《42》

3.7K 529 39
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 42 –ငါ မင်းကို သတ်ချင်တယ်!🎶

ဒီမတော်တဆကိစ္စနဲ့ ပတ်သက်ပြီး သူမအနေနဲ့ ဘာမှမလုပ်ဘူးဆိုတာကို သက်သေပြဖို့အတွက် ချူယင်းဟာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဝက်ပေါက်ကလေးရဲ့ ဗိုက်ကို ညှစ်လိုက်တယ်။

“ထလေ ဟျောင့် ထဟ”

မလှုပ်မယှက်ချင်ဖြစ်နေတဲ့ ဝက်ပေါက်စလေးဟာ မြေပြင်ပေါ် လှိမ့်ချနေလေသည်။ ၎င်း၏မျက်လုံးဝိုင်းကြီးတွေဟာ နားမလည်နိုင်လောက်တဲ့ ချစ်စရာကောင်းမှုတွေ ဖော်ပြလာတယ်။

ချူယင်း:??? တွေ့လား ဒီဝက်ပေါက် အဆင်ပြေပါတယ်ဆိုနေ! 

ဟျောင့် ဝက်ပေါက်ကောင် နင့်ဖေဖေဘယ်သူလဲဆိုတာ သိရဲ့လားဟမ် ။ ဒါက  နင့်ရဲ့ဖန်ဆင်းရှင်ကို  ဆက်ဆံလိုက်တဲ့ပုံမျိုးပေါ့လေ!!

သူဒါကို တွေးမိလိုက်လိုက်ချင်း  ချူယင်းဟာ
သူ့ကိုယ်သူ အပြစ်တင်မိနေတယ်ဆိုတာကို ရုတ်တရက် သဘောပေါက်မိသွားတယ်။သူမက စိတ်ထဲကနေသာ ‌ကြက်တွန့်တတ်မိတာကို ဝမ်းသာမိတယ်။

သို့သော် ဟိုကောင် လုကျန်းက နက်နက်ရှိုင်းရှိုင်း ကို ပြုံးနေတယ်ဆိုတာ ခံစားလို့ရနိုင်သည်။

ချူယင်း အနှီဝက်ပေါက်စလေးကို အနည်းငယ် ဖိနယ်ပေးလိုက်ကာ မတ်တပ်ထရပ်ပြီး နှစ်လှမ်းလောက် လှမ်းထွက်သွားလိုက်ဖို့ ကြိုးစားပေမဲ့ အဲ့ကောင်က အရမ်း ခေါင်းမာနေသည်။ သူမခမျာ ရွေ့လို့မရ။

နောက်တော့ လုကျန်းက သူ့ခေါင်းငုံ့ကာ ပြောလာသည်။ “ထလိုက်”

ဝက်ပေါက်စလေးဟာ ပျော်ပျော်ရွှင်ရွှင် လှုပ်ရွနေပြီး ပျော့ပြောင်းစွာ ကိုယ်ကို လှည့်ပေးလာသည်။

ချူယင်း:“......”

သူ့ ခြေထောက်ကို ပုတ်ကာ မတ်တပ်ထရပ်ပြီး သူ့အကြည့်တွေက လုကျန်းပေါ် ရောက်ရှိသွားလေ၏။

လုကျန်းက မျက်ခုံးခပ်ရေးရေးပင့်ပြကာ “ဘာဖြစ်လို့လဲ”

ချူယင်းက ချီးကျူးလိုက်၏။

“နင် ဝက်ကို ထိန်းတဲ့နေရာမှာ တကယ်တော်တာပဲနော်”

“…...” လုကျန်း ခဏလောက် တိတ်ဆိတ်သွားကာ “ဒီတိုင်း ထိန်းလို့ရတယ်ဆိုရုံလောက်ပါပဲ”

ဝက်ပေါက်ကလေးဟာ သူတို့နှစ်ယောက်ကြား ပျော်ရွှင်စွာ ပြေးလွှားနေလေသည်။ ဥယျာဉ်ရဲ့ထောင့်နားက ဧရိယာမှာ အရမ်းကို လူရှင်းနေ၏။ တိုက်ခတ်လာတဲ့ လေပြေများဟာ  ပန်းများ၏ ပွင့်ဖတ် ပွင့်ချပ်တို့ တိတ်တဆိတ် ကြွေကျနေရင်း မွှေးရနံ့ပေါင်းတစ်စွန်းတစ်စကို သယ်ဆောင်လာတယ်။

