《44.3》

2.7K 497 14
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 44 – အရှက်မရှိ (3)

ချူယင်းက တွန်းထုတ်လိုက်တယ်။
“နင်ဘာလုပ်တာလဲ ငါ မသွားဘူး”

သူမရဲ့ဆံပင်ဟာ စိုရွှဲပြီး ရှုပ်ပွနေလေသည်။ သူမရဲ့ဒီလိုပုံစံကို ဘယ်သူ့ကိုမှ အမြင်မခံချင်ဘူး။

ပြီးတော့  သူ့အဝတ်တွေ ခြုံထားတဲ့ သူမကို  လူတွေ မမြင်သွားစေချင်ဘူး။ တကယ်လို့သာ မြင်သွားခဲ့တယ်ဆိုရင် သူမ အဲ့ဒီလူတွေဆီကနေ ထပ်အနိုင်ကျင့်ခံရဦးမှာပဲ။

လုကျန်းဟာ သူ့ခေါင်းကို ငုံ့လာကာ သူ့စိတ်ကိုယ်သူ တည်ငြိမ်သွားအောင် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်၏။  နောက်ဆုံးတွင် သူ မော့လာပြီးတော့ သူ့လေသံကအနည်းငယ်ခက်ထန်နေလေသည်။

—“ဘယ်သူက မင်းကို ဒီလိုလုပ်ခဲ့တာလဲ ဘယ်ကောင်  မင်းကို ရေနဲ့ပက်ခဲ့တာလဲ”

ချူယင်း ကြက်သေ သေမိသွားတယ်။

လုကျန်းက လုံးဝ အတည်ကြီးကိုဖြစ်နေလေသည်။ ချူယင်းဟာ သူ့ဘာသာသူ မထသေးတာမလို့ သူက သူမကို ‌ထူဖို့ လက်ကို ဆန့်ထုတ်လာသည်။

ချူယင်း  ကြမ်းပြင်ပေါ်ကနေ  ထလိုက်ကာ မမျှော်လင့်ထားစွာ  ရှုပ်ထွေးနေတဲ့အရိပ်အယောင်လေးပြနေ‌၏။

လုကျန်းရဲ့အသံက နည်းနည်း တိုးလိုက်သည်။ သူ သူမရဲ့စိုစွတ်နေတဲ့ နဖူး‌ပေါ်က ဖရိုဖရုဲကျနေတဲ့ ဆံပင်တွေကို သပ်တင်ပေးလိုက်ကာ ကုတ်အင်္ကျီကို တင်းတင်းပတ်ပေးထားပြီး သူမကို တိုးတိုးလေးကပ်ပြောလာသည်။

“ကိုယ်နဲ့အတူ သွားကြစို့‌ နော်?”

ချူယင်းက မလှုပ်သေး။

“ချူယင်း” လုကျန်း သူမကို ကြည့်ဖို့ မျက်လွှာလေးကို ချလာကာ “မင်း ဘာကို ကြောက်နေတာလဲ..ဟင်”

“ဘယ်သူက ကြောက်နေလို့လဲ ငါမကြောက်ပါဘူး” ချူယင်းဟာ ရေခဲရေကြောင့် အအေးမိနေပြီဖြစ်သည်။ သူမ အနည်းငယ်နှာသံပေါက်နေကာ ပြောလာ၏။

“သူတို့တွေက  နင့်ကြောင့်မို့  ငါ့ကို ဒီလိုလုပ်‌ကြတာလေ ဒါပေမဲ့ နင်က ငါ့ကို ဒီလိုကြီးလာခေါ်တော့...”

17 နှစ်အရွယ်ကောင်မလေးဟာ မော့ပြီးကြည့်လာသည်။ သူမဘာသာ အခက်တွေ့နေတယ်ဆိုရင်တောင်မှ ကြယ်လေးတစ်ပွင့်လို လင်းလက် ဖြူစင်နေလေသည်။ 

လုကျန်း သူမကို အချိန်တော်တော်ကြာ အလေးအနက်ကို ကြည့်နေမိတယ်။ သူ့ခေါင်းငုံ့ချလိုက်ပြီး ဆဲရေးလိုက်၏။ သူ့လေသံကအနည်းငယ် လည်ချောင်းသံပါနေတယ်။

“ဒါဆို မင်းကိုယ့်ကို ဘာလုပ်စေချင်နေတာလဲ”

“ငါ ဘယ်သူ့အကာအကွယ်ကိုမှ မလိုအပ်ဘူး အထူးသဖြင့် နင့်ဆီက လုကျန်း — တစ်နေ့ကျရင် ငါ့ဘာသာငါ လုံလုံလောက်လောက် သန်မာလာလိမ့်မယ် နင်ယုံယုံ မယုံယုံ”

