《10》

6.2K 1K 42
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 10 – ကျောင်းခန်းမ

ချူယင်းတစ်ယောက်ကတော့ သူမ ပြေးရင်းလွှားရင်းနဲ့ ရယ်မောနေတုန်းပင်ဖြစ်သည်။

သူမက ရှေး‌ဘုရင်ခေတ်တွေက ကိုယ်လုပ်တော်တစ်ယောက်ရဲ့ ဇာတ်ကောင်တစ်ကောင်မျိုးနဲ့ လုံးဝကိုအံ့ဝင်ဂွင်ကျဖြစ်နေလေသည်။ သူမလုပ်ခဲ့တာကို တွေးမိလိုက်ရင်း သူမ ဂုဏ်ယူမိသလို ခံစားရသည်။

“Hostက တကယ့်ကို ဉာဏ်ကောင်းတဲ့သူတစ်ယောက်ပဲ!”

ရွှယ်ရှီကျီကတော့ သူ့ရဲ့host ဖြစ်သူကို ချီးကျူးနေ‌ရင်း တခစ်ခစ်ရယ်မောလေသည်။

ချူယင်းကတော့ လုံခြုံတဲ့နေရာတစ်ခုဆီကို တန်း ပြေးကာ  နံရံကို မှီချလိုက်ပြီး သူမရဲ့ mask ကို မတင်လိုက်ပြီး အသက်ကိုအပြင်းရှုလေသည်။

“ဟုတ်တာပေါ့”

သူမရဲ့ လုကျန်းကို နားလည်ထားမှုကိုအခြေခံကြည့်မယ်ဆိုရင် သူဟာ သူမကို  မကြာမီအချိန်အတွင်း တွေ့ချင်နေလိမ့်မည်မဟုတ်လောက်တော့ပေ။ နောက်ဆုံးမှာ အဲ့ဒီလူက သူမကို ထွက်သွားဖို့ ပြောခဲ့တာပဲလေ။ အဲ့သခင်ငယ်လေးက  အရမ်းကို မာနရှိတဲ့သူဖြစ်တာမို့ သူ့ဘက်ကနေ သူမကို ဘယ်တော့မှ အရင်ဆုံး  စကားစလာပြောတော့မှာမဟုတ်တော့ဘူး။

သူမက ရေရှည်မြင်တတ်တဲ့သူမို့ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာပဲဖြစ်သည်။

ချူယင်း အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး သူမရဲ့ mask ကိုပြန်တပ်လိုက်သည်။ သူမ စာသင်ခန်းဆီကိုပြန်လျှောက်လာရင်း ရွှယ်ကျီကို မေးလိုက်သည်။

“ဒါနဲ့စကားမစပ် ဇာတ်လိုက်ရဲ့ပါဝါက ဘာများလဲဟယ်?”

ရွှယ်ရှီကျီက ပြန်ဖြေလာသည်။

「ဇာတ်လိုက်ရဲ့ပါဝါကတော့ ပြတ်တောင်း ပြတ်တောင်း ဖြစ်နေတဲ့ ဇာတ်ကွက်တွေကို ဇာတ်လိုက်စိတ်တိုင်းကျအတိုင်း ပြုပြင်ပြောင်းလဲနိုင်တဲ့အစွမ်း ပါပဲ အဲ့တာက ဒီSystem ရဲ့ ဇာတ်ညွှန်းဖြစ်ပေါ်လာခြင်းကို အကျိုးသက်ရောက်ပါတယ် ဒါပေမဲ့ စိတ်တော့မပူလိုက်ပါနဲ့ ဒီ Systemက ဇာတ်လိုက်ရဲ့ပါဝါထက် ပိုပြီးမြင့်မားပါတယ်」

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now