《31》

4.6K 688 100
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 31 - ဟိုအကောင် အော်ဟစ်နေ!

ရိုးရိုးသားသားပြောရမယ်ဆိုရင် စကားလုံးပြောင်းလဲခြင်းရဲ့အကျိုးသက်ရောက်မှုကို သူမ မသိခဲ့ရတာနဲ့ပတ်သက်ပြီး ချူယင်း အရမ်း ခါးသီးနေမိတယ်။

သူမ အခုဒီအကြောင်းကို တွေးကြည့်ရင်း တအားစိတ်လှုပ်ရှားလာလေသည်။

အဖေချန်က မီးဖိုချောင်ထဲ ဝင်ဝင်လာချင်း သူ့သားချောချောလေးက ကောင်မလေးတစ်ယောက်နဲ့စကားပြောနေတာကိုမြင်လိုက်ရတယ်။ သူမျက်မှောင်ကြုတ်ထားမိကာ “ဒါက...”

အဖေချူကလည်း အနောက်ကနီးနီးကပ်ကပ်လိုက်လာကာ အဲ့နောက် သူ့သမီးဖြစ်သူ ချူယင်းကို သတိရသွားတယ်။ “အော ဒါ ငါ့သမီးပဲလေ”

အဲ့လိုပြောပြီး သူဟာ သူမကို ဆူငေါက်လိုက်တယ်။

“အိမ်ကိုရောက်လာပြီဆိုရင်လည်း ဘာလို့ နှုတ်ဆက်ဖို့ ထွက်မလာရတာတုန်း”

ချူယင်း:“အိုး နှုတ်ဆက်ပါတယ်နော် အန်ကယ်”

အဖေချန်က ဒီတစ်ယောက်က မယဉ်ကျေးဘူးလို့ တွေးလိုက်မိသော်လည်း နီးနီးကပ်ကပ်ကြည့်လိုက်တဲ့နောက် ဒီကောင်မလေးက တခြားညီမဖြစ်သူထက် အရှင်းကြီးကို ပိုပြီးလှနေတဲ့အပြင် သူမရဲ့အဆင့်ကလည်း ပိုသာတယ်ဆိုတာကို သဘောပေါက်သွားသည်။
— လောင်ချူက ဘာလဲ သူတို့ကို နိမ့်ကျတဲ့တစ်ယောက်နဲ့ မိတ်ဆက်ပေးနေတာလား။

သူ အရှေ့ကို လျှောက်လှမ်းသွားပြီး သူ့သားကို အသာအယာ လှမ်းဆွဲလိုက်တယ်။

“ရွှမ်းယွမ် မင်းတို့ အခုမှတွေ့ကြတာမလား ဒါ...”

သူ့အဖေဆီက အဆွဲခံလိုက်ရတာတောင်မှ သားဖြစ်သူက မလှုပ်မယှက်နဲ့ပင်။

ဒါကြောင့် အဖေချန်က ထပ်ဆွဲခေါ်လိုက်ပြီး ချန်ရွှမ်းယွမ်က လှုပ်မလာသေးဘူး။ သူ့နှုတ်ခမ်းက စွဲဆောင်မှုရှိရှိခံ့ညားတဲ့ အပြုံးတစ်ခုကို ချိတ်ဆွဲထားလေသည်။

အဖေချန်:?

ဒါပေမဲ့ ချူယင်းကတော့ နားလည်တယ်—

နင်က လိပ်တစ်ကောင်ဖြစ်နေတာလေ ရွေ့လို့မရတဲ့လိပ်မြည်းကောင်ပဲ။

ကြည့်ကြည့် မလှုပ်မရှားဖြစ်နေတဲ့ ကြီးစိုးခြယ်လှယ်ချင်တဲ့လိပ်မြေးကောင်!