တစ်နေ့ကျရင်—

ကားနောက်ခန်းက ထိုင်ခုံတွင် မှီနေရင်း ရုတ်တရက် သူ့မျက်လုံးတွေ ပွင့်လာခဲ့သည်။

အဲ့ဒီအချိန်တုန်းက ပြောသာပြောခဲ့တာ သူမမှာ ဘာယုံကြည်ချက်မှမရှိခဲ့ဘူး။ သူမ ‘တစ်နေ့ကျရင်’ ဆိုတဲ့စကားစုကိုသာ သုံးပြီး ကိုယ်ရည်သွေးခဲ့တယ်။  အဲ့လို တကယ်ဖြစ်လာနိုင်ဖို့ တစ်ဘဝစာတောင် အချိန်ယူခဲ့ရတာပဲ။

အိမ်မက်ရဲ့အဆုံးတွင် မဆင်မခြင်လုပ်တတ်တဲ့ ဆယ်ကျော်သက်လူငယ်လေးကနေ တစ်ပါးသူအပေါ်ယုံမှားသံသယလွန်ကဲလွန်းတဲ့ လူတစ်ယောက်အထိဖြစ်လာခဲ့တာပဲ။

သူဟာ တစ်ယူသန်လွန်းတဲ့သူတစ်ယောက်လို   ထပ်ခါတလဲလဲပြောပြီး သူမရဲ့နားနဲ့ မဆန့်အောင် ခဏခဏ  ကြားခဲ့ရတာတွေက  “မသွားရဘူး ထားသွားဖို့ မစဉ်းစားနဲ့...” ချည်းပင်။

သူ့အသံက အက်ရှရှနှင့်။  ကြားရတဲ့သူနဲ့ ပြောတဲ့သူထဲမှာ ဘယ်သူကပိုပြီး ထင်ရာစိုင်းနေမိသလဲဆိုတာ  ခဏလောက်တော့ သူမ  မခွဲခြားနိုင်တော့ပေ။ 

—ချူယင်း နောက်ထပ်ဘာကိုမှ ‌သတိမရဖို့သာ ရွေးချယ်လိုက်တယ်။

ကြာလေ အမှတ်ရလေလေ သည်းမခံနိုင်လေလေဖြစ်လာသည်။

စိတ်အားထက်သန်တဲ့ ဆယ်ကျော်သက်ကောင်လေးက သူမလွတ်လပ်ခွင့်တွေရဲ့ လူသတ်သမားတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက စိတ်ကူးကြည့်မိမှာတုန်း။

ချူယင်း သူမရဲ့ မျက်တောင်ရှည်ရှည်တို့ကို မှိတ်ချလိုက်တယ်။

ဒီဘဝမှာ အရာအားလုံးက ကွဲပြားတယ်။အခုလုကျန်းကလည်း သူမရဲ့အရင်ဘဝကနဲ့ သိပ်မတူပေ။ 

ဒါပေမဲ့ သူမသိပါတယ်။ ပြောင်းလဲသွားတာလုကျန်းမဟုတ်ဘဲ သူမဆိုတာကိုပေါ့။ 

သူမ ပြောင်းလဲမှုတစ်ခုဖြစ်လာအောင်လုပ်ခဲ့ရတယ်။

လုကျန်းရဲ့ ပြုမူပုံက ပြောင်းလဲခဲ့တယ်ဆိုရင်တောင်မှ သူမ တုန်မလှုပ်သွားသင့်ဘူး။

သူ သူမကို လာမနှောင့်ယှက်ဘူးဆိုမှတော့ သူမအနေနဲ့ စာကို အေးအေးချမ်းချမ်းနဲ့ လုပ်နိုင်ပြီဖြစ်သည်။ ရက်အတော်ကြာ တခြားအရာတွေအကြောင်း မတွေးခဲ့ဘူး။

ဘဝကြီးက ဒီတိုင်းဆက်သွားမယ်ဆိုရင် အတော်လေးကောင်းလိမ့်မယ်လို့ ထင်တာပဲ။

ကံမကောင်းစွာနဲ့ပဲ ‌အဲ့နေ့ကျောင်းဆင်းတော့ ပေ့ဇီယင်က ကျောင်းဂိတ်ပေါက်ဝမှာ ထပ်ပေါ်လာပြန်သည်။ ချူယင်းဟာ ဒီကမ္ဘာက အရင်ကမ္ဘာပဲဆိုတာ သိပေမဲ့ အမြဲလိုလိုကို ထူးဆန်းတဲ့လူတွေ ပေါ်ပေါ်လာလေသည်။

