Unicode;
"စဖြန့်ပြီးချင်း တစ်နာရီအတွင်း ရောင်းအားက အရေအတွက် သောင်းကျော်နဲ့ ရာခိုင်နှုန်း ငါးဆယ်အထက်ရှိခဲ့ပါတယ်.. နှစ်ဆယ့်လေးနာရီအတွင်း ရောင်းအား ၉၇ရာခိုင်နှုန်းပါ... ဝယ်ယူပြီးသူတွေရဲ့ ဆယ့်နှစ်နာရီအတွင်း တုံ့ပြန်ချက်ကတော့ အဆင့်အေမှာ ရှိနေပြီး ဖြန့်ဝေအချိန်အတိုင်းအတာအရဆိုရင် ကုန်ပစ္စည်းရောင်းအား နာပါတ်သုံးပါ"
အတွင်းရေးမှုးတင်ပြသမျှကိုနားထောင်ရင်း လျှိုဟိုက်ခွမ်းက အားရစွာပြုံးတယ်။
သူ့ရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ရှောင်းကျန့်ကတော့ ရလဒ်သိနေပြီးတဲ့အလား တည်ငြိမ်နေလျှက်.."နာမည်ကျော် idol လည်းမဟုတ်ပါပဲ ဒီလောက်ထိုးဖောက်နိုင်တာက အံ့သြစရာပဲ... တစ်ရက်အတွင်းကိုရောင်းအားက ဒီလောက်မြင့်လိမ့်မယ် မထင်ထားဘူး.. ဒါက နာမည်ကျော်အနုပညာရှင်တွေရဲ့ စံချိန်ကိုတောင် မှီလုန်ီးပါပဲ"
ရှောင်းကျန့်က မထူးဆန်းသလိုခပ်ဖျော့ဖျော့ပြုံးတယ်။
"ဒီကလေးဆီမှာ လွှမ်းမိုးမှုပါရမီတွေက မွေးရာပါအရည်အချင်းလို ပါလာပြီးသား... ဒါက တားဆီးလို့မရဘူး.. "
ပြောရင်းနဲ့ကို ခေါင်းခါပြန်တယ်။
"ပွဲဦးထွက်တောင်ဒီလောက်ကောင်းပြီဆိုမှတော့ နောက် item အတွက် ပူစရာမလိုတော့ဘူးပဲ..."
"အကိုလျှိုကိုပဲ အားကိုးရမှာပဲ.. ရိုက်ကူးရေးကိုအကောင်းဆုံးနဲ့ သူသက်တောင့်သက်သာဖြစ်အောင် အကိုကပဲစီစဥ်ပေးပါဦး.. ဒီကလေးက အရမ်းစိတ်ဆတ်တယ်.. သူစိတ်တိုင်းမကျရင် ရိုက်ကူးရေးဆက်လုပ်မှာမဟုတ်ဘူး"
လျိုဟိုက်ခွမ်း ပြုံးစစနဲ့ ခေါင်းခါရတယ်။ ရှောင်းကျန့်က အလုပ်ကိုတော့ တော်တော်လေးအထိခိုက်မခံတာမို့ ရှေ့ရက်တွေက ဝမ်ရိပေါ်ရိုက်ကူးရေးလုပ်နေစဥ်တစ်လျောက်လုံး လာမကြည့်ခဲ့ဘူး..
သူကသာ အခြေအနေပြန်ပြောပြရတာ.."သူက မင်းထင်ထားတာထက် အများကြီးရင့်ကျက်ပါတယ်။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကောင်းကောင်းခွဲခြားတက်တယ်။ ရိုက်ကူးရေးတစ်လျောက်လည်း လုံးဝအာရုံထွေပြားနေတာမရှိဘူး.. တော်တော်လေး Moodသွင်းနိုင်တယ်"
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanficတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...