《1》

13.8K 1.1K 84
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

CHAPTER (1)— ရွှေလက်ချောင်း

ပြင်းထန်လွန်းတဲ့ စစ်ပွဲ**တစ်ခုကတော့ ပြီးဆုံးသွားခဲ့ပြီ။ [T/N: အိပ်ရာ‌ပေါ်က တိုက်ပွဲ]

ဒီလူသည် အထူးသဖြင့် ဒီနေ့မှာတော့ အရမ်းကို ရက်စက်ကြမ်းကြုတ်လွန်းလှတယ်။ ပြီးတော့ ချူယင်း လည်း မောပန်းလွန်းလှလို့ ဖရိုဖရဲတွေ ဖြစ်နေတဲ့ အိပ်ရာခင်းပေါ်က စောင်ပုံထဲကိုပဲ ဝင်ခွေနေကာ နာကျင်စွာဖြင့် သူမရဲ့မျက်လုံးတွေကို ပိတ်ထားမိလိုက်တယ်။ သူမရဲ့အနောက်က လူက သူမအား ပွေ့ဖက်ထားကာ သူ့ရဲ့လက်မောင်းထဲကို သူမကို ထည့်ဖို့ ကြိုးစားနေသည်။

ချူယင်းဟာ  ‌မူးနောက်နောက်နဲ့တွေဝေရှုပ်ထွေးနေပေမဲ့ အလိုအလျောက် ရုန်းလိုက်မိ၏။

သူမရဲ့ ခါးပေါ်ရှိ အနှီအမျိုးသားရဲ့လက်တွေက ပိုတင်းကျပ်သွားကာ အနောက်ကနေ ငေါ့ထေ့ထေ့နဲ့ သရော်ပြောတဲ့ အသံထွက်လာသည်။

“ဘာလဲ— ကုချိုးဇယ် ပြန်ရောက်လာတော့ မင်းက ငါ့ကို ဆက်သည်းမခံနိုင်တော့တာလား?”

“လုကျန်း နင်ဘာတွေ လျှောက်ပြောနေတာလဲ...”

လုကျန်းရဲ့ အသက်ရှုသံဟာ ဒေါသဖြစ်စွာ  ပြင်းရှရှဖြစ်နေသော်လည်း သူ့ရဲ့အသံကတော့ အေးတိအေးစက်ဖြင့်

“မင်းရဲ့အစ်ကိုက မင်းကို ကယ်ပေးဖို့ ကုချိုးဇယ်ကို လိုက်ရှာနေတုန်းပဲလား ဟမ်? ချူ‌ယင်း မင်း...ကိုယ့်‌ဒေါသရဲ့ အကျိုးဆက်တွေကို မင်းသိပါတယ်”

အကျိုးဆက်တွေ..... ဒီနတ်ဆိုးကောင်နဲ့ ပတ်သက်ငြိတွယ်မိခြင်းရဲ့ အကျိုးဆက်ကတော့ ချူမိသားစု နေ့ချင်းညချင်းကို ဘယ်လိုမျိုး ဒေဝါလီ ခံခဲ့လိုက်ရတာလဲဆိုတာပဲဖြစ်လိမ့်မယ်။ ချူမိသားစုရဲ့သမီးအရင်းက သူ့ရဲ့အကျဉ်းချထားခြင်းကိုခံနေရတယ်။သူက သူမကို ပစ္စည်းတစ်ခုလိုမျိုး ကြီးစိုးခြယ်လှယ်ချုပ်ကိုင်ထားတာပေါ့။ အခုလိုမျိုး‌‌ သူမဟာ သူ့ရဲ့ ပိုင်စိုးပိုင်နင်းသဘောထားခြင်းကို ကြံ့ကြံ့ခိုင်နေရပြီး အရာအားလုံးကို ငုံ့ခံနေဖို့ ဖိအားပေးခြင်းကိုပါခံရတော့ တစ်ချိန်တည်းမှာပဲ သူမရဲ့ လွတ်လပ်မှုအားလုံးကို ဆုံးရှုံးရလိုက်တယ်။

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now