《43.4》

2.8K 553 41
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 43 – သွားသေပေးလိုက်(4)

အရင်ဘဝမှာ လုကျန်းဟာ သူမကို အဲ့နေရာကို တစ်ခါခေါ်သွားပေးခဲ့ဖူးတာကို သတိရမိလိုက်၏။ သူမဟာ သူ့အမေနဲ့ တစ်ခါသာ ဆုံဖူးခဲ့သည်။

အဲ့အချိန်မှာ လုကျန်းက သူမကို သူ့မိဘတွေနဲ့ တွေ့ဖို့ အတူတူလိုက်ပါပေးလိမ့်မယ်လို့ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ လုံးဝ တခြားစီပဲ— အဲ့ခွေးကောင်က သူမကို သူ့အမေဖြစ်သူ စူးယွီမင်နဲ့အတူတူ လူနာဆောင်ထဲမှာ နာရီဝက်အကြာ တစ်ယောက်တည်း နေခဲ့စေသည်။

သူပြန်လာတော့လည်း လူနာအခန်းထဲကို‌ ဝင်တောင်မဝင်ခဲ့။ 

သူမ လူနာအဆောင်ကနေ ထွက်လာတဲ့အခါ လုကျန်းက သူမကို ပွေ့ဖက်လိုက်ပြီး သူမနားအနားကပ်ကာ မေးလာလေသည်။ 

“မင်းတို့ ဘာအကြောင်းတွေပြောခဲ့ကြလဲ”

“ရာသီဥတု”  အဲ့အချိန်က သူမဟာ သူနဲ့ပတ်သက်ပြီး စိတ်အခြေအနေကောင်းမနေခဲ့ပါ။

လုကျန်း အနည်းငယ် သက်ပြင်းချလိုက်သည်။

ချူယင်း  အဲ့ဒီရေးရေးမျှရှိသော မှတ်ဉာဏ်ကို မေ့လုနီးပါးပင်။  သူမ ဒီနေ့မှ သတိရလေသည်။

စုန့်ယန်ချွမ်းမှာ အဲ့ဒီဘိုးဘွားရိပ်သာ လိပ်စာ ဘာလို့ရှိနေရတာလဲ။ သူ့အနေနဲ့ အဲ့တာတွေက ဘာမှ သက်မဆိုင်တဲ့ပုံပဲလေ။

ချူယင်း အဲ့နေ့က  စာမေးဖြေပြီး အပြန် အပြင်ဘက်တွင် သူမကြားခဲ့ရတဲ့ စကားကို တွေးလိုက်မိတယ်— အဲ့တာက လုလင်းယွမ်ကိုပြောတာများဖြစ်နိုင်‌လား။

[T/N: recall  ပြန်ခေါ်ပေးပါရစေ ch-37 မှာ ချူယင်းကို စုန့်ယန်ချွမ်းက သူစိမ်းတွေရဲ့ အန္တရာယ်ကကင်းအောင်နေ လို့ သတိပေးခဲ့တုန်းက ချူယင်းက လုကျန်းကိုပဲ ထင်ခဲ့တာမို့ အခု သူပြောချင်ခဲ့တာက လုလင်းယွမ်ကို ပြောတာများလားလို့ တွေးလိုက်တာပါနော်]

လုကျန်းရဲ့ဦးလေးက ဒီရှုပ်ထွေးတဲ့ဆက်ဆံရေးထဲမှာ ဘယ်အပိုင်းကဏ္ဍကနေ ဝင်ကနေခဲ့သလဲ?

နားလည်ရခက်တဲ့ ရှေ့ဖြစ်မကောင်းနိမိတ်လိုလိုအသိက  သူမရဲ့စိတ်ထဲ တလိပ်လိပ်ထိုးတက်လာသည်။  သူမရဲ့အရင်ဘဝတုန်းက နေထိုင်ခဲ့ရတဲ့ ကမ္ဘာကြီးနဲ့ ဒီဘဝက လုံးဝကို ကွဲပြားနေနိုင်တာပဲလို့ သဘောပေါက်သွားလေသည်။

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now