လုကျန်းဟာ ချူယင်းကို  စိုက်ကြည့်ပြီး ညင်ညင်သာသာ ချောင်းဟန့်လာတယ်။

“နောက်တာပါ မင်း ဝက်ပေါက်စအတွက် တာဝန်ယူပေးစရာမလိုပါဘူး ဒီတိုင်း သူ့ကို နာမည်ပေးပေးရုံပါပဲ”

ချူယင်း အံ့ဩသွားမိကာ “နင့်ရဲ့ ဝက်ကိုလေ?? ငါက နာမည်ပေးပေးရမယ် သင့်တော်လို့လား”

“သင့်တော်ပါတယ်” လုကျန်းက သူ့ကို အာရုံစူးစိုက်စွာ ကြည့်လာတယ်။

ချူယင်းဟာ သူမရဲ့အရင်ဘဝတုန်းက မမွေးလိုက်ရတဲ့ ကြောင်လေးကို ဘယ်ကနေ ဘယ်လို သတိရမိသွားမှန်းမသိ ရသွားလေသည်။
လုကျန်း အဲ့ကြောင်လေးကို ပြန်သိမ်းသွားပြီး သူမရဲ့လက်ပေါ်က ကုတ်ရာခြစ်ရာတွေ တဖြည်းဖြည်းပြန်သက်သာသွားတဲ့နောက် သူမစိတ်ထဲမှာ နောင်တတချို့ ရမိလေသည်။

“ဒါဆိုလည်း သူ့ကို ဟယ်ဇီလို့ခေါ်လိုက်” ချူယင်းကပြောလိုက်တယ်။

အဲ့တာက ကြောင်ရဲ့ နာမည်ပင်ဖြစ်သည်။
လုကျန်းက အဲ့တာကို သူမအား   ပုံးတစ်ခုထဲ ထည့်ပေးခဲ့တာမလို့  ဟယ်ဇီ(စက္ကူဘူး ) လို့ နာမည်ပေးခဲ့တာဖြစ်၏။

ဒီဘဝမှာ ကြောင်ပေါ်မလာတော့တာမလို့ အဲ့ဒီနာမည်ဟာ အခုဆို ဒီ ဝက်ပေါက်စ ပိုင်သွားပြီပဲဖြစ်တယ်။

“ကောင်းပြီလေ”

လုကျန်းဟာ သူ့ခြေထောက်နားက ဝက်ပေါက်စကို ငုံ့ကြည့်ကာ အဲ့နောက် သူ့ရှေ့က ကောင်မလေးကို ကြည့်ဖို့ အကြည့်ပြန်ရုပ်လိုက်မိတယ်။

လူတိုင်း သူတို့ရဲ့အချစ်တွေကို သူမအား စိတ်အားထက်သန်တက်ကြွစွာဖော်ပြနေတဲ့အချိန်မှာ သူရတက်မအေးရသလိုလို သောကဖြာမိနေသလိုလို ခံစားရသည်။ ရှင်းပြလို့မရနိုင်တဲ့
မသက်မသာခံစားချက်က သူ့ရဲ့ နှလုံးသား အောက်ခြေမှာ မီးဖိုအောက်ခြေက ပြာမှုန့်အလွှာတစ်ခုလို စုပြုံနေလေ၏။ 

သူတစ်ခုခုတော့ လုပ်မှရမယ်ဆိုတဲ့ခံစားချက်မျိုးရနေမိတယ်။ ဘယ်လို ရလဒ်မျိုးမှ ဖြစ်မလာဘူးဆိုရင်တောင်မှပေါ့။

လုကျန်းဟာ သူ့နှလုံးခုန်နှုန်းအတော်လေးပရမ်းပတာဖြစ်နေတယ်ဆိုတာကို သိလိုက်ရပြီး သူ့နောက်ကျောအနည်းငယ် တောင့်တင်းသွားသည်။

နာကျင်မှုဖျော့ဖျာ့ ခံစားမိလိုက်ရပြီး
“ချူယင်း —” လို့ခေါ်လိုက်တဲ့ သူ့လေသံကအနည်းငယ် တိုးနေတယ်ဆိုတာကို သတိထားမိလိုက်တယ်။

“ဘာဖြစ်လို့လဲ”

လုကျန်းရဲ့ နှုတ်ခမ်းတွေ ဖွင့်ဟလာပြီး “ငါ...”

