【𝖴𝖭𝖨𝖢𝖮𝖣𝖤】
Chapter 28 – လာလေ!!
လုကျန်းတစ်ယောက် လက်ဆောင်ရဲ့အဓိပ္ပာယ်ကို တွေးနေမိတယ်။ သော့သုံးချောင်းကို ငုံ့ကြည့်လိုက်သည်။ ပထမဆုံး ပစ္စည်းကို စစ်ဆေးကြည့်လိုက်သည်။
ဒါ ငွေလား ပလက်တီနမ်လား
လုကျန်း အဲ့တာကို ဂရုတစိုက်နဲ့အပြန်ပြန်အလှန်လှန်ကြည့်လိုက်သည်။ အဲ့နောက် သူ့လက်ချောင်းထိပ်ကလေးက သံချေးအနံ့ကိုရလိုက်တယ်။
အိုး...ဒါ သံနဲ့လုပ်ထားတာပဲ။
လုကျန်းသူ့လက်နှစ်ဖက်ကိုပိုက်လျက်အနေအထားနှင့် ဆက်ပြီးစဉ်းစားနေရင်း သူ့မျက်နှာထားဟာ တည်ငြိမ်နေလေသည်။
အတော်ကြာကြာ ဟိုတွေးဒီတွေးနဲ့လျှောက်စဉ်းစားပြီးနောက် သော့သုံးချောင်းကို ဂရုတစိုက်လေးထည့်သိမ်းထားလိုက်ပြီး အကူအညီတောင်းဖို့ဆုံးဖြတ်လိုက်သည်။ သူ ထန်ခယ်ဘက်ကိုလှည့်လိုက်သည်။
“ဘာဖြစ်လို့လဲ ကျန်းကော ” ထန်ခယ်က ဂိမ်းကစားနေရင်း သူ့ခေါင်းကိုမော့ကြည့်လာသည်။
လုကျန်းကမေးလိုက်သည်။
“တကယ်လို့ တစ်ယောက်ယောက်က မင်းကို သော့တချောင်းပေးလာခဲ့မယ်ဆိုရင်ကွာ...”
ထန်ခယ့်က သူ့စကားကိုစောင့်နားထောင်နေကာ:“–ပြီးတော့ရော?”
လုကျန်းကသူ့ကိုကြည့်လိုက်ပြီး“အဲ့တာက ဘာအဓိပ္ပာယ်လဲ”
ထန်ခယ်ဟာ ဒါကြီးက ယုတ္တိမရှိသလိုခံစားနေမိသည်။
“သော့ချောင်းပေးတယ်?? အစ်ကိုဘာကိုဆိုလိုချင်တာလဲ? အဲ့တာနဲ့ ပတ်သက်ပြီး ထူးခြားတာတခုခုရှိလား”
လုကျန်း သက်ပြင်းခပ်ဖွဖွချလိုက်သည်။ ထားလိုက်ပါတော့။
သူအဲ့အကြောင်းကိုတွေးလိုက်ပြီး ဖုန်းကိုထုတ်ကာ Baidu မှာ “လက်ဆောင်အဖြစ်သော့ကိုလက်ခံရရှိခြင်းရဲ့အဓိပ္ပာယ်” ဆိုပြီး ရိုက်ရှာလိုက်သည်။
တကယ်တော့ အဲ့ဒီမေးခွန်းကို တစ်ယောက်ယောက်ကလည်း မေးဖူးခဲ့လေသည်––
#မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို သော့ပေးတဲ့အခါ ဘာအဓိပ္ပာယ်ရလဲ_Baidu က သိတယ်#
လုကျန်းရဲ့မျက်ခုံးပင့်သွားလေသည်။ ဒီဟာပဲ။
အကောင်းဆုံးအဖြေ: မိန်းမတိုင်းက တမူထူးခြားကြတဲ့ သော့ခလောက်တစ်ခုစီဖြစ်ကြတယ်။ သူမက မင်းကို သော့တစ်ချောင်းပေးတယ်ဆိုရင် မင်းတစ်ယောက်တည်းကသာသူမရဲ့နှလုံးသားကို ဖွင့်နိုင်တယ်လို့ သူမထင်တယ်လို့ ဆိုလိုတာပါ။ သူမက မင်းအပေါ်ကို လုံးဝကိုချစ်မိသွားပါပြီ။
လုကျန်း: “…”
ဖုန်းကိုကိုင်ထားတဲ့လက်က နည်းနည်းတောင်တုန်ယင်လာလေသည်။
သူ့နှလုံးသား ထိန်းချုပ်တည်းထားလို့မရနိုင်အောင်ကိုလောင်ကျွမ်းနေပြီး ချူယင်းဟာ သူမရဲ့လက်ဆောင်က ဘယ်သူ့ဆီကိုရောက်သွားလိမ့်မလဲဆိုတာကို မသိဘူးဆိုတဲ့အချက်ကို အသိတရားပြန်ရပြီးသွားတဲ့နောက် အေးစက်သွားပြန်သည်။
လုကျန်း သူ့ရဲ့ဖုန်းကို စားပွဲခုံအောက်က အံထိုးထဲပစ်ထည့်လိုက်ကာ ထိုင်ခုံကို ကျောမှီချလိုက်သည်။
ဘယ်လိုတောင် အမှိုက်သရိုက်ဆန်လိုက်တဲ့အဖြေလဲ။
ခရစ်စမတ်သစ်ပင်ပတ်ပတ်လည်က ဆူညံသံတွေက လူတိုင်းကိုယ့်လက်ဆောင်ကိုယ်ရသွားပြီးတဲ့နောက်ဆုံးတော့ ငြိမ်ကျသွားလေသည်။ ဘယ်သူမှ မရွေးတဲ့ လက်ဆောင်တချို့ကို လုံခြုံရေးဝန်ထမါးတွေကို ဝေငှပစ်လိုက်ကြသည်။
လူတိုင်းဟာ တစ်ယောက်ချင်းစီတိုင်းရဲ့လက်ဆောင်တွေကို လိုက်ကြည့်ကြသည်။ သူတို့ရဲ့ တိတ်တခိုးချစ်ရသူတွေရဲ့လက်ဆောင်ပုံစံတွေကို သိနေကြတဲ့ကျောင်းသားတချို့က ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ ရွေးယူခဲ့ကြတာဖြစ်တယ်။ အဲ့ဒီအခိုက် ကျောင်းသားတွေက စပြီး ဆွေးနွေးခန်းဖွင့်တော့သည်။
ပျော်ရွှင်မြူးကြွနေတဲ့ရာသီကြားထဲမှာ မပျော်မရွှင်ဖြစ်နေသူမှာ အမောင်စုန့်ကျောက်လင်သာဖြစ်လေသည်။
ယင်ကျဲရဲ့လက်ဆောင်ကို သူ ရှာမတွေ့ခဲ့ဘူး။
သူ့ပတ်ပတ်လည်ကိုကြည့်လိုက်တော့ ကျန်ယန်က ချစ်ရာကောင်းတဲ့အရုပ်မလေးတစ်ရုပ်ရခဲ့ပြီး ကျောက်ယွီရှောင်းကဆို သူ့အကြိုက်ဆုံးအရုပ်ကိုရသွားတာကိုမြင်ခဲ့တယ်။ အဲ့ဒီအချိန်အတောအတွင်းမှာတော့ သူရခဲ့တဲ့လက်ဆောင်က အခန်း၃က အတန်းဖော် ယောက်ျားလေးတစ်ယောက်ဆီကနေ အရုပ်ကားတစ်ခုဖြစ်နေတယ်တဲ့လေ လုံးဝကို ရိုမန်တစ်ဆန်မနေဘူးး!!
