《54》

1.9K 263 14
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 54

နောက်ဆုံးစာမေးပွဲရလဒ်တွေ ဟာ ကျောင်းပြန်တက်တဲ့နေ့မှာပဲ ကြေညာခဲ့သည်။

စီနီယာကျောင်းသားတွေဟာ ဘွဲ့ယူသွားတော့ ကျောင်းတော်ကြီးဟာ လွတ်သွားသလို ခံစားရသည်။  တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မတိုင်ခင်တစ်ရက်အလိုတုန်းက ဝေ့ဟယ်မင်ဟာ သူမအား B မြို့မှာ စောင့်နေပါ့မယ်ဆိုပြီး လာပြောသွားလေသည်။

စုန့်ကျောက်လင်ကတော့ ဘေးကနေ ပွဲကြည့်နေရင်း ထိုသူစကားတွေကြောင့် ရင်ထဲထိ၊ ခိုက်သွားပေမဲ့ ချူယင်းကတော့ ယဉ်ယဉ်ကျေးကျေးနဲ့ ခပ်တန်းတန်းပင် နေနေဆဲ။

လူတော်တော်များများက သူတို့ကို အတွဲတွေလို့ ထင်နေကြပေမဲ့ ဝေ့ဟယ်မင်နဲ့ ချူယင်းတို့ကို အကြာကြီး အတူတူတွဲမြင်ရဖို့ဆိုတာ ခဲယဉ်း၏။ ချူယင်းကလည်း အချစ်တွေကို ထုတ်ဖော်ပြသခြင်းမရှိတာကြောင့် ကောလဟာလတွေကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

သူတို့ရဲ့ ယင်းကျဲက ဘယ်သူမှကို မကြိုက်တာ! သူက အရင်ကတည်းက ဘယ်သူ့အပေါ်ကိုမှ ခံစားချက်မရှိခဲ့တာ!

ဖိုင်နယ်စာမေးပွဲမှာ ဒုတိယနေရာအတွက်ကတော့ လုနေရဆဲ။

တစ်နှစ်ကြာပြီးနောက် ပထမနေရာဆိုတာ “ပုံသေနေရာ” ဖြစ်လာတာကြောင့်  ဒုတိယနေရာကို ရယူနိုင်တဲ့ ဘယ်သူ့ကိုမဆို အထင်ကြီးလောက်စရာအဖြစ်သတ်မှတ်နိုင်တယ်။

ချူယင်းကတော့ ပထမနေရာကိုရရှိနေဆဲ။ ကျန်ယန်ဟာ ပညာသင်နှစ်အဆုံးတွင် သူ့သင်္ချာအမှတ်တွေ ကောင်းလာပြီး အဆင့်တွေလည်းတက်လာ၏။

စုန့်ကျောက်လင်: “ကျွန်တော်လည်းပဲ အဆင့်တက်လာတယ်လေ ~”

ချူယင်း:“?”

စုန့်ကျောက်လင်: “ဝမ်ရှောင်းယန် ထွက်သွားတဲ့အတွက် နောက်ဆုံးတော့ ကျွန်တော်လည်း အဆင့်တက်လာခဲ့ပြီ”

ချူယင်း:“...”

ချူချိုးချိုးဟာ အထူးသဖြင့် ‌သူမ ချူယင်းအပေါ် လုပ်တဲ့အရာတွေ သိသွားတဲ့နောက် ဟွေးဝမ်မှာ နာမည်ပျက်ကျန်နေခဲ့တယ်။ 

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Où les histoires vivent. Découvrez maintenant