《48.2》

2.5K 407 19
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 48 – (2)

မဖြစ်ဘူး မဖြစ်သင့်ဘူး ‌သိပ်နောက်မကျသေးဘူး  အခုကစပြီး သူ စာကြိုးစားသင့်နေပြီ!

ချူယင်း ပြောတာကို ကြားလိုက်ရပြီးနောက် ကျောင်းသားကျောင်းသူ အားလုံး အရှက်ရကုန်ကြတယ်။

စာလုပ်ကြရအောင် ကျယ်ကျဲနဲ့ ထိုက်တန်ဖို့အတွက် စာကြိုးစားရမယ်!

နောင်ကျရင် သူတို့ဟာ  Q တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ မအောင်မြင်ဘူးဆိုရင် ချူယင်းအား ချစ်ခွင့်ပန်ဖို့တောင် မထိုက်တန်ပေ!

တစ်တန်းလုံး အထူးသဖြင့် ယောက်ျားလေးတွေဟာ ရုတ်တရက် စာလေ့လာဖို့ စိတ်အားတွေ ထက်သန်လာကြတယ်။

ချူယင်း သက်ပြင်းတစ်ချက်ချလိုက်ကာ သူ့နေရာသူ ထိုင်ပြီး မှတ်စုစာအုပ်ကို ကောက်ကိုင်ကာ သူ့စိတ်တည်ငြိမ်အောင် သင်္ချာ မေးခွန်းတွေ ထိုင်တွက်နေလိုက်တယ်။

ခဏလောက်နေတော့ စုန့်ကျောက်လင်ဟာ စာအုပ်ကနေ ခေါင်းထောင်လာ‌ကာ   တိုးတိုးတိတ်တိတ်မေးလာသည်။

“ယင်းကျဲ ယင်းကျဲကြည့်ရတာ ‌ဝေ့ဟယ်မင်ကို သိပ်ကြိုက်တဲ့ပုံမပေါ်ဘူးနော် ပြီးတော့ ကျန်းကောကိုလည်း မကြိုက်ဘူး  ..”

ချူယင်းရဲ့ မျက်ခုံးက အနည်းငယ် တွန့်သွားတယ်။

စုန့်ကျောက်လင်က အတယ်ဆိုပေမဲ့ လုံးဝကြီး တုံးနေတာမျိုးတော့ မဟုတ်ဘူးပဲ။ ဒီအခြေအနေကို ချက်ဆိုနားခွက်ကမီးတောက် ဒက်ခနဲ သိတဲ့သူပဲ။

အဲ့အတွေးက သူမရဲ့စိတ်ထဲ ဖြတ်ပြေးလာတယ်။ အဲ့နောက် စုန့်ကျောက်လင်ရဲ့ ရှက်တက်တက်လေသံလေးနဲ့ တွန့်ဆုတ်နေစွာ မေးလာတာကို ကြားလိုက်ရတယ်။

“ဒါဆို အစ်မ ကျွန်တော့်ကိုရော?!”

ချူယင်း: “...”

သူမှားသွားတယ် ဒီသားက တကယ် ငတုံးပဲ—!!!

“လစ်စမ်း!”

သားအဖ ဆက်ဆံရေးက ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး   ပေါက်တယ်နော် ! ဘယ်တော့မှပဲ!

အဲ့ဒီနေ့ကစပြီး လုမိသားစုရဲ့ သခင်ငယ်လေးက အရင်ကထက် ပိုပြီး လုံ့လဝီရိယ ရှိပြီးကြိုးစားလာသည်။

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now