ကံကောင်းထောက်မစွာနဲ့ ယင်ကျဲရတဲ့လက်ဆောင်ကိုမြင်လိုက်ရတဲ့နောက်မှာ သူ့အနေနဲ့ သိပ်အဆုိးဝါးဆံုးမဟုတ်ဘူးဆိုတာကိုခံစားမိလိုက်သည်။
“ဖလူးးး ဘယ်သူကများ ဗုဒ္ဓရုပ်ပွားတော်တစ်ခုကို ပေးရတာလဲ ဟားဟားဟား”
ချူယင်း အသားလွတ်တွေးလိုက်တော့သည်။
–စိတ်ဖောက်နေတဲ့အရူးတစ်ယောက်နေမှာပေါ့။
စုန့်ကျောက်လင်က အဲ့တာကို ကြည့်ရုံပဲကြည့်တာမလို့ ရွှေအစစ်ဆိုတာကိုတော့ မသိလိုက်ဘူး။ သူ့အနေနဲ့က ထူးခြားဆန်းပြားတယ်လို့ပဲ ထင်လိုက်တာဖြစ်တယ်။
“ယင်ကျဲ နာမည်ကို ကြည့်ပြီးပြီလား? ဘယ်သူပေးတာလဲ ဟားဟားဟား”
ချူယင်းကအဖက်မလုပ်တော့ဘဲပြောလိုက်သည်။
“ပုံမှန်မဟုတ်တဲ့ အလှူရှင်တစ်ယောက်ဖြစ်နိုင်တယ်”
စုန့်ကျောက်လင်က ပိုပြီးစိတ်သက်သာရာရသလိုခံစားလိုက်ပြီး သူ့ညီအစ်ကိုတွေ ဘာတွေရလဲဆိုတာကို သိရဖို့ အေးအေးလူလူထွက်သွားလိုက်သည်။ သူတို့မှာရော အံ့ဩစရာကောင်းတဲ့ကံကြမ္မာတွေများရှိနေမလား။
နိုင်ငံတကာအတန်း ထဲကိုဝင်လိုက်ပြီးနောက် လုကျန်းက အလေးအနက်စဉ်းစားဆင်ခြင်နေတဲ့ပုံစံနဲ့သူ့လက်နှစ်ဖက်ကိုပိုက်ထားတာကို သူတွေ့လိုက်ရသည်။
“ကျန်းကော လင်ဇီကို မေးလို့ရတာပဲ သူကမြည်းငတံုးပေမဲ့ အဲ့အဓိပ္ပာယ်ကိုသိချင်သိနေလောက်တယ် ဟားဟားဟား ” ဆိုပြီး ထန်ခယ်ကပြောလာသည်။
“သွားစမ်းပါ မင်းကသာ မြည်းငတုံး” စုန့်ကျောက်လင်ကရန်လှမ်းလုပ်လိုက်သည်။
လုကျန်းအနေနဲ့ စုန့်ကျောက်လင်အပေါ်ဘာမှမမျှော်လင့်ထားပေမဲ့ ဘာမှမသိတာထက်စာရင်ပိုကောင်းတာမလို့ သူမေးလိုက်မိသေးသည်။
“သော့သုံးချောင်းေပးတာက ဘာအဓိပ္ပာယ်ရလဲ”
စုန့်ကျောက်လင်က “အာ” ဟုဆိုပြီးနောက်ရယ်မောလိုက်သည်။
“ဆယ်ယွမ်ကို သော့သုံးချောင်း ဘယ်လောက်များနင်နဲ့လိုက်ဖက်လို့လဲ ”
[T/N: ဒါကိုရှေ့အပိုင်းက note မှာရှင်းပြထားပြီးပြီနော် တူလို့လားတန်လို့လားမေးတဲ့သဘောပါပဲ]
ထန်ခယ့်ရဲ့ မျက်နှာက ဆိုးဝါးသွားလေသည်။
လုကျန်း:“......”
ငါလူးတဲ့မှ။
ကိစ္စမရှိပါဘူး။
အဲ့တာက ဘယ်လို အဓိပ္ပာယ်ပဲရရ သော့တွေက သူ့ဟာပဲဖြစ်တယ်။
ချူယင်းက သူ့ကိုပေးခဲ့တာလေ။
စုန့်ကျောက်လင်နဲ့ ထန်ခယ်တို့က ခဏလောက်စကားများဖိုက်နေကြပြီး လုကျန်းရဲ့ ရှေ့စားပွဲခံုပေါ်ကိုမှောက်ချကာ ပုံကြီးချဲ့ပြီးငိုချလေသည်။
“ဝူးဝူးဝူးဝူး ငါဘာဖြစ်လို့များ ငါ့ deskmate ကလေးရဲ့ လက်ဆောင်ကို မရခဲ့ရတာလဲ ငါ့ရဲ့ကွတ်ကီးလေးတွေ အားး”
ထန်ခယ့်က ရယ်လေသည်။
“မင်းမှာဘယ်လိုလုပ်အခွင့်အရေးရှိမှာလဲ ကျောင်းသားတော်တော်များများကလည်း သူမရဲ့လက်ဆောင်ကိုလိုချင်နေကြတဲ့ဟာကို”
လုကျန်းရဲ့ မျက်ခုံးက ရုတ်ချည်းပင့်တက်သွားတယ်။
“မင်းပြောတဲ့ သူမရဲ့ လက်ဆောင်က ဘာတဲ့လဲ”
စုန့်ကျောက်လင်: “ကွတ်ကီးလေးတွေလေ”
သူယူလာခဲ့တာက ချူယင်းရဲ့လက်ဆောင်ပဲလေ။ လုံးဝမမှားဘူး သူမရဲ့နာမည်ပါ ဒီအထဲမှာပါတယ်။
လုကျန်းလည်းအစက သူမကိုယ်တိုင်လုပ်ထားတဲ့ ကွတ်ကီးလေးတွေထည့်ထားလိမ့်မယ်လို့တွေးထားခဲ့ပေမဲ့ ဖွင့်ကြည့်လိုက်တဲ့အခါမှာ သော့တွေဖြစ်နေလေသည်။
စုန့်ကျောက်လင်များမှားနေတာလား? ချူယင်းသာ တကယ်ပဲ ကွတ်ကီးတချို့ လက်ဆောင်ပေးဖို့စီစဉ်ထားခဲ့တာဆိုရင် ဒီလက်ဆောင်က ဘာဖြစ်သွားတာလဲ။ဒါပေမဲ့ သူမရဲ့လက်ဆောင်က ဘယ်လိုလုပ် အသစ်လဲပစ်လို့ရမှာလဲ။
လုကျန်းဟာ ချူယင်းရဲ့မထင်မရှားဘူးသေးသေးလေးကို ရှာတွေ့ရဖို့ လက်ဆောင်အပုံထဲမှာ အကြာကြီးကိုရှာခဲ့ရတာဖြစ်တယ်။
ဘယ်သူက ရာနဲ့ချီပြီးရှိတဲ့ဘူးတွေထဲကမှ ဒီဟာကို သက်သက်ရှာပြီး အထဲထဲက ပစ္စည်းကို လဲသွားမှာလဲ။
ရုတ်တရက်ပြောင်းလဲသွားနိုင်တဲ့ဖြစ်နိုင်ခြေတစ်ခုကလွဲလို့ပေါ့။
ဒါပေမဲ့ အဲ့ဒါကအဓိပ္ပာယ်မှမရှိတာ။
လုကျန်းရဲ့မျက်နှာက တိတ်ဆိတ်ငြိမ်သက်မှုကျန်ရှိနေပြီး သူ့စိတ်ထဲမှာ မသင်္ကာမှုအနည်းငယ်ပြူထွက်လာသည်။
စုန့်ကျောက်လင်က ငိုယိုပြီးတောင်စဉ်ရေမရပြောလေသည်။
“ဘယ်လိပ်မြေးကောင်က အဲ့တာကိုယူသွားမှန်း မသိလိုက်ဘူး သူအဲ့တာကို စားလို့ရသွားတာကို မနာလိုတယ်”
လိပ်မြေး ဖြစ်တဲ့သူကိုယ်တိုင်လည်း တိတ်ဆိတ်နေမိသည်။
အချိန်တော်တော်ကြာပြီးနောက် လုကျန်းသက်ပြင်းချလိုက်မိသည်။
သူလည်း အဲ့တာကို မစားရခဲ့ပါဘူး။
စုန့်ကျောက်လင်ကလည်း ဝမ်းနည်းကြေကွဲစွာ သက်ပြင်းချလိုက်သည်။
ချူယင်းရဲ့ကွတ်ကီးကို မစားလိုက်ရတဲ့ လူနှစ်ယောက်။
ဝမ်းနည်းနေ.jpg
……
ညနေခင်းတွင် ခရစ်စမတ်ပွဲလည်းပြီးဆုံးသွားချိန်တွင် တစ်နေ့လုံးကိုစိတ်လှုပ်ရှားနေခဲ့ရတဲ့ဟွေးဝမ်ကျောင်းသားတွေဟာ နောက်ဆုံးတော့ တခုခုကိုသတိရသွားကြသည်။
ဖိုရမ်ထဲမှာ ပို့စ်တခုရှိနေလေသည်။
[ဒါဆို ဘယ်သူတွေက အဲ့ဒီ အဓိကပစ်မှတ်တွေရဲ့ လက်ဆောင်တွေကို ရသွားကြတာလဲဟေး?]
