《51.1》

2.5K 388 18
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 51 (1)

လူငယ်လေးဟာ ဝိုးတိုးဝါးတား ပြောလာလေသည်။

သူ သူမရဲ့အတိတ်ကို သိတယ်။ ဘယ်သူမှ နားမလည်နိုင်တဲ့ သူမရဲ့ အကြောင်းတွေ အားလုံး သူ အကုန်သိတယ်။

ကိုယ်တို့ကြားက ချစ်ခြင်းမုန်းခြင်းတရားက အားပြင်းလွန်းလှတယ်။ ဘယ်သူကမှ ကိုယ်တို့လောက် နက်နက်ရှိုင်းရှိုင်းဆက်နွှယ်နိုင်ကြလိမ့်မှာမဟုတ်ဘူး။

ဒါကြောင့်မလို့ မင်း ဘယ်သူ့ကိုမှ  မကြည့်ပါနဲ့လား။

ချူယင်းရဲ့ ခြေလှမ်းတွေက ချက်ချင်း ရပ်သွားတယ်။

လုကျန်းက သက်ပြင်းပြင်းတစ်ချက် ရှုရှိုက်မိလိုက်သည်။

မနာလိုစိတ်က လူတစ်ယောက်ကို ကန်းသွားစေနိုင်တယ်။ သူ သူမကို ဒီလို စောစောစီးစီး  ထုတ်မမေးချင်ခဲ့ပါဘူး။

ဒါက ဒီတိုင်း သူ့ရဲ့ ‌မသေချာ မရေရာတဲ့ ခန့်မှန်းချက်တစ်ခုသာသာပဲ။ ရုတ်တရက်ကြီး မီးလုံးပြုတ်ကျတာ၊ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတဲ့ ဓား၊ ဘတ်စကတ်ဘောလုံးကြီး ထူးထူးဆန်းဆန်းပေါက်ကွဲထွက်သွားတာ၊  ရုတ်တရက်ကွဲသွားတဲ့  မှန်တံခါး နဲ့ ကားမတော်တဆမှုတွေကနေ သူ ခန့်မှန်းကြည့်လိုက်တာပင်။ အဲ့တာတွေအားလုံးမှာ တူညီမှုတွေရှိနေတာမလို့။

ဒါပေမဲ့ လုကျန်းဟာ သူမ စွမ်းအားရဲ့အတိုင်းအတာနဲ့  သူမ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ အရာတွေကို ဘယ်လို ဘယ်ပုံနဲ့ လွှမ်းမိုးနိုင်သလဲဆိုတာ မသိဘူး။

ဒါကြောင့် သူ့မေးခွန်းက ယောင်တိယောင်ဝါးနဲ့ပင်။ အဲ့တာကို ပြန်ဖြေနိုင်မဲ့ နည်းအမျိုးမျိုးရှိတယ်။

ဒီအချိန်မှာပဲ ချူယင်းရဲ့ အတွေးကလည်း ထူးဆန်းစွာ သူနဲ့ အတူတူပင်ဖြစ်သည်။

— ခွေးကောင်က ဘာကို သတိထားမိသွားတာပါလိမ့်?? ဟုတ်တယ် မျက်နှာကျက်ကနေ ကျလာတဲ့ မီးလုံးဆိုတာက....ရင်းတော့ ရင်းနှီးနေလိမ့်မယ်။

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now