပါရင် သဘောကျတယ်....အင်း... ဟိုတယ်ကောင်းတစ်ခုပဲ... ရာသီမရွေး booking ပြည့်နေတာ အံ့သြစရာမရှိဘူး.."
ရှောင်းကျန့်က လှည့်ပတ်ကြည့်ပြီး မှတ်ချက်ပေးတယ်။
အာ... ဟုတ်သားပဲ... သူဘာတွေတွေးနေတာများလဲ..
ဒီရှောင်းကျန့်ရဲ့ခေါင်းထဲ အချိန်ပြည့် အလုပ်ကိစ္စတွေကလွဲ ဘာမှရှိတာ မဟုတ်ဘူးရယ်...
ဒီလူ့ခေါင်းထဲ ဘာလုပ်ပြီး ဘယ်လိုစီးပွားဖြစ်မလဲပဲတွေးနေတက်တာ...တစ်ဆက်တည်းမှာပဲ ညနေက ရှောင်းကျန့်ပြောလိုက်တဲ့ လုပ်ငန်းပါတနာဆိုတဲ့ စကားလုံးဟာ အတွေးထဲဝင်ရောက်လာတယ်..
ဟက်... သူ အတွေးလွန်နေတာပဲ..
သူတို့က ဘာမို့လို့လဲ... ဘာများထူးခြားနေတာမို့လို့လဲ...
လက်ထပ်တာတောင် သူ့အကျိုးစီးပွားထိခိုက်မှာစိုးလို့ ဖြစ်အောင်လုပ်ခဲ့သူပဲမဟုတ်လား..
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...