ကျောင်းနတ်ဘုရား လုကျန်း။ ကျောင်းအလှပန်း...အာ မေ့လိုက်တော့ ကျောင်းအလှပန်းမဟုတ်ဘူး။ တကယ့် ကျောင်းအလှပန်းလေး ချူယင်း။ အရင်ကကျောင်းနတ်ဘုရား ကုချိုးဇယ် ပြီးတော့ တခြား ဂျူနီယာတန်းနဲ့စီနီယာတန်းက ကြယ်ပွင့်လေးတွေပေါ့။
ခဏအကြာတွင် ကျောင်းသားတွေက သူတို့ရခဲ့တဲ့ လက်ဆောင်အခိုင်အမာသက်သေပြနေရင်း ပို့စ်တွေစတင်တော့သည်။
10ထပ် : ကုချိုးဇယ်ဟာက ငါ့ဆီမှာလေ~~ စီနီယာက အရမ်း ကြင်နာတာပဲ အဲ့အပြင် ကတ်ကလေးတစ်ကတ်တောင်ထည့်ပေးထားသေး ဝူးဝူး ငါချစ်မိသွားပါပြီ~~
11ထပ် : အာ အာ အာ ငါအားကျနေပါပြီ
12ထပ်: ဒါကဘယ်ကံကောင်းမှုမျိုးလဲ
……
23ထပ်: ငါရတဲ့တစ်ခုက ချူရှီ ဆီကလေ။ လက်ဆောင်က အရမ်းလက်တွေ့ကျပြီးအသုံးဝင်တယ် ဟားဟားဟား
24ထပ် : ငါတအားတွေမနာလိုနေပြီ
25ထပ်: သူတို့လက်ဆောင်တွေမရအောင် ငါ ဘာအမှားများလုပ်ခဲ့မိလို့လဲ
နောက်ပို့စ်တွေကတော့ စီနီယာတန်းကကျဲကျဲ ချန်ယန်ဖေး နဲ့ ဂျူနီတန်းက မောင်လေး ဖုယွင်ထင်းတို့ရဲ့လက်ဆောင်ရကြောင်းပြောဆိုနေကြတာဖြစ်သည်။ ဘယ်သူကရော ရုပ်ချောတဲ့လူတွေဆီက လက်ဆောင်ကို မရချင်တဲ့ရှိမှာလဲ။ ဒါက သူတို့နဲ့ သိကျွမ်းလာစေဖို့ အံ့ဩစရာကောင်းလွန်းတဲ့ကံကြမ္မာတစ်ခုဖြစ်လာမှာပဲလေ။
ဖိုရမ်အထပ်က ၁၀၀မြောက်ပို့စ်တောင်ရောက်နေပြီ။ အဓိကပစ်မှတ်တွေရဲ့လက်ဆောင်တွေလဲ ထုတ်ဖော်ပြောဆိုကုန်ကြပေမဲ့ နာမည်ကြီးနှစ်ယောက်ရဲ့လက်ဆောင်တွေကတော့ အခုထိ အသိပေးလာခြင်းမရှိသေးဘူး။
157ထပ်: ဒါဆို ကျန်းကော ရဲ့လက်ဆောင်ကို ဘယ်သူကရသွားတာလဲ။ လျှို့ဝှက်ချက်အနေနဲ့ လျှိုထားချင်နေတာလား။
158ထပ်: မနှစ်ကဆို ကျန်းကော ရဲ့ လက်ဆောင်ကိုရတဲ့လူက သူ့ရဲ့ကံကောင်းမှုကို ဝေမျှဖို့ ချက်ချင်းကို ကြေညာချက်ထုတ်ခဲ့တာ ဘယ်သူကမှ အဲ့တာကို ဖုံးကွယ်ထားတာမဟုတ်ဘူး။
160ထပ်: တကယ်လို့ လုံခြုံရေးဝန်ထမ်းက အဲ့တာကရသွားတယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ??