အဖေချန်က သူ့သားက ဒီကောင်မလေးရဲ့ရုပ်ရည်ကြောင့် ကြက်သေသေနေတာကိုသိသွားပြီး နည်းနည်းတော့ရှက်မိလေသည်။

ချူချိုးချိုးကလည်း အနောက်ကနေ လိုက်လာခဲ့တာဖြစ်သည်။ ဒီအခြေအနေကို မြင်လိုက်တော့ စိတ်မချမ်းမသာတွေဖြစ်ပြီး သူမရဲ့နှုတ်ခမ်းကို ဒေါသတကြီးကိုက်လိုက်မိတယ်။ ချူယင်းက ဒီလူကို သူမဆီကနေ ခိုးယူတော့မှာလား။

ဒီလို သူမရဲ့တစ်ဦးတည်းပိုင်နေရာမျိုးကိုမှ သူက ဘာဖြစ်လို့ တမင်သက်သက်ရွေးရတာလဲ။

ထိုအချိန်တွင် ချန်ရွှမ်းယွမ်က သူ့ခေါင်းကိုဖြေးဖြေးချင်းလှည့်လာပြီး သူ့အဖေကိုကြည့်ပြီးနောက်ရုတ်တရက်ကုန်းချလိုက်သည်။

အဖေချန်တစ်ယောက် လန့်ဖျပ်သွားလေသည်။

“ရွှမ်းယွမ် သား ဘာဖြစ်နေတာလဲ”

ချန်ရွှမ်းယွမ်က သူ့ကိုဖြေမလာဘဲ သူ့လက်တွေကို ကြမ်းပြင်ပေါ်မှာ တွန်းကန်ထားတာမလို့ ချူယင်းက နားလည်မိလိုက်ပြန်သည်။ —အိုးး သူ တွားသွားချင်နေတာပဲ!

ဒီလိပ်မြေးကောင်က လိပ်သွားသွားပြီးလမ်းလျှောက်တော့မှာဟ!

အဖေချန်က ရှော့ရသွားကာ သူ့ကိုတားဖို့အသည်းအသန်ကြိုးစားလိုက်တယ်။

“ရွှမ်းယွမ် မင်းဘာဖြစ်နေတာလဲ ရွှမ်းယွမ်”

ချန်ရွှမ်းယွမ် ပြင်းပြင်းထန်ထန်သရော်ပြုံးပြုံးလိုက်ကာ “ကျွန်တော့်ကို မတားနဲ့”

သူ ဒီလိုဖြစ်နေတာကိုမြင်တော့ သူ့နဲ့စကားပြောတာက အလကားပင်ဖြစ်တယ်။ အဖေချန်ဟာ သူ့ရဲ့ချောမောလှတဲ့သားလေး ဘယ်လိုလုပ်ဒီလိုဖြစ်သွားရတာလဲဆိုတာ မသိတော့ဘူး။

အဆုံးမှာတော့ အဖေချန်နဲ့ အဖေချူဟာ ချန်ရွှမ်းယွမ်ကို ကားဆီသယ်သွားကြရတယ်။ သူတို့နှစ်ယောက်စလုံး ချွေးတသီးသီးထွက်နေကြသည်။

“လောင်ချူ ငါတို့ ဒီနေ့လုပ်စရာလေးရှိနေသေးတယ်ကွာ နောက်နှစ်ရက်နေမှ ညစာစားပွဲမှာ မင်းတို့ကို တွေ့မယ်”

အဖေချူ နားလည်လိုက်ပြီးပြောလိုက်သည်။ “သွားတော့ ငါမင်းတို့ကိုနောက်ကျမှတွေ့မယ်”

အဖေချန်:“ငါတို့မိသားစုနှစ်စု ဆွေးနွေးထားခဲ့တဲ့ကိစ္စက မပြောင်းဘဲ ရှိသေးတယ်နော် ငါ ခုနကောင်မလေးကို အရမ်းကျေနပ်...”

သူ ပြောလို့တောင်မဆုံးသေးခင် ကားထဲကချန်ရွှမ်းယွမ်က မျက်နှာပေါ်က သရော်ပြုံးတစ်ခုနဲ့ ထိုင်ခုံအောက်မှာ စပြီးတွားသွားနေတော့သည်။

အဖေချန် သူ့မျက်နှာပေါ်ကချွေးတွေသုတ်ကာ

“ဒါဆို ငါတို့အရင်သွားနှင့်တော့မယ်”

အဖေချူဟာ အထဲပြန်မဝင်ခင် ဗီလာကနေ သူတို့‌ကားမောင်းထွက်သွားတာကို ကြည့်နေလိုက်တယ်။

အစက သူဟာ ချူချူရဲ့ရုတ်တရက်အကနဲ့ပတ်သက်ပြီး စိတ်ပူနေမိတာ။ အခုတော့ လောင်ချန်ရဲ့သားကလည်း ပုံမှန်တော့မဟုတ်တဲ့ပုံပဲ...။