—“ရှောင်ယင်း!!”

လုကျန်းဟာ သူ့စကားတောင် မဆုံးသေးခင်
ချူရှီရဲ့အသံက ထွက်ပေါ်လာ၏။

ချူယင်း လုကျန်းကို  မသင်္ကာစွာ စိုက်ကြည့်လိုက်ပြီးနောက် ချူရှီကို လက်မြှောက်ပြလိုက်တယ်။

“ညီမလေးက ဒီမှာ”

ချူရှီဟာ ချမ်းသာတဲ့ အမျိုးသမီးတော်တော်များများနဲ့ စကားပြောဆိုပြီးတဲ့နောက် ချူယင်းကို မတွေ့ရတော့ပေ။ သူ သူ့ညီမလေးရဲ့အသံကြားရာဘက်ကို လိုက်လာပြီးကြည့်လိုက်တော့  သူ့ညီမလေးဟာ အန္တရာယ်ကောင်ကြီး လုကျန်းနဲ့ အတူ ရပ်နေတာကို မြင်လိုက်ရတယ်။

သူ့စိတ်ထဲ အချက်ပေးသံတွေ ရုတ်တရက်ဆိုသလို မြည်ဟီးလာပြီး ချူယင်း ရှိရာဘက်ကို အလောတကြီး ပြေးလွှားသွားမိလိုက်သည်။

အယုတ်တမာကောင် လုကျန်းဟာ သူ့ရှောင်ယင်းနဲ့ ဘာဆိုဘာမှ မဖြစ်သေးဘူး ဆိုသော်လည်း ကျောင်းမှာ သူ့ညီမလေးရဲ့ ကျော်ကြားမှုက အံ့အားသင့်စရာကောင်းစွာ မြင့်တက်နေဆဲပင်။

ချူရှီ သူ့အိပ်မက်ကို အလေးအနက်ထားမိနေတာမလို့ သူ ဒီလောက်ကြီးဖြစ်ပျက်နေမိတဲ့အထိပင်။

လုမိသားစုရဲ့ စီးပွားရေးအင်ပါယာက နောင်ကျရင် ပိုပြီးတောင် အားကောင်းလာဦးမှာဖြစ်သည်။ ဒီလိုသိနေတာတောင်မှ သူ့အနေနဲ့ ချူယင်းကို လုကျန်းနဲ့ မပတ်သက်စေချင်ပေ။ သူဟာ သူမကို ထူးချွန်ပြောင်မြောင်စွာနဲ့ပဲ ဒီတိုင်းလေး ဆက်နေစေချင်တယ်။

လုကျန်းရဲ့အမူအရာဟာ ချူရှီပေါ်လာတဲ့အခိုက် အေးစက်သွားလေပြီ။ သူ့ရဲ့ ရေခဲတမျှအေးစက်တဲ့ အမည်းရောင်မျက်ဝန်းများက ဒေါသဖြစ်နေမှု ကို ပြသနေ၏။ 

နှစ်ယောက်စလုံးက အချင်းချင်း စက္ကန့်ပိုင်းစာမျှ စိုက်ကြည့်နေပြီး သူတို့ရဲ့ ရန်လိုစိတ်တွေကို ဖုံးကွယ်ထားခြင်းမပြုပေ။

“မင်းတို့ ဘာအကြောင်းတွေပြောနေကြတာလဲ” ချူရှီက အပြုံးလေးနဲ့ မေးလာတယ်။

လုကျန်းက ဖြေပေးဖို့ကို ပျင်းလွန်းပြနေကာ
ချူယင်းကပဲ အစားပြန်ဖြေလာတယ်။

“အာ ညီမလေးတို့ သူ့ဝက်အကြောင်းပြောနေကြရုံပါပဲ”

ချူရှီ: “???”

