Unicode;
ဖလော်ရီဒါရဲ့ငါးရက်တာသော နေ့ညတွေက အိပ်မက်လိုပဲ...
ပြန်ရောက်လာချိန်မှာတော့ အိပ်မက်ကပြီးဆုံးသွားသလို စုပုံနေတဲ့ အလုပ်တွေက ခရီးဦးကြိုပြုတယ်။
ဒီတစ်ပါတ်တာအတွင်း သူအားလုံးကို လျစ်လျူရှုထားခဲ့တာလေ...ရုံးခန်းထဲဝင်လိုက်တာနဲ့ အစီရင်ခံစာတွေက အထပ်လိုက်...
ရွှေ့ဆိုင်းထားခဲ့တဲ့ အလုပ်တွေကို ပြန်စီစစ်တော့ သုံးလေးရက်လောက်တော့ အနားမယူတမ်းလုပ်ရတော့မဲ့ပုံပဲ...
အတွင်းရေးမှုးကို အချိန်ဇယားတွေပြန်စီစဉ်ခိုင်းလိုက်ပြီး ရှောင်းကျန့်တစ်ယောက် အလုပ်ပုံထဲခေါင်းမြုတ်ရပြီ...ဝမ်ရိပေါ်ကိုတော့ အိမ်မှာပဲ နားခိုင်းထားသေးတယ်။
ကလေးက ဒီရက်တွေအတွင်းအများကြီးကြုံတွေ့လိုက်ရပြီး စိတ်ရောလူပါအတော်လေးပင်ပန်းသွားတာမို့ ပြန်ရောက်တဲ့အချိန်မှာ အဖျားလေးနည်းနည်း ဝင်သွားတယ်...
ခရီးပန်းတာရော နေရာဒေသရဲ့ ရာသီဥတုအပြောင်းအလဲလည်းပါလိမ့်မယ်။သူအနားမှာနေပေးချင်သေးပေမဲ့ အလုပ်က ဘယ်လိုမှလှည့်မရတော့တာကြောင့်သာ ရုံးလာတက်နေတာ.. စိတ်က သိပ်မကပ်ဘူးရယ်။
အိမ်ကိုဖုန်းခဏခဏဆက်မေးနေလို့ ရန်ကူးတောင် စိတ်မရှည်တော့ဘူးထင်တယ်။"ဥက္ကဋ္ဌ အစည်းအဝေးချိန်ရောက်နေပါပြီ.."
အတွင်းရေးမှုးရဲ့ နိုးဆော်သံအဆုံးမှာ သူဖုန်းကိုပြန်ချလို့ ပြင်ဆင်ရတယ်။
မျက်နှာကတော့ သိပ်မကြည်ဘူး။အတွင်းရေးမှုးကတော့ စိတ်နဲ့လူမကပ်တဲ့ ရှောင်းကျန့်ကိုကြည့်ပြီး တိတ်တိတ်လေး ခေါင်းခါလေရဲ့...
.
.ရှောင်းစံအိမ်ကြီးရဲ့ ဥယာဉ်ပုံစံခြံဝန်းထဲမှာ တည်ဆောက်ထားတဲ့ အပန်းဖြေဇရပ်လေးထဲ ဝမ်ရိပေါ်ကတော့ ကော်ဖီတစ်ခွက်နဲ့စိတ်အေးလက်အေး..
သူ့ဘေးက စုန့်ကျိရန်ကတော့ ပူပင်မှုအပေါင်း သောင်းခြောက်ထောင်ဖြစ်လို့နေပြီ..."ဝမ်ရိပေါ် မင်းလျောက်နောက်မနေနဲ့နော်... ဒါကနောက်စရာ မဟုတ်ဘူး.."
ကျိရန်ကို ရိပေါ်က ဘာမှမဖြစ်သလိုကြည့်တယ်။
"ငါ့ပုံက နောက်နေတဲ့ပုံ ဖြစ်နေလို့လား.."
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...