《9》

5.9K 959 57
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 9 — ဆက်သွယ်ပြောဆိုဖို့ငြင်းပယ်

ချူမိဘတွေဟာ သူတို့ရဲ့ အလုပ်ကိစ္စနဲ့ ခရီးထွက်ပြီးနောက် ပြန်ရောက်လာတဲ့အခါ ချူရှီဟာ ညစာစားတဲ့အချိန်တွင် ဖိုရမ်ထဲက ဖြစ်ပျက်သွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုလုံးကို သူ့ရဲ့မိဘတွေကို တရားဝင် ထုတ်ပြောလိုက်သည်။

ချူချိုးချိုးဟာ ချူရှီကို အချိန်များစွာ အသနားခံအကြည့်တွေနဲ့ ကြည့်ခဲ့ပေမဲ့ သူကတော့ လုံးဝကို မမြင်သယောင်ပင်။ ချူချိုးချိုး ပူးပေါင်းလုပ်ကြံခဲ့တာတွေပါအတိအကျကို သူက ပြန်ပြောပြနေသေးသည်။

ချူချိုးချိုးဟာ သောကလည်း ရောက်နေသလို ဒေါသရော ထွက်နေပေမဲ့ တစ်ဖက်က ချူယင်းကတော့ အစကနေအဆုံးထိတိုင် ခံစားချက်မဲ့နေတဲ့ အမူအရာဖြင့်သာ ရှိနေလေသည်။ သူမဟာ လှောင်ပြောင်သရော်ခံခဲ့ရသလို သူမရဲ့ညီမဆီကနေ နောက်ကျောကိုဓားနဲ့ထိုးခံနေရပြီး သူမရဲ့ပညာရေးမှတ်တမ်းတွေ ပို့စ်အတင်ခံလိုက်ရသော်ငြားလည်း အဲ့တာတွေက သူမကို လုံးဝထိခိုက်ခြင်းမရှိသည့်အလားပင်။
ဖိုရမ်မှာ ချူချိုးချိုးက ချူယင်းကို ကဲ့ရဲ့ရှုံ့ချတယ်ဆိုတာကို ကြားလိုက်ရတဲ့အခါ အဖေချူဟာ မျက်မှောင်ကြီးကြုတ်သွား‌တော့သည်။

“ချိုးချိုး သမီး ဘယ်လိုလုပ် ဒီလိုအရာမျိုးကို လုပ်နိုင်ရတာလဲ? ဒါက သမီးရဲ့အစ်မလေ”

ချူးချိုးချိုးဟာ အရမ်းကြောက်လွန်းလို့ သူ့မရဲ့ နှလုံးတွေ ပြုတ်ထွက် ကျတော့မလိုပင်။သို့သော် သူမက သူ့ကို တစ်ကြောင်း နှစ်ကြောင်းလောက်ကလေး လှောင်ပြောင်သရော်မိလိုက်ရုံပါ။ ဖိုရမ်မှာ သူ့ရဲ့ ပညာရေးမှတ်တမ်းကို မတင်ခဲ့ဘူးလေ။ သူမရဲ့ မိဘတွေက သူမကို ဒီဟာအတွက်နဲ့  ဆူပူကြိမ်းမောင်းသတဲ့လား?

အဖေချူက ဆက်ပြီးပြောလာလေသည်။

“သမီးကလည်း ချူးမိသားစုရဲ့သမီးတစ်ယောက်ပဲလေ သမီးက ချူးမိသားစုပုံရိပ်ကိုကိုယ်စားပြုတယ် အခုချိန်မှာ သမီးနဲ့ သမီးအစ်မတို့ သဘောထားကွဲလွဲနေတာကို အပြင်လူတွေ မြင်သွားရင် သူတို့ ဘယ်လိုထင်ကြလိမ့်မလဲ?”

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Tempat cerita menjadi hidup. Temukan sekarang