161ထပ်: အားး မဟုတ်လောက်ပါဘူး အဲ့လိုသာဆို ငါအခုချက်ချင်း ငိုချမိသွားလိမ့်မယ်
ဖိုရမ်တစ်ခုလုံး ငြိမ်ကျသွားကာ အဲ့နောက်သိပ်မကြာခင်မှာပဲ တစ်ယောက်ယောက်ကနေ မေးလာသည်။
“ကောင်းပြီ ချူယင်းဟာကို တစ်ယောက်ယောက်တော့ ရသွားတယ်မလား”
180ထပ်:ငါလည်းပဲ ကျဲကျဲအလှလေးရဲ့လက်ဆောင်ကိုလိုချင်တယ်
182ထပ်: 180ထပ်ကလူရေ သင့်ရဲ့ရန်သူတွေကိုရင်ဆိုင်ဖို့ မှတ်ကျောက်တင်ခံနိုင်ပါပြီ
(ENG T/N:180ထပ်က ချူယင်းရဲ့လက်ဆောင်ကိုလိုချင်ရင် သူ့လိုပဲ ချူယင်းရဲ့လက်ဆောင်ကိုလိုချင်ကြတဲ့သူတွေနဲ့ သေချာပေါက်အနိုင်ယူနိုင်မှဖြစ်မှာပါ)
183ထပ်: [မီးဖိုချောင်ဓားကို ကိုင်ထား]
လုကျန်းနဲ့ ချူယင်းရဲ့လက်ဆောင်ကိုသူတို့ရရှိထားကြောင်း ဘယ်သူ ဝန်မခံဘဲနဲ့ ညကြီးပြီးဆုံးသွားတဲ့နောက် တစ်ကျောင်းလုံးက တညီတညွတ်တည်းဆုံးဖြတ်လိုက်ကြတာကတော့ လူအများကြီးလိုချင်နေကြတဲ့ အဲ့ဒီလက်ဆောင်နှစ်ခုဟာ လုံခြုံရေးဝန်ထမ်းတွေရဲ့လက်ထဲကို ရောက်သွားပြီဆိုပြီးတော့ပဲဖြစ်သည်။
ဒါက တစ်နှစ်တာရဲ့ ကံအဆိုးဝါးဆုံး ဖြစ်ရပ်တွေထဲကတစ်ခုပဲ။
ခရစ်စမတ်ပြီးသွားတဲ့နောက် ကျောင်းမှာ စိတ်လှုပ်ရှားစရာလှုပ်ရှားမှုတွေလည်း နောက်ဆုံးတွင် အဆုံးတိုင်သွားခဲ့ပြီဖြစ်သည်။ အဲ့နောက် ကျောင်းသားတွေက လာမဲ့ စာမေးပွဲအတွက် စတင်ပြင်ဆင်ကြရတော့သည်။
အားကစားပွဲတော်ကနေ ခရစ်စမတ်ပွဲတော်အထိ စိတ်လှုပ်ရှားဖွယ်ရာတွေကနေအခန်းထဲက ဘယ်တော့မှပြောင်းလဲမသွားတဲ့ ပုံရိပ်ကလေးရှိတယ်တိုတာကို အခန်း၅ သဘောပေါက်သွားသည်။
သူတို့ ပြိုင်ပွဲတော်တော်များများကို ကြည့်ပြီး အားကစားမျိုးစုံကိုဝင်ပြိုင်ခဲ့တယ်။ ဒါပေမဲ့ ချူယင်းကတော့ ဘတ်စကတ်ဘောပြိုင်ပွဲကိုသာကြည့်ပြီး ဘိလိယက်ပြိုင်တစ်ခုတည်းသာ ဝင်ပြိုင်လေသည်။
ကြောက်စရာအကောင်းဆုံးက သူတို့တွေထဲက အများစုက တတိယဆုသာရရှိခဲ့ပြီး တချို့ဆို ဘာဆုမှကို လုံးဝမရပေ။ ဒါပေမဲ့ တစ်ကြိမ်တည်းသာပါဝင်တဲ့ ချူယင်းကတော့ ချန်ပီယံဆုကိုပါအနိုင်ရရှိခဲ့တာဖြစ်သည်။
အဲ့ဒီအပြင် ချူယင်းက အဲ့ဒီလို မျက်စိဖမ်းစားစရာ activities တွေကို ဂရုတောင်မစိုက်ပေ။ သင်္ချာဆရာမကတောင် ချူယင်းက ကျန်တဲ့ပိုရင့်ကျက်ပြီးတည်ငြိမ်တယ်ဆိုပြီး လွန်ခဲ့တဲ့နှစ်ရက်က သူမကိုချီးကျူးသွားခဲ့တယ်။ အဲ့အချိန်မှာ ကျောင်းသားတွေက ပျော်စရာ activities တွေနဲ့အလုပ်ရှုပ်နေကြတာကြောင့် ဆရာတွေပြောတဲ့စကားကိုနားမဝင်ခဲ့ကြပေ။ အခုပြန်စဉ်းစားကြည့်တော့ သူမက တကယ်ပဲ တစ်ရက်ကလေးမှတောင် စာလေ့လာတာ ရပ်နားခြင်းမပြုခဲ့ပေ။
ဒါကြောင့်ပဲ ကျောင်းသား/သူတော်တော်များများက ဘေးကျပ်နံကျပ်ဖြစ်လာသလိုခံစားရသည်။
–သူမက အတန်းရဲ့ အဆင့်တစ်နေရာမလို့လေ
အဆင့်တစ်ကျောင်းသားတစ်ယောက်က နေ့တိုင်း စာကိုကြိုးကြိုးစားစားလေ့လာခဲ့မယ်ဆိုရင် သူတို့က ဘယ်အရည်အချင်းနဲ့များ နားရဲလိမ့်မှာတုန်း!
ဆရာမဝမ်က အခန်းထဲရှိ စာသင်ကြားရေးလေထုအခြေအနေကတဖြည်းဖြည်းပြန်ကောင်းလာတာကို ကြည့်ရင်း ကျေနပ်နေမိသည်။ ချူယင်းသာ ကျောင်းကိုစောတက်ခဲ့မယ်ဆိုရင် သူမအနေနဲ့ သူ့ကို အတန်းခေါင်းဆောင် ခန့်အပ်လိုက်မှာပဲဖြစ်သည်။ ဒီကလေးက သူနဲ့ရွယ်တူကလေးတွေထက် တည်ငြိမ်မှုရှိပြီး လောမကြီးတတ်ဘဲ စိတ်ရှည်မှုရှိလေသည်။
အတန်းပြီးနောက် ဆရာမဝမ်က ချူယင်းကို ရုံးခန်းကိုလာဖို့ သူမရဲ့မျက်လုံးနဲ့ပြောလိုက်သည်။
“အခုတလော နေကောင်းရဲ့လား စာလုပ်ရလွန်းလို့ ပင်ပန်းနေပြီလား”
ချူယင်းဟာ ဆရာဆရာမတွေရဲ့မျက်လုံးထဲတွင် ကျောင်းသူကောင်းတစ်ယောက်ဖြစ်သည်။ သူမ ပြုံးလိုက်ပြီး သူမရဲ့ခေါင်းကိုခါပြလိုက်ကာ
“မပင်ပန်းပါဘူး
“မင်းက ဒီကို ကျောင်းပြောင်းလာတာပြီးအခြေအနေအကြောင်းမသိတာကြောင့် ဆရာမ ပြောပြမယ်” ဆရာမဝမ်က သူမရဲ့လက်မောင်းကို ခပ်ဖွဖွပုတ်လိုက်ကာ
“ဆရာမတို့ကျောင်းမှာ နှစ်တိုင်း သင်္ချာပြည်နယ်ဆင့်ပြိုင်ပွဲတွေမှာ ပါဝင်ရမှာတွေရှိတယ် အဲ့တာကို ‘မျှော်လင့်ချက်ရောင်ခြည်ဖလား’ပြိုင်ပွဲလို့ခေါ်တယ် အဲ့တာက လစ်ဘရယ်အနုပညာရပ်ကျောင်းသားတွေအတွက် အသင့်တော်ဆုံးသင်္ချာပြိုင်ပွဲပဲ စိတ်ဝင်စားလား”
လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ချူယင်းက အဆင့်မြင့်ပြိုင်ပွဲတစ်ခုကို ပါဝင်ဖို့စဉ်းစားနေခဲ့သေးသည်။ ဒါကြောင့် သူမအနေနဲ့သဘာဝကျကျပဲ တွန့်ဆုတ်နေခြင်းမရှိပေ။
“စိတ်ဝင်စားပါတယ် ဆရာမ”
ဆရာမဝမ်က အရမ်းကိုကျေနပ်သွားလေသည်။ ချူယင်းက ရည်မှန်းချက်ကြီးမားတယ်ဆိုတာ သူမသိသားပဲ!