သူငုံ့ကာကြည့်လိုက်တော့ တကယ်ပဲ ဝက်တစ်ကောင်ရှိနေတာကို တွေ့လိုက်ရတယ်။

“လုသခင်လေးက‌တော့ တအားအဆင့်မြင့်တာပဲဗျာ” ချူရှီက လက်မထောင်ပြလိုက်၏။

လုကျန်းက သူရွဲ့ပြောနေတာကို မသိချင်ယောင်ဆောင်ကာ အေးအေးဆေးဆေးပဲပြောလာသည်။

“ကျေးဇူး”

“ကောင်းပြီလေ ရှောင်ယင်း  ကိုကိုတို့ လမ်းလျှောက်လို့လည်းပြီးပြီ အိမ်ပြန်ကြစို့လေ ” ချူရှီက လုကျန်းကို အောင်ပွဲခံအကြည့်တစ်ချက်ပေးလိုက်၏။

ချူယင်း သဘောတူလိုက်ပြီးနောက် မောင်နှမနှစ်ယောက် အတွဲညီညီ ပြန်သွားကြလေသည်။

လုကျန်း သူတို့ရဲ့နောက်ကျောတွေ ဝေးကွာသွားတာကို တိတ်တဆိတ်ကြည့်နေမိကာ သူ့အကြည့်တွေကို ပြန်ရုပ်ပြီး အောက်ကိုငုံ့ကြည့်လိုက်တယ်။

ခဏကြာသွားပြီးနောက် သူဟာ ဝကစ်နေတဲ့ ဝက်ပေါက်စကို ‌မချီဖို့ ကုန်းလိုက်ကာ သူ့ဗိုက်ကို ထိလိုက်တယ်။

“သွားကြစို့ ဟယ်ဇီ”

ငါ သူ့ကို နောက်တစ်ခေါက်ကျရင် ပြောလိုက်မယ်။

စုန့်ကျောက်လင်ဟာ စိုးရိမ်ပူပန်နေမိတာကြောင့် အရာတိုင်းကို အနီးကပ်အာရုံစိုက်နေတယ်။
ယင်းကျဲနဲ့ ကျန်းကောတို့ရဲ့ အပြုအမူတွေက ထူးခြားမနေတော့ သူ့အနေနဲ့ ဘာမှကို သတိမပြုမိသေးပေ။ 

စုန့်ကျောက်လင်: ဘာဖြစ်လို့ xx က   အခုထက်ထိ မလှုပ်ရှားရသေးတာလဲ။  သူ‌သာဆိုအရမ်းတွေ အလျင်လိုနေပြီ! 

သူတစ်ယောက်တည်းကသာ ဒီလျှို့ဝှက်ချက်ကြီးကို သိထားတဲ့ တစ်ဦးတည်းသောသူဆိုတာကို သိပြီး အရမ်းစိတ်လှုပ်ရှားမိသလိုခံစားရတယ်။

ချူယင်း သူ့ရဲ့ မှတ်စုစာအုပ်ကို အဝေးချလိုက်တော့ ဘေးနားကနေ ငြိမ်ငြိမ်လေး ခေါင်းထိုင်ကုတ်နေတဲ့ စုန့်ကျောက်လင်ကို သူတွေ့လိုက်တယ်။

“လင်လင်” ချူယင်းက မေးလိုက်တယ်။ “အဲ့ဟာ...(ပေါက်ပြီး) ထွက်နေလို့လား”

စုန့်ကျောက်လင်: “ဘယ်ဟာလဲ”

ချူယင်းက သူ့ပါးစပ်ကလေးကို ကာလိုက်ကာ တိုးတိုးလေး ကပ်ပြောလိုက်တယ်။ 

“လူဆယ်ယောက်မှာ ကိုးယောက် ဖြစ်တတ်တဲ့ဟာလေ”

စုန့်ကျောက်လင် ကြောင်သွားမိတယ်။

ချူယင်းကတော့ သူက တုံးချင်ယောင်ဆောင်ပြီး အဲ့အကြောင်းပြောပြရမှာ ရှက်နေတယ်လို့ ထင်လိုက်မိကာ အဲ့အကြောင်း ထပ်မမေးတော့ပေ။

သူ့ထိုင်ခုံကနေ သင်္ချာမှတ်စုစာအုပ်လေးကိုင်ကာ ထလိုက်တယ်။စုန့်ကျောက်လင်က  သူမကို ရုတ်တရက်ကြီး အနောက်ကနေ လှမ်းဆွဲထားတယ်။

“အာ...ယင်းကျဲ”

သူ နှစ်စက္ကန့်လောက် တွေဝေနေပြီး မပီမသပြောလိုက်တယ်။

“အစ်မသိလား တစ်ယောက်ယောက်ကလေ  ကျွန်တော့်အမေ ဖြစ်ချင်နေတယ်!”