ပေ့ဇီယင်က ချူယင်းဆီကို လာတဲ့အခေါက်တိုင်း  sports car တွေ ပြောင်းပြောင်းပြီးစီးလာသည်။— ကဏ္ဍပေါင်းစုံမှာ သူဟာ ထူးချွန်ပြောင်မြောက်လှပါတယ်ဆိုတာကို ပြသဖို့ရန် ဝမ်းနည်းစရာကောင်းစွာပြသနေ‌၏။

ချူယင်း သူမရဲ့ ကျောင်းလွယ်အိတ်ကို လွယ်လိုက်ရင်း သက်ပြင်းချလိုက်မိသည်။ ငါတကယ် တစ်ယောက်ယောက်ကို ရိုက်ချင်နေတယ်။

လုကျန်းကလည်း အနောက်ကလိုက်လာရင်း ကျောင်းအဆောက်အဦးကနေ ထွက်လာတော့ သူ အနှီမြင်ကွင်းကိုမြင်လိုက်ရသည်။

ချူယင်းရဲ့ မျက်နှာဖြူဖြူလေးက တင်းမာနေပြီး စိတ်အိုက်နေ‌ပုံပေါက်သည်။ တောက်ပ‌တဲ့ ညနေနေဝင်ဆည်းဆာရောင်အောက်တွင် ရပ်နေလျက် သူမရှေ့ကကောင်လေးက လက်ယမ်းပြနေလေသည်။

လုကျန်းဟာ သူမရဲ့ရှေ့က လူက ဟိုနေ့က ဓာတ်ပုံထဲက သူဆိုတာ တစ်ချက်ကြည့်ရုံနဲ့ အတပ်သိနိုင်တယ်။

အဲ့ဒီအချိန်တုန်းက သူက ချူယင်းအနားကို အရမ်းကို ကပ်ပြီးထိုင်နေခဲ့တာလေ။

လုကျန်းရဲ့ မျက်ဆံဟာ  ဖြည်းဖြည်းချင်း နက်မှောင်လာသည်။


ဂနာမငြိမ်မှုတစ်မျိုးက သူ့နှလုံးသားထဲကနေ ရုတ်တရက် ထကြွလာပြီး သူ့ရဲ့ အနက်ရင့်ရင့် မျက်ဝန်းတို့တွင် အမျက်ဒေါသမီး တောက်လောင်စေလေသည်။

အဲ့ဒီနေ့ညက ခံစားခဲ့ရတဲ့ နာကျင်မှုနဲ့ အခုဟာက ကွဲပြား‌တယ်။

အဲ့အချိနိက သူဖွင့်ပြောခဲ့တဲ့ အခိုက်အတန့်ကို  ဘယ်သူမှ မသိကြဘူး။ ဒါဟာ သူမနဲ့ သူရဲ့ ကြားထဲက လျှို့ဝှက်ထားကြတဲ့ ဆက်သွယ်မှုလေးတစ်ခု ပင်။ သူခံစားရတာ နာကျင်မှုဆိုရင်တောင်မှ အဲ့တာအားလုံးသူ့အပိုင်ပင်။

သူမက သူ့ကို စပ်ဆုပ်စရာကောင်းတယ်လို့ တွေးနေတယ်ဆိုရင်တောင် သူ ဂရုမစိုက်ဘူး။

သူမ သူ့ကို မကြိုက်ဘူးဆိုရင်တောင်မှပေါ့...

ချူယင်းရဲ့ မနှစ်သက်မုန်းတီးမှုတွေက သူ့အတွက်ပဲ ဖြစ်ရမယ်။ အဲ့တာကို တခြားဘယ်သူနဲ့မှ မဝေမျှနိုင်ဘူး။

...

ချူယင်းဟာ ပေ့ဇီယင်ရဲ့ ဇွဲမလျှော့တဲ့ လုပ်ရပ်ကြောင့် အတော်လေးစိတ်ညစ်မိသွားတယ်။

“ငါ့မှာ နင့်ကို ဘာပြောစရာစကားမှမရှိပါဘူး ငါစာလေးပဲ လုပ်ချင်မိတာပါ”

ပေ့ဇီယင်: “ကိုယ့်မှာမင်းသဘောမကျတဲ့ စရိုက်မျိုးတွေရှိနေလို့လား မင်းရဲ့ အတန်းဖော်တွေက ဒီကျောင်းမှာ ကိုယ့်ထက်သာတဲ့ ကျောင်းသားတွေ အများကြီးပဲရှိတယ်လို့ ပြောကြတယ် ဘယ်ရှုထောင့်ကနေကြည့်တာလဲ ကိုယ်—”