“ဒါဆို ဒီစာသင်နှစ်အဆုံးမှာ သေသေချာချာပြင်ဆင်ထားပါ ဆရာမတို့ကျောင်းက ဒီလိုကွာ။ စာသင်နှစ်အဆုံးကျရင် သင်္ချာမှာထိပ်ဆုံးသုံးယောက်ကို ဒီ မျှော်လင့်ချက်ရောင်ခြည်ဖလားရဲ့ ဆောင်းရာသီ လေ့ကျင့်ရေးမှာ ပါဝင်ဖို့ အကြံပြုထောက်ခံလို့ရတယ် မင်းအနေနဲ့ ဆောင်းရာသီလေ့ကျင့်စခန်းမှာ လေ့ကျင့်ရေးနဲ့ အကဲဖြတ်တာကို ခံရမယ် ရွေးချယ်ခံလိုက်ရရင်တော့ နောက်ဆုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်သွားပြီ”
သူမဟာ စာသင်နှစ်တဖြတ်မပြီးခင်မှာ သင်္ချာဘာသာရပ်ကိုကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်ဖို့လိုတယ်ဆိုတာကို နားလည်သွားလေသည်။
“–ဒါပေမဲ့လို့ တအားကြီးစိတ်ဖိစီးတော့မခံနဲ့နော်” ဆရာမဝမ်ကပြောလိုက်သည်။
“ပြီးခဲ့တဲ့လဝက်စာမေးပွဲမှာ သမီးရဲ့ဖြေလွှာစာရွက်ကို မြင်ပြီးပြီ အရမ်းကောင်းတယ် မင်းတို့အတန်းမှာ သမီးထက်သာတဲ့ကျောင်းသားကို ဆရာမ မတွေ့ဖူးတာမလို့ ခါတိုင်းလိုပဲ စာလုပ်ဖို့လိုရုံပဲ ဒီလောက်ပါပဲ”
ချူယင်း ခေါင်းညိတ်ပြလိုက်ကာ “သမီး နားလည်ပါပြီ ကျေးဇူးတင်ပါတယ် ဆရာမ”
“ဘာအတွက်နဲ့ကျေးဇူးတင်နေရတာတုန်း ရပြီ သမီးပြန်လို့ရပြီနော်”
ရုံးခန်းက တခြားသင်္ချာဆရာမတွေက သူမကို မနာလိုစွာ ကြည့်နေကြလေသည်။
“ဆရာမ ဝမ် အဲ့ဒီကလေးက အတန်းမှာ ပထမရတဲ့သူမလား”
ဆရာမဝမ်က ဂုဏ်ယူစွာပြောလာသည်။
“ဟုတ်တယ်လေ သူမက အင်္ဂလိပ်ရော သင်္ချာ နှစ်ခုစလုံးမှာ အမှတ်ပြည့်ရခဲ့တာလေ ပြီးတော့ ဉာဏ်စမ်းစာမေးပွဲမှာလည်း ပထမနေရာ ရခဲ့တာရယ်”
ဆရာမတွေက မနာလိုတွေဖြစ်ကုန်ကြသည်။
“တော်လိုက်တာ ဒီကလေးက ပြိုင်ပွဲမှာ ဆုရနိုင်မယ်လို့ ဆရာမထင်လား”
ဆရာမဝမ်က လူပုံလယ်မှာ တအားထင်ပေါ်လွန်းတဲ့အနေအထားမဖြစ်ချင်ပေ။ သူမရဲ့လက်ကို ယမ်းပြလိုက်ပြီး “နောက်ဆုံးစာမေးပွဲပြီးမှပဲ ဒီအကြောင်းကို ဆက်ပြောကြတာပေါ့ရှင် အဲ့ဒီအပြင် အခန်း၁နဲ့ ဆရာချန်ရဲ့ နိုင်ငံတကာအတန်း ကလည်း သင်္ချာတော်တဲ့ကျောင်းသားတော်တော်များများရှိတဲ့ဟာကို”
ဆရာချန်ဆိုတာက အဘိုးကြီးတစ်ယောက်ဖြစ်သည်။ သူက ဆရာများနားနေခန်း(ရုံးခန်း)ရဲ့ထောင့်မှာထိုင်ကာ သူ့လက်ထဲက လက်ဖက်ရည်ခွက်တစ်ခွက်ကိုကိုင်ထားချက် သူ့လက်ကို ယမ်းပြလိုက်သည်။
“ကျုပ်အတန်းက သင်္ချာအတော်ဆုံးကျောင်းသားက သူဘယ်လောက်ပဲတော်နေပါစေ ဝင်ပြိုင်ချင်တာမဟုတ်ဘူးဗျ”
…
ချူယင်း ရုံးခန်းကနေ ထွက်လာပြီးနောက် သူမက systemကို ပုတ်လိုက်ကာ “ပြည်နယ်ဆင့်ပြိုင်ပွဲtask ကို ပေးပို့ဖို့အချိန်ကျပြီမဟုတ်ဘူးလား”
သူမအနေနဲ့ ဒီအဆင့်က အဲ့ဒီလိုtask မျိုးတွေကို ပြီးဆုံးသွားတဲ့နောက်ရရှိတဲ့ဆုတွေက ဘယ်လိုဖြစ်မလဲဆိုတာကို မြင်ချင်နေပြီ။ စာကြောင်းနှစ်ကြောင်းပြောင်းလဲခွင့်ဆိုပြီးရလိမ့်မလား? စာပိုဒ်တွေဆိုရင်ရော? အဲ့တာဆိုတအား မိုက်မှာပဲ
ရွှယ်ရှီကျီ: 「နိုးနိုးနိုး~ host အနေနဲ့ တစ်တန်းလုံးရဲ့ပထမနေရာရရှိခြင်း နဲ့ သင်္ချာစာမေးပွဲမှာ ပထမနေရာရရှိခြင်းtask နှစ်ခုစလုံးကို ပြီးအောင်လုပ်ရမှာပါ~」
ချူယင်း: “…ကောင်းပြီ”
သူမအတန်းကို ပြန်လိုက်ကာ သူမလုပ်ဖို့ရွေးချယ်ရမဲ့ ပုစ္ဆာတွေကို စိတ်ထဲကနေ တွေးဆပြီးတွက်နေပေမဲ့ သူမ လုကျန်းနဲ့ထပ်ဆံုပြန်သည်။
ဒီခွေးကောင်နဲ့ ကော်ရစ်ဒါမှာ မကြာမကြာ ဆုံနေရဖို့ ဖြစ်နိုင်စရာအကြောင်း ဘယ်လောက်များများစားစားရှိလို့တုန်း။
လုကျန်းက သူမရဲ့အရင်ဘဝတုန်းကဆို လိုက်လျားလိုက်လျားသိပ်မလုပ်ဘူးဆိုတာကို သူမမှတ်မိတယ်။ သူက စာသင်ခန်းထဲမှာပဲ များသောအားဖြင့်အနေများတယ်။
သူဟာ ကော်ဖီအေးကို အပြင်ထွက်ဝယ်လာသည့်အလား လက်ထဲမှာကော်ဖီအေးခွက်တစ်ခွက်ကို ကိုင်ထားရင်း လုကျန်းရဲ့ လေးတွဲတွဲပုံစံကို ချူယင်းစိုက်ကြည့်လိုက်မိသည်။
သူမကိုမြင်ပြီးနောက် လုကျန်းရဲ့ နှုတ်ခမ်းဟာ တွန့်ကွေးသွားပြီး
“မင်္ဂလာနံနက်ခင်းပါ ကျောင်းသူကောင်းလေး”
ချူယင်းခေါင်းညိတ်ပြကာ “မင်္ဂလာပါ”
ဘေးနားကဖြတ်သွားဖြတ်လာတချို့ကလည်း သူတို့ကို ဘေးတိုက်လှမ်းမကြည့်နဲ့ဘဲကိုမနေနိုင်ပေ။
