Unicode;
လောကကြီးကလှည့်စားတက်တယ်။
ရှာဖွေခဲ့ချိန်မှာ ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့တဲ့ရေစက်တွေက မေ့ဖျောက်နေချိန်ကျ ဆိုက်ဆိုက်မြိုက်မြိုက်ကို ပေါ်လာတက်ပြန်ပါတယ်။
ဒဏ်ရာကမနာတော့ရင်သာနေလိမ့်မယ်အနာရွတ်ကတော့ ကျန်နေဦးမှာပဲ...
ဒဏ်ရာဟောင်းကို တစ်ကျောပြန်ထိုးဆွရင်လာတော့ ကိုက်ခဲမှုက ပြင်းထန်နေလိမ့်ဦးမှာသေချာတယ်။"oh.. တောင်းပန်ပါတယ်...ကျွန်တော်..."
"......"
"ah... ရပါတယ်...ရ.."
တစ်ချို့သော မေ့ပျောက်ခြင်းတွေက အပြီးသတ်မဖြစ်တဲ့အခါ ကစားတက်လွန်းတဲ့လောကကြီးကို အားရပါးရသာဆဲရေးပစ်လိုက်ချင်တော့တယ်။
ရေစက်လို့ ခေါင်းစဥ်တပ်ပြီး လူတွေရဲ့ နှလုံးသားကို ကစားရတာ သိပ်ပျော်စရာကောင်းသလား..."....."
"မောင်.... Ahh..... wang..."
ဒီမိန်းကလေးက.....
"ရိပေါ်... အဆင်ပြေရဲ့လား..."
"မင်း...."
လွတ်နေတဲ့ သူ့လက်တစ်ဖက်က သူမရဲ့လက်မောင်းတွေဆီ တင်းတင်းကျပ်ကျပ် ကျရောက်တယ်။
" Eline!! "
"......."
"တကယ်ကိုဟုတ်နေတာပဲ..."
ဒီအသံ ဒီမျက်လုံးတွေ ဘာလို့မမှတ်မိပဲရှိရမှာလဲ....
ရုပ်တရက်ဆူပွက်လာတဲ့ သွေးတို့က လက်ရှိအနေအထားတွေ အားလုံးကိုပြောင်းလဲပစ်ဖို့ရာ လုံလောက်ပါတယ်။
သူ့ကို ပိုးစိုးပက်စက်လိမ်ညာထွက်ပြေးသွားခဲ့သူက အခုသူ့မျက်စိရှေ့မှာ ပုံစံမပျက် လှပနေလျက်သား ...
ဟုတ်တယ်... ဒီမိန်းကလေးက သူ့ကို လိမ်ညာခဲ့သူဖြစ်တယ်။
သူ့ရဲ့ခံစားချက်အစုံတို့ဟာ ဒေါသတို့လွှမ်းခြုံလာလျက် အံကြိတ်လိုက်မိတယ်။"မင်းက ဒီနေရာမှာရှိနေတာပဲ!!! လက်စသတ်တော့ ဒီမှာပုန်းနေခဲ့တာပဲ...."
ဝမ်ရိပေါ်ရဲ့ နားထင်ကြောတွေထိုးထောင်လာမှုက မည်၍မည်မျှတောင် နာကျည်းမှုပါဝင်နေမည်လဲဆိုတာ အထင်အရှား....
အကြည့်တွေဟာ သူမကို ချက်ချင်းပင်လောက်မြိုက်စေတော့မည့်ဟန်ပင်...
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...