《2》

8K 1K 85
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 2— ဒုတိယအကြိမ်သတ်ဖြတ်မှု

“အားးး အားး ဓားကြီး မိုးပေါ်ကနေ ပြုတ်ကျလာတယ်!!”

“ကူညီကြပါ! အားး!”

ယခုဆို အားလုံးဟာ ဗရမ်းပတာ၊ဖရိုဖရဲတွေဖြစ်ကုန်နေကြသည်။

ကောင်းကင်ပေါ်က ကျလာတဲ့ ဓားဟာ ချွမ်ခနဲ မြည်သွားတယ်ဆိုပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ ဘယ်သူ့ကိုမှ ထိမသွားဘူး။ ဘယ်သူမဆို အဲ့တာကို အနီးကပ်သေချာကြည့်ကြည့်လိုက်မယ်ဆိုရင် ဓားရဲ့ဓားသွားက အစစ်မဟုတ်ဘူးဆိုတာ မြင်ရပေလိမ့်မည်။ မှုန်ဝါးဝါးပတ်ဝန်းကျင် အခြေအနေကြောင့်သာ ကြောက်စရာကောင်းနေတာပဲဖြစ်သည်။

လုကျန်း မျက်မှောင်ကြုတ်ကာ ဘေးပတ်ပတ်လည်ကို လိုက်လံ ကြည့်လိုက်သည်။

ကျောင်းအဆောက်အဦးထဲက ဘယ်ပြတင်းပေါက်မှလဲ ဖွင့်ထားတာမျိုးမရှိဘူး။

အဲ့တာဆိုဘယ်သူက အဲ့တာကို လှမ်းပစ်လိုက်တာလဲ?

ကျောင်းဝင်းထဲက မလှမ်းမဝေးလောက်မှာ သေးသွယ်တဲ့ ပုံရိပ်ကလေးဟာ သူမရဲ့ အကြည့်တွေ ပြန်မရုတ်သိမ်းခင်အထိ ကျောင်းဂိတ်ပေါက်ရှိရာဘက်ကို အကြာကြီးစိုက်ကြည့်နေမိ၏။

ချူယင်း သူမရဲ့ခေါင်းကို ငုံ့လိုက်ပြီး သူမနှုတ်ခမ်းထောင့်ကတော့ ကျေနပ်အားရဖွယ်အပြုံးလေးတစ်ခုဖြစ်ပေါ်သွားလေတယ်။

ရွှယ်ရှီကျီ:「Host က အရမ်းဆိုးတာပဲ! ဒါပေမဲ့ မင်းကို သိစေချင်တာကတော့ System က ဇာတ်လိုက်ကို ထိခိုက်စေအောင် လုပ်ပေးလို့ မရဘူးဆိုတာပါပဲ」

ဒါပေါ့  လုကျန်းကို တကယ်သတ်ပစ်လို့မရဘူးဆိုတာကို ချူယင်းလည်း သိတာပေါ့။ ဒါပေမဲ့ သူမရဲ့ ရည်ရွယ်ချက်ကတော့ ဖြစ်မြောက်သွားတယ်လေ။

လုကျန်းရဲ့ စရိုက်အရ သူ့ကို အန္တရာယ်‌ပေးချင်တဲ့သူတွေကိုဆို သူ့လက်ကနေ လွယ်လွယ်နဲ့ လွတ်မြောက်ခွင့်ပေးလိမ့်မှာမဟုတ်ဘူး။ အဲ့တော့ အခုချိန်တွင် သတိအနေအထားအပြည့်နဲ့ ဖြစ်နေတဲ့ အခြေအနေက ဇာတ်လမ်းရဲ့ မူရင်းပုံစံက အခုဆို ပျက်စီးသွားပြီး အရာအားလုံးက အခုကစပြီး ပြောင်းလဲသွားလိမ့်မယ်။

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now