အရင်က ချူယင်း mask တပ်ထားတုန်းက တစ်ကျောင်းလုံးက သူတို့နှစ်ယောက် အချင်းချင်းစကားပြောကြတာကို လက်မခံနိုင်ကြပေ။ ဒါပေမဲ့ အခု လုကျန်းနဲ့ ချူယင်းအချင်းချင်း နှုတ်ဆက်ကြတဲ့အခါ သူတို့အနေနဲ့ အဲ့တာက တခုခုမျှမှားယွင်းတယ်လို့ မထင်ကြတော့ဘူး။
တကယ့်ကျောင်းအလှပန်းလေးအစစ်၊ အင်္ဂလိပ်စာပြိုင်ပွဲမှာ ချန်ပီယံ၊ ဘိလယက်မှာဆိုဘုရင်မ...အမှတ်တံဆိပ်များစွာက ချူယင်းပေါ်မှာရှိနေပြီး တခြားလူတွေစကားစမြည်ပြောချင်ကြတဲ့ဖြစ်တည်မှုတစ်ခု ဆိုပေမဲ့ သွားမပြောရဲကြပေ။
အဲ့တာတင်မကဘူး..ဒီပသာဒဖြစ်စရာ မြင်ကွင်းက တအားကို မျက်စိဖမ်းစားလွန်းတယ်။
ချူယင်းကတော့ လုကျန်းနဲ့ မြင်ကွင်းတစ်ခုတည်းမှာကို ဖြစ်မနေချင်ဘူး။ သူ့ကိုနှုတ်ဆက်ပြီးပြီးချင်း ထွက်သွားချင်လေသည်။
ဒါပေမဲ့ လုကျန်းကတော့ ရှေ့ကို ငုံ့ကိုင်းလာပြီး သူမကိုပိတ်ရပ်ထားကာ ရုတ်တရက်ကြီးပြောလာသည်။
“ကွတ်ကီးတွေက ဘယ်မှာလဲ”
ချူယင်း သူမရဲ့မျက်လွှာကို ပင့်ကြည့်မိလိုက်သည်။
လုကျန်းက သူ့ခေါင်းလေးကို ငုံ့မိုးလာပြီးသူမကို အပြုံးလေးတစ်ပွင့်နဲ့ စိုက်ကြည့်နေရင်း ရယ်သံသဲ့သဲ့လေးတစ်ခုနှင့်:
“ငါမင်းရဲ့လက်ဆောင်ကိုရခဲ့တာလေ”
ဒါဟာ စုန့်ကျောက်လင်ရဲ့ ပါးစပ်ဖွာမှုကြောင့် လက်ဆောင်ဘူးထဲမှာ ဘာရှိလဲဆိုတာအဖော်ခံလိုက်ရတာပဲဖြစ်လိမ့်မယ်ဆိုတာကို ချူယင်းတစ်ယောက် ချက်ချင်း သဘောပေါက်သွားလေသည်။
ဒါပေမဲ့ လုကျန်းက ဘာကိုဆိုလိုတာလဲ။
သူ သူမကိုစနေတာလား? သူဘာကိုရှာတွေ့သွားတာလဲ?
အစကကွတ်ကီးကနေ သော့သုံးချောင်း ဘာကြောင့်ဖြစ်သွားတာလဲဆိုတာကိုလား။
ဒါပေမဲ့ လုကျန်းဘယ်လောက်ပဲစူးရှထက်မြက်နေပါစေ ကိစ္စမရှိဘူး သူ့အနေနဲ့ အဲ့ဒီလိုအရာတွေက ယုတ္တိဗေဒကိုဖီလာနေပြီး ထူးဆန်းနေတာဆိုတာကို ခန့်မှန်းကြည့်လို့ရလိမ့်မှာမဟုတ်ဘူး။
ချူယင်း အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ရှင်းပြလိုက်သည်။
“အစကအဲ့ဒါပါပဲ နောက်တော့ သော့က ပိုပြီးအဓိပ္ပာယ်ရှိတယ်လို့ထင်မိလို့ ငါအဲ့တာကို ပြောင်းလိုက်တာ”
လုကျန်း သူ့မျက်ခုံးနည်းနည်းပင့်လိုက်ကာ သူမကို အပြုံးလေးတစ်ပွင့်နဲ့ကြည့်လိုက်ကာ:
“ဘာအဓိပ္ပာယ်လဲ”
သူမက သူ့ကို စိတ်ဝင်စားမှုမရှိဘူးဆိုတာကို သူသိပေမဲ့လည်း သူမထံမှ နောက်ထပ် စကားသံတွေကို ကြားချင်မိတဲ့စိတ်ကတားဆီးလို့မရနိုင်ပေ။စုန့်ကျောင်လင်ပြောတဲ့အတိုင်း သူမက တစ်ထပ်တည်းပြောလာခဲ့လိမ့်မယ်ဆိုရင်တောင်မှ သူ နားထောင်ပေးဖို့ဆန္ဒရှိတယ်။
ချူယင်းရဲ့မျက်နှာထားကအလေးအနက်ပြောရင်း တင်းရင်းနေသည်။
“အဓိပ္ပာယ်က ဘဝကို သော့သုံးချောင်းလို –လက်ခံမယ်၊ပြောင်းလဲမယ် ပြီးတော့ ထားခဲ့မယ်ဆိုပြီးကျင့်သုံးဖို့ပဲ”
လုကျန်း: “…?”
“သင်အဲ့တာကိုလက်မခံနိုင်ရင် ပြောင်းလဲဖို့လုပ်ရမယ် တကယ်လို့ မပြောင်းလဲနိုင်ဘူးဆိုရင် ထားရစ်ခဲ့ဖို့ ရွေးချယ်ရလိမ့်မယ် ” ဆိုပြီး ချူယင်းပြောရင်းဆက်ပြောလိုက်သည်။
“အလိုလောဘမကြီးပါနဲ့ ဒါမှမဟုတ် သံသယမလွန်ကဲပါနဲ့ ရိုးရိုးရှင်းရှင်းပျော်ပျော်ရွှင်ရွှင်နဲ့ ကျေနပ်ရောင့်ရဲနိုင်တဲ့သူ ဖြစ်ပါစေ”
လုကျန်း စကားပြောမလို့ဆိုပေမဲ့ သူမကြောင့် တန့်သွားလေသည်။
ချူယင်းနောက်ဆုံးတွင် စိတ်ရင်းအတိုင်းပြောလိုက်သည်။ “ကြိုးစားထား အတန်းဖော်”
အဲ့တာနဲ့အတူ စာပေဟောပြောတဲ့ဆရာမကြီး လှည့်ကာ ထွက်သွားတော့သည်။
…
အလိုလောဘ မကြီးဖို့ သံသယမလွန်ကဲဖို့က တကယ်ပဲ လုကျန်းအတွက် ချူယင်းရဲ့ဆုမွန်ကောင်းများဖြစ်သည်။
အခု လုကျန်းကိုကြည့်ပြီး သူမအရင်ဘဝတုန်းကသူ့ပုံစံတချို့ကို ပြန်ပုံဖော်လိုက်သည်။
လုကျန်းက အထက်တန်းကျောင်းမှာ ကြီးစိုးခြယ်လှယ်နေပေမဲ့ သူဟာ သာမန်သခင်ငယ်လေးတစ်ယောက်သာဖြစ်သည်။ သူမဆီက အငြင်းခံလိုက်ရပြီးနောက် အေးစက်စက်နဲ့ မာနကြီးတဲ့သခင်ငယ်လေးကို ဒေါသထွက်စေမိလိုက်တာက ယုတ္တိရှိလေသည်။
အဲ့တော့ ဘယ်ကနေဘယ်လိုလုပ် စာပေဟောပြောတဲ့ဆရာမဖြစ်သွားရတာတုန်း??