သူ့စကားပြောလို့မဆုံးသေးခင်မှာပဲ  ရုတ်တရက်သူ့ကော်လာကနေ ဆွဲပြီး နောက်ပြန် ဆွဲခေါ်တာကို ခံလိုက်ရတယ်။

ပေ့ဇီယင်ရင် “ဘာလားဟ” ဆိုတာ ထုတ်ပြောမိလိုက်ပြီး ဆောင့်တွန်းဖို့ ပြင်လိုက်တယ်။ သူလှည့်ပြီး “မင်းမေ-ိုး” ဆိုပြီး ‌ဆဲရေးမလို့ပြင်နေတုန်း  —

လုကျန်းနဲ့ အကြည့်ချင်း ဆုံသွားလေသည်။

ပေ့ဇီယင်ရဲ့ အသံက ရုတ်တရက် သူ့လည်ချောင်းထဲ ဆို့နင့်သွားကာ — လု လုကျန်း?!

သူဘယ်သူ့ကိုမဆို အော်ဟစ်ပစ်လိုက်ရဲတယ် အဲ့ဒီလုကျန်းကလွဲပြီးတော့ပေါ့။ ပေ့မိသားစုရဲ့ စားဝတ်နေရေးက လုမိသားစုနဲ့ မကင်းဘူး။

ပေ့ဇီယင်ရဲ့အသံက  ကိုးရိုးကားရားနဲ့ ပါးစပ်ဖျားထောင့်စွန်းနားကနေ ထွက်လာတော့ ခြောက်ကပ်ကပ်အပြုံးလေးပေးလိုက်၏။

“ဒါ... ကျန်းကောပါလား ကျွန်တော် ကောအတွက် လုပ်ပေးဖို့လိုတာ တခုခုများရှိလို့လား”

လုကျန်းရဲ့ရေခဲတမျှ အေးစက်စက်အသံက ထွက်ပေါ်လာသည်။ “တစ်ခုခု..”

ပေ့ဇီယင်က လုကျန်းကိုရှေ့မှာ အသုံးမကျတဲ့ပုံပေါက်နေ၏။  သူ လုကျန်းကို စိတ်အနှောင့်အယှက်ပေးမိတာမျိုး ရှိလားဆိုတာ တွေးနေရင်း သူ့နောက်ကျောကနေ တစိမ့်စိမ့်အေးလာ‌သလိုခံစားရတယ်။

ဒါပေမဲ့ လုကျန်းရဲ့စူးရှရှအကြည့်အောက်မှာ သူ ဘာတစ်ခွန်းမှကို မပြောရဲတော့။ သူ့ sports car ထဲကို ပြေးဝင်လိုက်ပြီး မောင်းသာ ထွက်သွားလိုက်တော့တယ်။


“…”  ချူယင်းကလည်း ထွက်သွားချင်နေပြီဖြစ်တယ်။

လုကျန်းဖွင့်ပြောတာကို ငြင်းလိုက်ပြီးနောက် ဒါက သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်မိတာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

လူငယ်လေးရဲ့ အမူအရာက မလန်းမဆန်းနှင့်အနည်းငယ်မှိုင်းထိုင်းနေတယ်။ သူ့ကြည့်ရတာ အခုတလော ကောင်းကောင်းမအိပ်ရတဲ့ပုံပေါက်နေသည်။

ချူယင်းစိုက်ကြည့်တာကို ခံလိုက်ရတော့ လုကျန်းရဲ့နှလုံးသားဟာ မချုပ်တည်းနိုင်အောင် တဖန်ပြန်ပြီးထိန်းမနိုင်သိမ်းမနိုင်ခုန်ပေါက်လာသည်။

တစ်ပိုင်းတစ်စ အိမ်မက်များနဲ့ လက်တွေ့ဘဝက ရောထွေးနေလေသည်။ သူ့အာရုံကြောတွေကို ဓားတစ်ချောင်းနဲ့ ဖြတ်တောက်နေတာခံရသလို ခံစားနေမိတယ်။ သူ့ဦးနှောက်က ပင်ပန်းနာကျင်နေသော်လည်း သူ့ကိုယ်သူ အတင်းပြုံးယူထားမိ၏။ “တောင်းပန်တယ်နော်”