နောက်ဆုံးစာမေးပွဲရဲ့ရလဒ်တွေက ကျောင်းသားတွေကျောင်းကိုပြန်တက်တာနဲ့ ကြေညာလာခဲ့ပြီဖြစ်တယ်။

ဟွေးဝမ်ကျောင်းသားတွေအတွက် ကျောင်းပြန်တက်ရတာက သူတို့ကို အထူးသဖြင့် အခန်း၅လို အထက်တန်းလွှာအတန်းတွေအတွက် စိတ်လှုပ်ရှားစေသည်။

“အာ ငါ ဆရာ့ရုံးခန်းကဖြတ်လာခဲ့တာ ဒီတစ်ခေါက် ပျမ်းမျှအမှတ်အဆင့်က လဝက်တုန်းကထက် အများကြီးကျသွားတယ်လို့ သူတို့ပြောနေကြတာကို ကြားခဲ့ရတယ်”

“ဟုတ်မှာပေါ့ ဒီတစ်ခေါက်စာမေးပွဲက အရမ်းခက်တာကို စုစုပေါင်းရမှတ်တွေက ကျသွားမယ်လို့ထင်တာပဲ”

“ဒီစာမေးပွဲမှာရော ချူယင်းက ပထမနေရာကို ထိန်းထားနိုင်ဦးမယ်လို့ နင်ထင်လား”

ချူယင်းလည်း ရလဒ်တွေကို စောင့်မျှော်နေတာဖြသ်တယ်။ နောက်ဆုံးစာမေးပွဲက နောက်လာမဲ့ system task ကြီးတစ်ခု အတွက် ခြေလှမ်းအစဖြစ်တယ်။သူမ ဒီ task ကိုအောင်မြင်ပြီးမှ နောက်တစ်ဆင့်ကို တက်လှမ်းဖို့စဉ်းစားနိုင်မှာပင်။

စုန့်ကျောက်လင် လဝက်တုန်းကထက်တောင် ပိုပြီးစိတ်ဂယောက်ဂယက်ဖြစ်နေမိတယ်။ သူထိုင်ခုံပေါ်မှာ လက်အုပ်နှစ်ဖက်ချီထားလျက်ထိုင်နေကာ

“အောင်လိုက်ပါ ‌အောင်ခွင့်ပေးပါ ကျေးဇူးပြုပြီးတော့...”

စုန့်ကျောက်လင်ရဲ့အစ်ကိုဖြစ်သူဘယ်လောက်တောင်အစွမ်းထက်လဲဆိုတာကို ချူယင်းသိတယ်။ သူမ မျက်ခုံးပင့်လိုက်ပြီးပြောလိုက်တယ်။

“အောင်ရင် နင်အရိုက်မခံရတော့ဘူးမလား”

သူ့အစ်ကိုက အရမ်းဆိုးတဲ့ပုံမပါက်ပါဘူး။

စုန့်ကျောက်လင်က သံယောဇဉ်ကင်းမဲ့နေတဲ့မျက်နှာထားလေးနဲ့ သူ့ခေါင်းခါပြလိုက်ပြီး

“မဟုတ်ဘူး ကျွန်တော်အောင်တယ်ဆိုမှ ခေါင်းနဲ့ကိုယ်အိုးစားမကွဲမှာ”

“...”ချူယင်း ခဏလောက် တိတ်ကျသွားတယ်။

“ဒါဆို နင်ဘာလို့စာကို စောစောစီးစီးကတည်းက ကောင်းကောင်း မပြန်လေ့လာထားရတာလဲ”

စုန့်ကျောက်လင်ကငိုပြောလာသည်။

“ကျွန်တော် လုပ်ခဲ့တယ်လေ ဒါပေမဲ့ စာမေးပွဲကိုက သောက်ရမ်းတွေ ခက်နေတာကို ကျွန်တော့်ရဲ့ ပျမ်းမျှကို တွက်ကြည့်ပြီးပြီ ၈၉မှတ်လောက်ပဲရမှာ”