အထက်တန်းကျောင်း ပြီးဆုံးသွားတဲ့နောက် ချူယင်းမှာ ခဏလောက် လုကျန်းနဲ့ မဆုံဖြစ်ခဲ့ပေ။ သူမရဲ့ အရင်ဘဝတစ်ဘဝလုံး အသက်ရှင်ဖို့တိုက်ခိုက်ခဲ့ရပြီး သူဘာကြောင့်ပျောက်သွားလဲဆိုတာကို ရှာမတွေ့ခဲ့ပေ။
အခုဒီလက်ရှိဘဝမှာ သူမ ပြောင်းလဲမှုပမာဏများစွာနဲ့အတူ ဒီခွေးကောင်ကရော ပြောင်းလဲသွားလိမ့်မလား။
ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပေ။ လုကျန်းရဲ့ဘဝကိုပြောင်းလဲသွားစေဖို့ သူမကိုယ်သူမ ခွင့်ပြုလိုက်မည်မဟုတ်ပေ။
ညနေတွင် ချူယင်း အိမ်ပြန်လာတော့ သူမအပေါ်ကျရောက်နေတဲ့ ချူချိုးချိုးရဲ့ အကြည့်တွေကိုသတိထားမိသည်။ ဒီ ညီမအတုကတော့ သူမကို စောင့်ကြည့်နေပြန်ပြီ။
ပြီးခဲ့တဲ့တစ်ခေါက် သူမစကားပြောတာကိုအတင်းရပ်ခိုင်းပြီးကတည်းက သူမဟာ ခဏလောက်တော့ကောင်းကောင်းမွန်မွန်ပြုမူလေသည်။ အခုချိန်ထိတော့ သူမရဲ့သံသယကိုလက်မလွှတ်နိုင်သေးဘူးဆိုတာ သိသာတယ်။
ချူယင်းကတော့ တိတ်ဆိတ်နေလိုက်သည်။ ရန်သူဘက်က စတင်လှုပ်ရှားလာလိမ့်မှာမဟုတ်ဘူးဆိုရင် ငါလည်း လှုပ်ရှားလိမ့်မှာမဟုတ်ဘူး။ သူဘာဆက်လုပ်မလဲဆိုတာ ကြည့်ကြတာပေါ့။
ညစာစားနေစဉ် အဖေချူမှပြောလာသည်။ “အတ်ကယ်ချန်က သိပ်မကြာခင်မှာ အဖေတို့ဆီကို လာလည်လိမ့်မယ် သူ့သားကလည်း သမီးတို့နဲ့ရွယ်တူလောက်ပဲ သမီးတို့ သူ့ကိုသိချင်သိနိုင်လောက်တယ်”
ချူချိုးချိုးဟာ ချန်မိသားစုက ချူမိသားစုထက်ပိုအင်အားကြီးပြီး အိမ်ထောင်ဖက်ကောင်းတစ်ဦးဖြစ်ကြောင်း သိထားပြီးသားပင်။သူမက အလွန်ကိုအပြုသဘောဆောင်နေပြီး ချက်ချင်းပင်ခေါင်းညိတ်ပြလာသည်။
“ဟုတ်ကဲ့ သမီး အဲ့တာကိုစောင့်မျှော်နေပါတယ်”
ချူယင်းကတော့ တိတ်ဆိတ်နေဆဲ။
အဖေချူက သူမကိုမကျေမနပ်ဖြင့်စိုက်ကြည့်လိုက်သည်။ သူမရဲ့အဖေက ချူယင်းကို စိုက်ကြည့်နေတာကိုမြင်လိုက်ရတဲ့အခါ ဂုဏ်ယူမိသလိုခံစားရသည်။
ချူယင်းက အခွင့်ကောင်းကို ဘယ်လိုလက်မလွှတ်တမ်း အသုံးချရမယ်ဆိုတာ ဘယ်တုန်းကမှမသိဘူး။ သူမရဲ့စိတ်ထဲ စာလုပ်ဖို့ပဲရှိရှာတာ။
အမေချူက ထမင်းဝိုင်းမှာ စကားများရန်မဖြစ်ချင်တာကြောင့် ချက်ချင်း စိတ်အပန်းဖြေရာခေါင်းစဉ်ကိုပြောင်းလိုက်သည်။
“အမေ့သမီးတွေ ကျောင်းမှာ သူငယ်ချင်းကောင်းတွေရှိတယ်မလား”
ချူချိုးချိုးက ချူယင်းကို စိုက်ကြည့်ပြီး သူ့အမေဘက်ကို ကျိုးကျိုးနွံနွံနဲ့ပြုံးပြလိုက်ရင်း “သမီးက စီနီယာကျန့်ယွီနဲ့အတော်လေးရင်းနှီးတယ်သူက ကိုကို့ရဲ့ အတန်းဖော်တစ်ယောက်လေ”
ချူရှီက မျက်မှောင်ကြုတ်သွားသည်။
ကျန့်ယွီက ချူယင်းကို ဆက်မလိုက်တော့တဲ့နောက်မှာ သူ(ကျန့်ယွီ)ဟာ သူ့ရဲ့တခြားညီမနဲ့ချိတ်နေလိမ့်မယ်လို့ မသိခဲ့မိဘူး။
အဖေချူက အရမ်း ကျေနပ်သွားသည်။
“အဲ့တာ ကျန့်မိသားစုကသားမလား? မတိုးဘူး မဆိုးဘူး အဖေ အဲ့ဒီကလေးကို မြင်ဖူးတယ် သူကအရည်အချင်းရှိရှာတယ်”
ချူယင်း: “…”
အရည်အချင်းရှိတယ်ဆိုတဲ့စကားစုက ဘယ်လိုများပါလိမ့်!
ချူချိုးချိုးနဲ့သူတို့ရဲ့မိဘတွေသာ ညစာစားပွဲအတွင်းစကားပြောဆိုနေကြပြီး လေထုက ကြက်သီးနွေးနွေးလေးမျှသာဖြစ်သည်။
ညစာစားတာလည်းပြီးတဲ့နောက် ချူချိူးချိုးက ဧည့်ခန်းထဲကိုအကြိမ်ရေအနည်းငယ်လောက် လှည့်ပတ်လျှောက်နေကာ ဆိုဖာပေါ်မှာထိုင်ပြီးရေသောက်နေတဲ့ ချူယင်းကို ကြည့်လိုက်လေသည်။
ဒီကနေ့မှာ လူကြီးတွေအိမ်မှာရှိနေကြတာပဲဖြစ်သည်။ သူမဟာ ချူယင်းရဲ့ ပုံမှန်မဟုတ်တဲ့မူမမှန်ခြင်းကို အခွင့်အရေးတစ်ခုအနေနဲ့ကြိုးစားပြီးဖော်ထုတ်ချင်တယ်!
