《48.3》

2.4K 434 53
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter — 48(3)

ဟွေးဝမ်ရဲ့ အချစ်တော်ကျောင်းသူဖြစ်တဲ့ ချူယင်းဟာ ကျောင်းဆောင်မှာ နေချင်တယ်။ ဆရာမဟာ ချူမိသားစုရဲ့ အခြေအနေအကြောင်းကို ကြားမိသည်။ သူမအနေနဲ့ ချူယင်းက အဆောင်ရဲ့ အခြေအနေနဲ့ နေသားမကျဘဲ သူမရဲ့ စာလေ့လာမှုမှာ အနှောင့်အယှက်ဖြစ်ပြီး သူမကို ဒုက္ခရောက်မှာကို အနည်းငယ်တော့ စိုးရိမ်နေမိတယ်။

ဒါပေမဲ့ ချူယင်းအနေနဲ့ကတော့ ဒါက ဘာမှမဟုတ်ဘူးလို့ ထင်မိတယ်။ သူမကို ကျေးလက်ဒေသဘက်ကနေ ခေါ်ဆောင်လာခြင်းမပြုခင်ကဆို အခြေအနေတွေက ဒီထက်တောင်မှ ဆိုးသေးတယ်။

သူမဟာ အဆောင်စည်းကမ်းချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို အလွန်အလျင်အမြန် ဖြတ်ဖတ်လိုက်ပြီး ‌အဆောင်ကြေး သွင်းလိုက်တယ်။

ဟွေးဝမ်ရဲ့ အဆောင်နေအဆောင်စားစရိတ်က တက္ကသိုလ်ဆောင်တွေထက်တောင်  အနည်းငယ် ဈေးပိုကြီးနေပေမဲ့ ဟိုတယ်မှာနေတာ ဒါမှမဟုတ် အိမ်ငှားရမ်းပြီးနေတာထက်တော့ အများကြီး ဈေးပိုသက်သာတယ်။

ချူယင်းက ဒါလည်းကောင်းတာပဲလို့ တွေးမိတယ်။ သူမ မနက်ခင်းမှာ ပိုအိပ်နိုင်သလို နောက်ကျတဲ့အထိ စာသင်ခန်းထဲမှာ တစ်ထိုင်တည်း စာထိုင်လုပ်နိုင်တယ်။

သူပစ္စည်းတွေ ထုပ်ပိုးပြီး ချူမိသားစုအိမ်ကနေ ထွက်ခွာတဲ့အချိန်မှာ သူ့မိဘတွေက ဒီမှာ မရှိသလို ချူယင်းအနေနဲ့လည်း နှုတ်ဆက်စကားဆိုဖို့ရာ အစီအစဉ်မရှိ။

လက်ကို ပိုက်ထားပြီး တံခါးပေါက်နားရပ်ကြည့်နေတဲ့ ချူချိုးချိုးက ခါးခါးသီးသီးပြောလာတယ်။
“မမ ရွှမ်းယွမ်က အခုတလော နင့်ကို လာရှာခဲ့တယ်မလား”

“ရဖို့ခက်ချင်ယောင်တွေ ကြိုးကြိုးစားစားလုပ်ပြနေစရာမလိုပါဘူး သူက နင့်ကို သူ့ရဲ့ စိတ်အားထက်သန်မှုကို ပြချင်နေရုံပဲ အမှန်ဆို သူက ငါ့တုန်းကလဲ အဲ့လိုလုပ်ပြခဲ့တာလေ ချန်ရွှမ်းယွမ်က နင့်ကို သပ်သပ် ကစားနေတာ”

ချူယင်းကတော့ သူ့အစ်ကိုရဲ့ကား အနောက်က ပစ္စည်းထည့်ခန်းထဲကို သူမရဲ့ ခရီးဆောင်အိတ်လေးကို ထည့်လိုက်ကာ လက်ကို ခါလိုက်ပြီး ဒါကြီးကလည်း ပြဿနာတစ်ခုပါပဲလားလို့ ခံစားမိလိုက်တယ်။

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now