အောင်မှတ်က ၉၀ပင်။

ချူယင်း သက်ပြင်းချလိုက်မိတယ်။

မိုက်မဲလိုက်တဲ့သား ဒီအဖေလည်း မင်းကို မကယ်တင်နိုင်တော့ဘူးကွ။

ဒီတစ်ခေါက် သင်္ချာကအရမ်းခက်တယ်လို့ ဖြေနေရင်းတောင် ချူယင်းပါခံစားမိခဲ့တယ်။ သူမ ကိုယ်ပိုင်အဆင့်မြင့်လေ့ကျင့်မှုလုပ်နေရင်းကို မေးခွန်းနှစ်မျိုးနှစ်စားကို ကြုံတွေ့ခဲ့ရတယ်။ ရှင်းရှင်းပြောရရင် အဲ့ဒီမေးခွန်းတွေရဲ့ ခက်ခဲမှုက တအားမြင့်လွန်းနေတာပဲ။တခြားကျောင်းသားတွေကိုမပြောသေးနဲ့ဦး၊သူမတောင် အဲ့တာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာ သေချာမသိဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားတွေ ဘယ်လောက်ပဲ စိုးရိမ်ပူပန်နေပါစေ ကိစ္စမရှိဘူး သူတို့ကရလဒ်နဲ့ ရင်ဆိုင်ဖို့ လိုကိုလိုသည်။

ပထမဆုံးအတန်းချိန်တွေက စာပေဘာသာရပ်သုံးခုဖြစ်တယ်။ ဖြေလွှာတွေကို ကျောင်းသားကျောင်းသူတွေဆီကို တိုက်ရိုက်ပေးလာသည်။ ချူယင်းဟာ ပထဝီမှာ ပထမ၊ သမိုင်းနဲ့နိုင်ငံရေးမှာ တတိယ ဖြစ်ပြီး စုစုပေါင်းအမှတ်မှာ ပထမအဆင့်နေရာရှိနေတာမလို့ သူမရဲ့စိတ်အခြေအနေက တည်ငြိမ်နေလေသည်။

“သေစမ်း ချူယင်းက ပထမ‌အဆင့်နေရာရပြန်ပြီ”

“သူက အရမ်းအံ့ဩစရာကောင်းတာပဲ...”

“သူက တကယ့် ထိပ်တန်းကျောင်းသူတစ်ဦးပဲ”

ဖုမင်ရွှမ်းဟာ မူလက ချူယင်း ကျဖို့ ‌မျှော်လင့်ခဲ့ပေမဲ့ သူမရဲ့စာပေဘာသာရပ်အမှတ်တွေကြားလိုက်ရပြီးနောက် သူမ တိတ်တိတ်ကလေးငြိမ်နေမိလေသည်။

တခါတရံမှာ အကြိမ်ပေါင်းများစွာချေမှုန်းခြင်းခံနေခဲ့ရပြီးနောက် လူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်က အလိုအလျောက်ကို မြှင့်မားလာတော့တယ်။

နောက်ထပ်နှစ်ဘာသာဖြစ်တဲ့ တရုတ်စာနဲ့ အင်္ဂလိပ်စာမှာ အတန်းက ရမှတ်ပုံစံက သိပ်များများစားသားပြောင်းလဲသွားခြင်းမရှိပေ။ ကျန်ယန်က တရုတ်စာပေမှာ အမှတ်အများဆုံးဖြစ်နေတုန်းပင်ဖြစ်သလို ချူယင်းကလည်း အင်္ဂလိပ်သာမှာ အမှတ်ပြည့် ဖြစ်ကာ ဖုမင်ရွှမ်းကတော့ ၁၄၅မှတ်ရလေသည်။

ဖုမင်ရွှမ်း သူမကိုယ်သူမ အတော်လေးကျေနပ်သွားမိသည်။ ဘေးနားကလူတွေက သူမကို ဝိုင်းချီးကျူးကြကုန်၏။

“၁၄၅မှတ်?! အမှတ်အရမ်းကောင်းတယ်”

“ဒုတိယနေရာရတာ ကောင်းတာပဲ”

ဖုမင်ရွှမ်းဘေးမှာထိုင်တဲ့ ရှင်းလန် သက်ပြင်းချမိတယ်။

အခန်း၅က ကျောင်းသားကျောင်းသူတွေက ဒုတိယနေရာအတွက် စပြီးယှဉ်ပြိုင်နေကြတာ ဘယ်အချိန်ကတည်းကမှန်း သူမ မသိတော့ပေ။သူတို့က ဒုတိယနေရာရနေသရွေ့ ကျေနပ်နေကြပြီပဲဖြစ်တယ်။