အဲ့တာကို စဉ်းစားပြီးနောက် ချူချိုးချိုးက စမ်းသပ်နည်းလမ်းတစ်ခု စိတ်ထဲကပေါ်လာသည်။ သူမ ရုတ်တရက်ကခဲ့သလို ပြာနှမ်းနေတဲ့အထိ စကားမပြောပြနိုင်ဖြစ်ခဲ့တဲ့အတွက် သူမအနေနဲ့ သူ့ကိုဖော်ထုတ်ဖို့ရာ ဆန့်ကျင်ဘက်နည်းလမ်းကို သုံးရလိမ့်မယ်။
ချူချိုးချိုးကအဲ့နားသွားပြီး ချူယင်းဘေးကိုထိုင်ချလိုက်ကာ ပြောလိုက်သည်။
“မမ အရင်တစ်ခေါက်က Ebbinghaus ရဲ့ မှတ်နိုင်စွမ်းအကြောင်းနဲ့ပတ်သက်ပြီးပြောခဲ့တုန်းကလေ...”
ချူယင်း သူမကိုကြည့်လိုက်ကာ “ဘာလဲ”
ချူချိုးချိုးက သူ့ကိုကြည့်ပြီး ဘာစကားမှပြောမလာပေ။
ချူယင်းက နားမလည်တဲ့ပုံဖြင့် “နင်ဘာကိုပြောချင်တာလဲ”
ချူချိုးချိုးက တိတ်ဆိတ်နေဆဲပင်။
ချူယင်း: “…...”
ချူချိုးချိုးက ရေငုံနှုတ်ပိတ်နေခြင်းဖြင့် သူမကို စိုက်ကြည့်နေရင်း သူမရဲ့အချိန်ကိုဖြုန်းတော့မဲ့ပုံပဲ။
ချူချိုးချိုးဟာ သူမကြောင့်ခြေကုန်လက်ပန်းကျသွားသကဲ့သို့ တစ်ခွန်းမျှမဟဘဲ သူမကိုစိုက်ကြည့်နေလေသည်။
အဲ့ဒီနေ့က နိုင်ငံတကာအတန်း မှာဖြစ်ပျက်သွားတဲ့အဖြစ်အပျက်အတိုင်းပဲ ဒီအခြေအနေနဲ့ ရင်းနှီးနေသလိုလိုရှိသည်။
ချူယင်း စိတ်ပြောင်းသွားပြီး ချူချိုးချိုးက သူမကို ငါးစာမျှားနေတယ်ဆိုတာကို ရုတ်တရက်သဘောပေါက်လိုက်သည်။
ချူယင်း system ကို ပုတ်လိုက်ကာ “ဇာတ်ညွှန်းကို တစ်ချက်လောက်ကြည့်ခွင့်ပေးပါဦး”
【ချူချိုးချိုးဟာ ပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တွေသူမဆီကိုဖြစ်ပျက်သွားတာက ချူယင်းကြောင့်ဟုတ်မဟုတ်ကို စမ်းသပ်ချင်ခဲ့မိသည်။ သူမကိုဆွဲဆောင်ဖို့ဆန့်ကျင်ဖက်အပြုအမူကို သုံးဖို့ဆုံးဖြတ်လိုက်ပြီး ချူယင်းက ပုံမှန်မဟုတ်ဘူးဆိုတဲ့အကြောင်းကို သူတို့ရဲ့မိဘတွေဆီကို သူမရှင်းပြရလိမ့်မယ်!】
ဒါကိုဖတ်ပြီးတဲ့နောက် ချူယင်းပိုပြီးတည်ငြိမ်လာကာ စိတ်ကိုလျှော့လိုက်သည်။
နင်ကငါ့ကို အဲ့တာကို ပြောင်းလဲပေးစေချင်နေတာမလား ဟေး ငါပြောင်းပေးလိမ့်မှာမဟုတ်ဘူး~
ချူချိုးချိုးက အချိန်အကြာကြီး ထိန်းထားပြီးနောက် သူ့ပါးစပ်ကိုဖွင့်ဟလိုက်တော့ သူမဟာ စကားပြောလို့ရနိုင်သေးတယ်ဆိုတာကို သိလိုက်ရသည်။ “နင်–”
ချူယင်းက ရေခွက်ကိုကိုင်ထားရင်း သူမကိုအရူးတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေသည်။
ချူချိုးချိုးက အံကိုတင်းတင်းကြိတ်ထားပြီး မတ်တပ်ထရပ်ကာ ရုတ်တရက်ကြီး မြွေအကကို စကလေသည်။
ချူယင်းတောင်မှ သူမပါးစပ်ထဲက ရေတွေ ပန်းထုတ်မိလုနီးပါးပင်။
ချူချိုးချိုးဟာ သူ့နည်းလမ်းအကုန်ထုတ်သုံးလိုက်ပြီပဲဖြစ်တယ်။
သူမ ချူယင်းကို ကြည့်ရင်း တောရိုင်းမြွေဘုရင်တစ်ကောင်လို ကနေခဲ့တဲ့အဖြစ်အပျက်ကိုပြန်လည်ဖန်တီးယူလိုက်သည်။
လာစမ်းပါ နင်ငါ့အပေါ်ကို လုပ်ခဲ့တဲ့အတိုင်း လုပ်ချလိုက်စမ်းပါ!
လုပ်လေ!!
အဲ့ဒီအခိုက် အသံတစ်သံထွက်ပေါ်လာလေသည်။
“ချိုးချိုး မင်းဘာတွေလုပ်နေတာလဲ”
အဖေချူနဲ့အမေချူဟာ သူတို့ရဲ့မွေးစားသမီးဖြစ်သူကို ရှော့ရစွာနဲ့ကြည့်ရင်း ဧည့်ခန်းတံခါးပေါက်မှာရပ်နေမိသည်။
ချူချိုးချိုး ရုတ်ခနဲရပ်တန့်ပစ်လိုက်တယ်။
အဲ့ဒီအချိန်မှာ ချူယင်းက သိက္ခာရှိတဲ့မျက်နှာထားလေးနဲ့ ဖြည်းဖြည်းချင်းလှည့်ကြည့် လှည့်ကြည့် လုပ်လိုက်သည်။
“ညီမလေးရဲ့ ဒီမှာ တစ်ခုခုဖြစ်နေတဲ့ပုံပဲ”
ချူယင်းက သူမရဲ့ ဦးခေါင်းခွံကို လက်ညှိုးထိုးပြနေကာ “မြန်မြန်လေး သူ့ကို ဆေးရုံပို့လိုက်ပါတော့”
Thanks for READING 🩵
YOU ARE READING
ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』
Teen Fiction《 𝖲𝗍𝖺𝗍𝗎𝗌: 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 》 𝖬𝗒𝖺𝗇𝗆𝖺𝗋 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 ❛偏执男主白月光我不当了❜. 𝖮𝗋𝗂𝗀𝗂𝗇𝗂𝖺𝗅 𝖺𝗎𝗍𝗁𝗈𝗋: 赵史觉 𝖤𝗇𝗀𝗅𝗂𝗌𝗁 𝗍𝗂𝗍𝗅𝖾: 𝖨 𝖺𝗆 𝗇𝗈𝗍 𝖿𝗂𝗍 𝗍𝗈 𝖻𝖾 𝗍𝗁𝖾 𝖬𝖺𝗅𝖾 𝖫𝖾𝖺𝖽'𝗌 𝖥𝗂𝗋𝗌𝗍 𝖫𝗈𝗏𝖾 𝖲𝗍𝖺𝗍�...