《23》

5.2K 831 68
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 23 - သူမကိုလာမထိနဲ့

အဲ့ဒီညနေကကြောင့် လုသခင်လေးတစ်ယောက်တော့ ကားမောင်းခွင့်ထပ်မရတော့ချေ။

လုမိသားစုရဲ့စံအိမ်တော်ကြီးရဲ့အပြင်မှာ အရှိန်ပြင်းပြင်းနဲ့ကားစီးခြင်းကြောင့် ကားသံက villaကြီးထဲက အိမ်တော်တစ်ခုလုံး လွှမ်းသွားတယ်။ ထိုအဖြစ်အပျက်ကြောင့် အဖိုးလုက သတိထားမိသွား၏။

သူ့သားဖြစ်သူက ကားအက်စီးဒန့်ကြောင့် ဆုံးပါးသွားတာဖြစ်တယ်။သူ့မြေးသာ တစ်ခုခုဖြစ်သွားရင် သူတော့‌နေရာမှာတင် ပွဲချင်းပြီး နှလုံးရောဂါထဖောက်တော့မှာပင်။

“မင်းတကယ်ဘာမှမဖြစ်ဘူးလား”

“ကျွန်တော်အဆင်ပြေပါတယ်”

လုကျန်းက ထိုအချိန်တွင် လုံးဝကိုတည်ငြိမ်နေပြီး စိတ်ထဲမှာဖြစ်နိုင်ခြေအမျိုးမျိုးကိုစဉ်းစားနေတယ်။

ဒီကိစ္စကိုလုပ်ရဲတဲ့သူက အရမ်းတွေသတ္တိရှိနေတာပဲဖြစ်ရမယ်။ လုမိသားစုရဲ့အမွေတက်ခံသူကိုထိခိုက်ရဲမှတော့ အသေသေချာချာသေးစုံစမ်း စစ်ဆေးကြမှာဖြစ်သည် ။ဒါကိုဘယ်သူလုပ်တယ်ဆိုတာရှာတွေ့တာနဲ့ အဲ့ဒီလူက အလင်းရောင်ကိုထပ်မြင်ခွင့်ရမှာမဟုတ်တော့ချေ။

လုကျန်းကခနလောက်တွေးပြီးနောက် ဒီအဖြစ်အပျက်က တနည်းနည်းနဲ့ရယ်စရာကောင်းအောင်ကို  ရင်းနှီးနေတယ်။

ကောင်းကင်ပေါ်ကနေ ဓါးကျလာခဲ့သလိုပဲ ဒါကလည်း တော်တော် မသင်္ကာစရာကောင်းတယ်။

အဖိုးလုက လုလင်းယွမ်ကို ခေါင်းလှည့ကြည့်လိုက်ပြီး စကားအနည်းငယ်ပြောခဲ့တယ်။

“လုကျန်းက အခုထိ ကားမောင်လိုင်စင်မရှိသေးပေမဲ့ မင်းကအမြဲ သူ့ကိုကားမောင်းခွင့်ပြုခဲ့တယ် တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မှာလဲ။”

လုလင်းယွမ်က ပြုံးကာပြောလိုက်သည်။

“ဒါမျိုး နောက်တစ်ကြိမ် လုံးဝမဖြစ်စေရပါဘူး”

လုကျန်း : “ဒါ ဦးလေးငယ်နဲ့ မဆိုင်ပါဘူး ကျွန်တော် ခနနေရင် ဦးလေးနဲ့အတူ ပါတီပွဲကိုသွားလိုက်ပါ့မယ်”

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now