အတန်းပြီးတဲ့နောက် ကျန်ယန်က ချူယင်းရဲ့ထိုင်ခုံဆီ ပြေးလာခဲ့လေသည်။ “ယင်းယင်း သင်္ချာတစ်ဘာသာပဲ ကျန်တော့တယ်နော် နင့်ရမှတ်အတွက် သေချာနေပြီလား”

စုန့်ကျောက်လင်ရဲ့ ရလဒ်တွေက ဆိုးဝါးနေသော်လည်း သူသာ ချူယင်းရဲ့ ရမှတ်နဲ့ပတ်သက်ပြီး မဟားတရားကို ယုံကြည်ချက် မြင့်မားနေခဲ့တာဖြစ်တယ်။

“ဘာလို့ မသေချာရမှာလဲ ငါ့ယင်းကျဲ ပထမရမှာ အသိသာချည်းပဲကို”

ကျန်ယန်:“ပထမနေရာတဲ့သူက နင် ဟုတ်မနေဘူးနော်”

စုန့်ကျောက်လင်: “သူပထမနေရာရလိမ့်မယ်ဆိုတာကို ငါ ပိုက်ဆံချေးငှားပြီးတောင် လောင်းကြေးစားကြေးထပ်နိုင်တယ်”

ချူယင်းက သူတို့ရန်ဖြစ်နေတာက အတော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့ မြင်မိတယ်။ သူမခဏအကြာရယ်မောနေခဲ့မိပြ‌ီးအရှိကိုအရှိတိုင်းပြန်ဖြေလိုက်တယ်။

“၈၀ ရာခိုင်နှုန်းလောက်ပေါ့”

စာမေးပွဲက အမှန်တကယ်ကို ခက်ခဲပေမဲ့ ချူယင်းဟာ သူမအကောင်းဆုံးလုပ်ခဲ့တယ်လို့ ခံစားရတယ်။

ဆရာမဝမ်က သူမရဲ့လက်ထဲကဖြေလွှာစာရွက်တွေနဲ့အတူ စာသင်ခန်းထဲကို ခပ်သွက်သွက်လျှောက်လာလေသည်။ အခန်း၅က ကျောင်းသား/သူများဟာ ရုတ်တရက်ဆိုသလို စိတ်လှုပ်လှုပ်ရှားရှားတေွဖြစ်ကုန်ကြတယ်။

သူတို့ထဲကအများစုက မျှော်လင့်ချက်ရောင်ခြည်ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ချင်ကြတာဖြစ်သည်။ ဒီရမှတ်က မျှော်လင့်ချက်ရောင်ခြည်ဖလားပြိုင်ပွဲဝင်တွေအတွက် ဒုတိယရွေးချယ်မှုဖြစ်တာကြောင့် ကျောင်းသား/သူတွေက ရင်တထိတ်ထိတ်နဲ့ပင်။

စိုးရိမ်ကြောင့်ကြနေရတာကြောင့် ဘယ်သူကမှ အရင်ကလို ပွက်ပွက်ညံမနေကြတော့ဘူး။ သူတို့တွေ အဖြေတိုက်ပြီးကြတဲ့နောက် ကိုယ့်အဖြေကိုယ် နောက်ဆုံးရမှတ် မသိရသေးခင်မှာ စစ်ဆေးနေကြလေသည်။

စုန့်ကျောက်လင်က စိတ်ထိခိုက်သွားလေသည်။

သူ့အစ်ကိုဆီကနေ ရိုက်တာခံရတော့မဲ့ အလွန့်အလွန်ပြောင်မြောက်တဲ့ မြင်ကွင်းတွေကို သူမြင်မိနေတဲ့ပုံပင်။

ဆရာမပြောသွားတဲ့အဖြေတွေအရဆိုရင် ချူယင်းဟာ ၁၄၅ မှတ်ရရှိလေသည်။ သူမ နောက်ဆုံးမေးခွန်းကို မှားသွားပေမဲ့ ပြန်တွက်ချက်ကြည့်တော့ သူမရဲ့အဖြေကမမှားဘူးဆိုတာကိုသိလိုက်ရတယ်။

စုန့်ကျောက်လင်က မေးခွန်းစာရွက်ရဲ့ထိပ်ပေါ်မှာ သူမရေးခဲ့တဲ့အမှတ်ကိုမြင်သွားကာ “အိုးး”ဟုအာမေဋိတ်ပြုမိပြီး “ယင်းကျဲ ၁၄၅မှတ်တောင်ရတာလား”

ဒါဘယ်လိုမကောင်းဆိုးဝါးမျိုးကြီးလဲ!!

