《17》

6.8K 914 148
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】


Chapter 17 - ကာကွယ်စောင့်ရှောက်ပေးမဲ့ သူရဲကောင်း

“စုန့်ကျောက်လင် မင်းအရှက်မဲ့လှချည်လား!!”

“ပြိုင်ပွဲမှာ မင်းရဲ့နာမည်ကို လဲပစ်တာကို ရှက်ရကောင်းမှန်းသိရဲ့လား!!”

“Selection ထဲမှာ မင်းနာမည်ကြီးကရှိနေတာပေါ့လေ!!! ကျောင်းအလှပန်းလေး ဘွဲ့  ရဖို့ကိုအတော်လေးစိတ်အားထက်သန်နေတာလား”

အဲ့ဒီနေ့ညတွင် သူ့အတန်းဖော်တွေနဲ့သူငယ်ချင်းတွေဆီကနေ ရိုက်ခတ်ပြောဆိုမှုတွေကြောင့် စုန့်ကျောက်လင်ရဲ့ မိုဘိုင်းဖုန်းဟာ တတီတီနဲ့ ကို အဆက်မပြတ်မြည်နေခဲ့သည်။

သူအတော်လေးစိတ်ရှုပ်သွားခဲ့တယ်။
ငါ့နာမည်ကို လဲယူခဲ့တယ်တဲ့လား ငါမဟုတ်ဘူးလေကွာ မလုပ်ခဲ့ပါဘူးဟ။

စုန့်ကျောက်လင်ကလည်း ကျောင်းသားကျောင်းသူများကြား ပေါ်ပြူလာဖြစ်ပြီး နာမည်ကြီးတယ်။
သူဟာ ချမ်းသာတဲ့မိသားစုကကလေးတွေ‌ရော၊သာမန်လူတန်းစားမိသားစုကကလေးတွေ နှစ်ခုစလုံးနဲ့ပါ တန်းတူပေါင်းသင်းဆက်ဆံတဲ့သူမျိုးပင်။ ဒါကြောင့် သူအနိုင်ရရှိသွားတဲ့သတင်းဟာ သူတို့ဖုန်းထဲကိုရောက်လာတာနဲ့ လူအုပ်လိုက်ကြီးဟာ သူ့ကို မက်ဆေ့ခ်ျတွေ‌ပို့ကာ သူ့ကိစ္စနဲ့ပတ်သက်ပြီးဝိုင်းစကြကုန်၏။

ဒီနှစ်ရဲ့ ကျောင်းအလှပန်းလေးအဖြစ် ကြီးကျယ်ခမ်းနားစွာရွေးချယ်ခြင်းခံလိုက်ရတဲ့ စုန့်ကျောက်လင်ကတော့ အချိန်အကြာကြီး အံ့အားသင့်ကာ ကြက်သေ သေနေမိတော့သည်။

အဲ့‌ဒီနောက် သူ့ကိုယ်သူ မှန်ထဲသွားကြည့်ကာ သူ့ရဲ့အတော်လေးကိုလက်ရာမြောက်တဲ့ မျက်ဝန်းလေးကို စိုက်ကြည့်နေမိသည်။ သူ ရှိုးတိုးရှန်းတန့်နဲ့ တွေးမိလိုက်တယ်။

‘သေရော ငါ တကယ်ပဲ ယင်းကျဲကို ရိုက်ချမိပြီလား’

အတွေးတွေနစ်မျောပြီးသိပ်မကြာခင်မှာပဲ သူ့ပါးသူ ဖတ်ခနဲရိုက်လိုက်သည်။

“မင်းတော့ ပါးချခံရဖို့ပဲတန်တယ်”

ငါက ယင်းကျဲရဲ့အလှနဲ့ မယှဉ်နိုင်ဘူးလေ။

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now