သဝန်တိုမိတာက ရုပ်ပျက်လွန်းတယ်။ ဒါပေမဲ့ သူ့ကိုယ်သူလည်း မထိန်းနိုင်ခဲ့ပါဘူး။

ချူယင်း သူ့ကို မျက်မှောင်ကြုံ့ပြီးကြည့်လိုက်တော့တယ်။

သူမဟာ ဘာလို့မှန်းတော့မသိပေမဲ့ လုကျန်းတစ်ခုခုဖြစ်နေတယ်ဆိုတာကို စိတ်ထဲကနေ ဝိုးတိုးဝါးတားခံစားမိနေရတယ်။

လုကျန်းရဲ့ စိတ်က စပြီးကသိကအောက်ဖြစ်လာကာ သူ့လက်ချောင်းထိပ်တို့ အနည်းငယ် တုန်ယင်လာတယ်။  သူ တစ်စုံတစ်ခုကို အတည်ပြုချင်မိတယ်။

“ချူယင်း”

လုကျန်း သူမရဲ့နာမည်ကို တိုးတီးရေရွတ်လာတယ်။ အဲ့နောက် သူ့လက်ကို မြှောက်ကာ လက်ဖဝါးကို ဖြန့်ပြလာ၏။

နောက်က ညနေခင်းဆည်းဆာရောင်အောက်တွင် သူ့လက်ဖဝါးထဲက သကြားလုံးလေးနှစ်လုံးက ထင်းနေတယ်။ 

စတော်ဘယ်ရီအရသာ သကြားလုံးလေး တစ်ခုရယ်နှင့် အုန်းသီးအရသာ တစ်ခု ပင်။

အခုလက်ရှိ သူတို့ရဲ့ ‘လက်တွေ့ဘဝ’ တွင်မူ သူဟာ ချူယင်းရဲ့ အကြိုက်ကို မသိသေးပေ။

သို့သော် သူ့အိမ်မက်ထဲက အိမ်မက်အစအန တွေထဲကအရ “သူ”ဟာ ချူယင်းက အုန်းသီးအရသာရှိတဲ့ အရာမျိုးတွေကို ကြိုက်တယ်ဆိုတာကို သိလေသည်။

လုကျန်းဟာ အတော်ကြီးကို သိချင်နေခဲ့မိတယ်။တကယ်ပဲ အဲ့ဒီ မှတ်ဉာဏ်တွေက အစစ်အမှန်ဖြစ်နေမလားဆိုတာကိုပေါ့။

(အိမ်မက်ထဲအရ)သူ့ရဲ့ နာကျင်မှုနဲ့ နောင်တတွေက တကယ်အမှန်တွေ ဖြစ်နေမယ်ဆိုရင်တောင်မှပဲ။

ချူယင်း သူ့ရဲ့ ရည်ရွယ်ချက်ကို လုံးဝမခန့်မှန်းနိုင်တော့ဘူး။ သူမရဲ့အနုစိတ်လှတဲ့ မျက်ခုံးများ ကြုံ့သွားကာ “ငါမလိုချင်ဘူး”

လုကျန်းဟာ သူ့ရဲ့အရူးအမူးချုပ်တည်းထားရတဲ့ စိတ်ခံစားချက်တွေကို တင်းတင်းကျပ်ကျပ် ဖုံးထားနေရသည်။ သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်ကာ

“မရဘူး”

ချူယင်း စိတ်ရှုပ်သွားကာပြောလိုက်၏။ “လုကျန်း နင် အရှက်မရှိဘူးလား”

“မရှိဘူး” လုကျန်း ရယ်လိုက်တယ်။ သူ့အသံက ထိန်းမထားနိုင်စွာ တုန်ရီနေသည်။ “စတော်ဘယ်ရီလား အုန်းသီးလား  တစ်ခုရွေးပြီးမှသွား”

ယူရမှာ အဲ့ဒီစောက်ကျိုးနည်း တစ်ခုတည်းကိုပါပဲ။

ချူယင်း သူ့ကို စိုက်ကြည့်ကာ ဘုဆတ်ဆတ်နဲ့ သကြားလုံးတစ်ခု လှမ်းယူလိုက်၏။

“ရပြီမလား”

လုကျန်း မျက်လွှာချကာ သူ့လက်ဖဝါးထဲမှာကျန်ခဲ့တဲ့ စတော်ဘယ်ရီအရသာ သကြားလုံးလေးကို ကြည့်နေမိတယ်။

သူ့မျက်လုံးတွေ နီရဲလာပြီး သကြားလုံးကို ဖြည်းဖြည်းချင်း ဆုပ်ထားလိုက်ကာ  “အင်း...ရပြီ”


Thanks for READING 🩵

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now