သူ့ခမျာ သူမအမှတ်ရဲ့ တစ်ဝက်သာသာပဲရတာလေ

ဒီအချိန်မှာ လူတိုင်းက သင်္ချာရမှတ်နဲ့ပတ်သက်ပြီးအရမ်းကိုစိုးရိမ်နေကြတာဖြစ်သည်။သူတို့ရဲ့နားတွေကို စွင့်နေကြပြီး ချူယင်း ၁၄၅မှတ်ရတာကို ကြားလိုက်ရတဲ့အခါ သူတို့အားလုံးကြောင်အမ်းအမ်းဖြစ်ကုန်ကြသည်။

ချူယင်းက စုန့်ကျောက်လင်ရဲ့ပါးစပ်ကြီးကို ဆို့ထားချင်မိတော့တယ်။

“ဒါက ငါ့ဘာသာငါတွက်ကြည့်ထားတဲ့ဟာ”

စင်ပေါ်က ဆရာမဝမ်က ရယ်လျက်:“အဲ့တာအမှန်ပဲ တကယ်လည်း ၁၄၅ မှတ်ရတာပဲလေ ဆရာမ ဒါကို တကူးတကကြည့်ထားတာ ကောင်းတယ် အရမ်းကိုတော်တယ်”

ချူယင်းက သူမကို စိတ်မပျက်စေခဲ့ဘူး။ ဒီတစ်ခေါက် သင်္ချာမေးခွန်းရဲ့ခက်ခဲမှုက စီနီယာအကြီးတန်းတတိယနှစ်တွေရဲ့ဟာအတိုင်းပဲ အတန်းထဲကတခြားထိပ်တန်းကျောင်းသား/သူတွေတောင် အလွန်ဆုံးမှ ၁၃၀လောက်သာရကြပေမဲ့ ချူယင်းကတော့ ၁၄၅မှတ်ရရှိခဲ့တာကြောင့် ဆရာမဝမ်ဟာ ပြိုင်ပွဲမှာ သူမကိုပြိုင်ခိုင်းရာမှာ ပိုပြ‌ီးတောင် ယုံကြည်ချက်ရှိလာစေသည်။

လူအုပ်ကြီးလိုက်ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ပြီး အားလုံးက ချူယင်းကို လှည့်ကာကြည့်လာကြသည်။

ကျောက်ယွီရှောင်းကပြောလာသည်။
“ချူယင်းကဘာလို့ အလွန့်အလွန်ကိုတော်နေရတာလဲ သူက နတ်ဘုရားမတစ်ပါးလိုပဲ”

လီကျင်းက ခေါင်းညိတ်လိုက်သည်။
“သူက နတ်ဘုရားမတစ်ပါးပဲ”

“ဒါဆို မျှော်လင့်ချက်ရောင်ခြည်ဖလားက သူ့ရဲ့နေရာအတွက်က ဆုံးဖြတ်ပြီးပြီပေါ့..”

“ဖြစ်နိုင်လောက်တယ်”

ဖုမင်ရွှမ်းက သူမရဲ့၁၃၂မှတ်ကိုကြည့်ကာ တွေးလိုက်မိတယ်။ သူမ ပြိုင်ပွဲနေရာခွဲတမ်းကိုရရင်တောင်မှ ဆောင်းရာသီလေ့ကျင့်စခန်းကိုသွားဖြစ်ရင် ချူယင်းဆီကနေ သူမ ရိုက်ချခံရဦးမှာမလား။ အဲ့လိုသာဆို မသွားတာကမှပိုကောင်းဦးမယ်။

ကျန်ယန်က ချူယင်းဆီကို အတန်းချိန်ပြီးပြီးချင်းပြေးလာခဲ့တယ်။ သူမက ၁၃၅မှတ်ရကာ လဝက်စာမေးပွဲတုန်းကထက်ကိုသာလာသည်။မူလက သင်္ချာဟာ သူမရဲ့ အားသာတဲ့ဘာသာရပ်မဟုတ်တာမလို့ ကျန်ယန်ကတော့ ဒီရမှတ်ကို အတော်လေး‌စိတ်ကျေနပ်နေတယ်။