[T/N: အထာနဲ့ ပြောလိုက်တာပါ ချူယင်းက စုန့်ကျောက်လင်ကို သားလေးလို့ခေါ်ပြီး  စုန့်ကျောက်လင်ရဲ့ ဖေဖေပါဆိုပြီးအတင်းလုပ်နေတော့  လုကျန်းက အမေနေရာမျိုးဖြစ်သွားသလိုမျိုးပေါ့]

ချူယင်း: “?”

စုန့်ကျောက်လင်က ဆက်ပြောလိုက်၏။

“အရေးအကြီးဆုံးအရာက  အဲ့ဒီ တစ်ယောက်ယောက် ဆိုတာကို အစ်မ သိပါတယ်!”

ချူယင်း: “??”

စုန့်ကျောက်လင် သူ့ရဲ့မျက်လုံးဝိုင်းကြီးတွေနဲ့ သူမကို မျှော်လင့်တကြီးကြည့်ကာ  မျက်လုံးလေးပေကလပ်ပေကလပ်လုပ်ပြလေသည်။

ချူယင်းရဲ့ အမူအရာက တဖြည်းဖြည်းစိတ်မကောင်းဖြစ်သွားတဲ့ပုံပေါက်ကာ

“တောင်းပန်တယ်နော် နင်တို့အိမ်က ဒီလောက်ထိ ဇာတ်ရှုပ်နေလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး”

စုန့်ကျောက်လင်:“??”


ချူယင်းဟာ သူမ အဲ့ဒီမေမေလေးကို သိတယ်ဆိုကတည်းက အဲ့သူဟာ ငယ်ငယ်လေးပဲ ဖြစ်ရမယ်ဆိုပြီး တွေးလိုက်တယ်။

သူမဟာ စုန့်ကျောက်လင်ရဲ့ခေါင်းလေးကို ကြင်ကြင်နာနာ ပွတ်သပ်လိုက်ကာ

“စိတ်မကောင်းမဖြစ်ပါနဲ့ဟာ နင့်အနေနဲ့ နင့်အဖေနဲ့နေမလား နင့်အမေနဲ့ နေမလားဆိုတာ ကောင်းကောင်းစဉ်းစားထားပေါ့”

ထိုသို့ပြောပြီးနောက် ချူယင်း သက်ပြင်းချလိုက်ကာ ထွက်သွားတော့တယ်။

ချမ်းသာတဲ့မိသားစုတွေဆိုတာ ဒီလိုပဲ တကယ်ကို ရှုပ်ထွေးတယ် ကျွတ် ကျွတ်!

စုန့်ကျောက်လင်ဟာ သူ့ပြဿနာအကြောင်းတွေးဖို့ တစ်ယောက်တည်း ပစ်ထားခဲ့တာကိုခံလိုက်ရပြန်သည်။

ချူယင်းဟာ ပြိုင်ပွဲမှာ သူ့အတွေ့အကြုံတွေကို မျှဝေဖို့ သင်္ချာအဖွဲ့မှ စီနီယာတွေဆီကနေ ဖိတ်ခေါ်တာခံခဲ့ရတယ်။  ၎င်းဟာ လစ်ဘရယ်အနုပညာဘာသာရပ်ဌာနအတွက်  များစွာ အကျိုးရလဒ်တွေပေးလေသည်။

မျှော်လင့်ချက်ရောင်ခြည်ဖလားပြိုင်ပွဲပြီးသွားသော်လည်း ချူယင်းဟာ ဆောင်းရာသ‌ီလေ့ကျင့်ရေးစခန်းတုန်းက ခံစားချက်များကို မှတ်မိနေသေးဆဲပင်။

ဒီနှစ်မှာ သူတို့ကျောင်းတွင် ဆုရခဲ့တဲ့သူ နှစ်ဦးရှိပေမဲ့ သူမကသာ အကြောင်းပြချက်နှစ်ခုကြောင့် သင်္ချာအဖွဲ့ဆီကနေ ဖိတ်ကြားခြင်းခံရတဲ့ တစ်ဦးတည်းသောသူဖြစ်တယ်။ 