အခန်း၅ရဲ့အနောက်ပေါက်တံခါးကနေ နောက်ထပ်ပုံရိပ်တစ်ခုထွက်ပေါ်လာကာ တိုးတိုးလေးလှမ်းခေါ်လာတယ်။

“ချူယင်း ချူယင်း”

ချူယင်း လှည့်ကြည့်လိုက်တော့ တံခါးနားမှာရှိနေတဲ့ဟန်ချူယဉ်ကို မြင်လိုက်ရတယ်။

ချူယင်းက အပြုံးလေးတစ်ခုနဲ့ လက်ယမ်းပြလိုက်တော့ ဟန်ချူယဉ်က ပျော်ရွှင်စွာပြေးဝင်လာတယ်။ အခန်း၅ကကျောင်းသားကျောင်းသူတွေကလည်း သူမကိုသိကြ၏။ သူမက အဆင့်နှစ်လေ။ ချူယင်းမလာခင်ကဆို ဟန်ချူယဉ်က အားလုံးထဲမှာ အမြဲတမ်းအဆင့်တစ်ပင်။ ထိပ်တန်းကျောင်းသူတစ်ယောက်ဘေးမှာ ထိပ်တန်းကျောင်းသူတစ်ယောက်က တဝဲလည်လည်ရှိနေတာပဲလား။

“ငါကြားရသလောက် နင် ၁၄၅မှတ်ရတယ်ဆို” ဟန်ချူယဉ်က စိတ်လှုပ်ရှားစွာပြောလာပြီး

“နင် မျှော်လင့်ချက်ရောင်ခြည်ဖလားပြိုင်ပွဲကို သွားရတော့မှာသေချာတယ်”

ချူယင်းရဲ့မျက်ခုံးက အံ့အားသင့်စွာ မြင့်တက်သွားသည်။

“နင် ငါ့အမှတ်ကိုသိသွားပြီပေါ့?”

ဟန်ချူယဉ်က သူမရဲ့ လက်ကိုင်ဖုန်းကို ယမ်းပြလိုက်ပြီး

“ဖိုရမ်မှာ တင်ထားခဲ့တာလေ နင်အရမ်းကို အံ့အားသင့်စရာကောင်းလို့ လူတိုင်းက အာရုံအကြီးကြီးစိုက်ထားကြတယ်”

သူမကို ရက်အနည်းငယ်ကျော်ကြာသိပြီးနောက် ချူယင်းဟာ သူမရဲ့ အဆုံးမရှိတဲ့ ဖန်ဂဲလ်လုပ်မှုများစွာကို အလိုအလျောက် စစ်ထုတ်နိုင်ဖို့ သင်ယူထားခဲ့ပြီးပြီဖြစ်တယ်။ ဒီကလေးက ကောင်းတယ်ဆိုပေမဲ့ လူကို မြှောက်ရတာ တအားကြိုက်တာ။

ဟန်ချူယဉ်ကတော့ သူမဟာ ချဲ့ကားပြောနေတာလို့လုံးဝကို မထင်ဘဲ သူမရဲ့စကားလုံးတွေက ချူယင်းနဲ့လိုက်ဖက်ဖို့က တအားကို အားဖျော့ပြီးအစွမ်းမထက်ဘူးလို့တောင် ထင်နေခဲ့တာ ဖြစ်သည်။

ရာသီဥတုက အေးနေတာကြောင့် ချူယင်းက သူမရဲ့ကျောင်းယူနီဖောင်းဝတ်စုံအပေါ်ကနေ ကော်လာမြင့်မြင့်ပါတဲ့ သိုးမွေးချည်အမဲရောင်ဆွယ်တာလေးတစ်ထည်ဝတ်ဆင်ထားတယ်။ ဒါဟာ သူမရဲ့လည်တိုင်ဖြူဖြူသွယ်လျလျလေးကို ပေါ်လွင်စေသည်။ သူမရဲ့အညိုရောင်ဖျော့ဖျော့ဆံနွယ်တွေက ပခုံးထက်ဆင်းကျနေရင်း သူမရဲ့မေးစေ့က ကော်လာကိုထိနေလေသည်။

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now