ပထမတစ်ချက် သူမက ရွှေတံဆိပ်ဆုရှင်ဖြစ်တယ်။

ဒုတိယတစ်ချက်  စီနီယာတွေက လုသခင်ငယ်လေးကို သွားမဖိတ်ရဲကြဘူး။

ချူယင်းဟာ  တစ်ယောက်တည်းသွားရလည်းအဆင်ပြေပါတယ်လို့ ပြောရင်း အသည်းအသန် သဘောတူလိုက်တယ်။

အဲ့ဒီကောင် ဖိတ်ကြားခံရမယ်‌ဆိုရင် သူ့ရဲ့
တင်ဆက်မှုကိုပါ ထိခိုက်လာလိမ့်မယ်။

မျှဝေခြင်းအစီအစဉ်ရဲ့ တည်နေရာက အထက်တန်းပထမနှစ်လေးတွေရဲ့ အတော်လေးကျယ်တဲ့အခန်းကြီးတစ်ခုဖြစ်သည့် အတန်းတွင်ဖြစ်၏။ လာနားထောင်ကြတဲ့ ကျောင်းသားအများစုက နောက်နှစ်တွင် အနုပညာ ဘာသာရပ်တွဲကို ရွေးချယ်ချင်ကြတဲ့သူတွေဖြစ်တယ်။  တချို့လူတွေကတော့ ချူယင်းကို တကူးတက လာ‌ကြည့်ကြတာဖြစ်သည်။

ချူယင်း စာသင်ခန်းထဲကတံခါးပေါက်နားတွင် ကျောင်းသား ဟောက်ယောင်ကို တွေ့လိုက်ရတယ်။

ချူယင်းနဲ့ အရင်တစ်ခေါက်အဖြစ်အပျက်ပြီးသွားတဲ့နောက် သူ မတ်တပ်တောင် မရပ်နိုင်ခဲ့ပေ။ သူ့ဗိုက်ဟာ သူမရဲ့ မျက်နှာလှလှလေးကို မြင်လိုက်ရတဲ့အချိန်တိုင်း ပြန်နာလာတယ်။

သူ သာမန်အဝတ်အစားတွေကိုပဲ စပြီး ဝတ်စားလာကာ သူ့လက်ကိုအသားတမင်တကာဖော်ပြတာမျိုးတွေ ထပ်မဝတ်တော့ပေ။ အဲ့ဒီအစား တခြားကျောင်းသားတွေလိုပဲ  hoodie ကိုသာ ဝတ်ဆင်တော့သည်။ အခုဆို သူ့ဆီမှာ အရောင်စိုစိုအချစ်စိတ်ပြင်းတဲ့ မျက်ဝန်းတွေမရ‌ှိတော့တာကို ချူယင်း မြင်လိုက်ရတယ်။

“နင်ရော လာနားထောင်တာလား” သူမ ကြင်ကြင်နာနာမေးလိုက်တယ်။

ဟောက်ယောင်က မသိမသာ ခါးမတ်သွားကာ

“မင်္ဂလာပါ စီနီယာအစ်မ”

ချူယင်း ခေါင်းညိတ်ပြလိုက်ကာ သူ့လက်ချောင်းတွေ ဝှေ့ယမ်းပြလိုက်သည်။

“လန့်မသွားပါနဲ့”

ဖြူဖြူသွယ်သွယ် လက်ချောင်းထိပ်လေးတွေက သူ့မျက်လုံးထဲ ဖြတ်ပြေးသွားလေသည်။ သူမရဲ့မျက်နှာလှလှလေးမှာ ဘာအမူအရာမှရှိမနေပေ။ မတွေးတတ်လောက်အောင် တည်ငြိမ်မှုတစ်ခုသာ ရှိနေတယ်။

ဟောက်ယောင်: အားးး ‌အရမ်းချော‌တာပဲ!!

သူအရင်ကလိုပြန်ဖြစ်တော့မယ်ထင်တယ်!

“စီနီယာအစ်မရယ် ကျွန်တော့်ကို အဲ့ဒီလိုမျိုးမကြည့်ပါနဲ့တော့ဗျာ  ကျွန်တော် တကယ်ကြီး စာကိုကောင်းကောင်းလုပ်တော့မလို့ပါ” ဟောက်ယောင်က ရှင်းပြလိုက်တယ်။

ချူယင်း နည်းနည်းအံ့ဩသွားကာ “အဲ့တာကောင်းတာပေါ့ ”

“ကျွန်တော် အစ်မကို လိုက်ဖို့ အခုဆုံးဖြတ်လိုက်ပြီမလို့ စာကိုပိုကြိုးစားတော့မှာ”

ဟောက်ယောင်က လက်သီးလေးဆုပ်လိုက်ကာ

“ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်ကို ထူးချွန်‌ထက်မြက်လာအောင်လုပ်ပြီး ကျွန်တော့်ရဲ့အချစ်စိတ်ပြင်းပြင်းတို့က နောက်‌ဆုံးတော့ အစ်မနဲ့ ထိုက်တန်လာလိမ့်မယ်”

သူ့စကားနောက်ဆုံးအပိုင်းမတိုင်ခင်အထိ ကျေနပ်နေမိတဲ့ ချူယင်း: “......”

??? ဘာကြီးလဲဟ?

အဲ့ဒီနောက် ဟောက်ယောင်က စာသင်ခန်းထဲကို စိတ်အားထက်သန်စွာ ဝင်သွားလေသည်။ သူဟာ အတန်းရဲ့ အရှေ့က ထိုင်ခုံရဲ့ထောင့်နားထိုင်လိုက်ပြီး ‌စင်မြင့်ထက်ကို အားအင်အပြည့်ဖြင့် ကြည့်လိုက်တယ်။

ချူယင်း တံခါးကနေ ဖြတ်လျှောက်လာလိုက်သည်နှင့် လက်ခုပ်ဩဘာတီးသံများ အလုံးလိုက်အရင်းလိုက် ထွက်ပေါ်လာသည်။

“မင်္ဂလာပါ စီနီယာမမ”

“စီနီယာမမက အရမ်းကြိုးစားတာပဲ”

ချူယင်း သူမရဲ့ နှာဖျားထိပ်လေးပွတ်သပ်မိလိုက်တယ်။ သူ့အနေနဲ့ ဘာပြန်ပြောပေးရမှန်းမသိတော့တာမလို့ ပြန်သာ ပြုံးပြလိုက်၏။

“အားးး သူငါ့ကို ပြုံးပြလိုက်တာနော်”

“ပြုံးပြလိုက်တာ ငါ့ကိုပဲမလား?!”

“ဆောင်းရာသီလေ့ကျင့်ရေးစခန်းက အရင်နှစ်က ချန်ပီယံတွေ ဖိတ်တယ်လို့ ငါကြားတယ်  အိုးး ငါ ငါ့ယင်းကျဲအတွက် ဝင်ပြိုင်ချင်တယ်!”

ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုကြောင့် ချူယင်းပြောတဲ့အချိန် လေထုအခြေအနေက အရမ်းကောင်းမွန်နေ၏။

“ဒါတွေက ဒီနှစ် မျှော်လင့်ချက်ရောင်ခြည်ဆုဖလား ပြိုင်ပွဲရဲ့ ဆောင်းရာသီလေ့ကျင့်ရေးစခန်းမှာ ကျွန်မ လေ့လာခဲ့တဲ့ အဓိက အခြေခံဘောင်တွေပဲ ပြိုင်ပွဲကို ဝင်ပြိုင်ချင်ကြတဲ့ လူတိုင်း  အခုကတည်းက စပြီး ကြိုတင်လေ့လာကြပါလို့ သတိပေးနှိုးဆော်လိုက်ပါတယ်”

ချူယင်းရဲ့ ရိုးစင်းလှတဲ့ အကြည့်တွေက စင်အောက်ကို ဝေ့ဝိုက်သွားကာ

“ကျွန်မလိုတော့ မဖြစ်ကြစေနဲ့ပေါ့ ကျွန်မရဲ့ အခြေခံဖောင်ဒေးရှင်းက အတော်လေး နည်းပါးတာမလို့ အမှီလိုက်နိုင်ဖို့  အားပိုပြီး စိုက်ခဲ့ရတယ်”

နားထောင်နေတဲ့ ပရိသတ်: နားထောင်ကြည့်ကြပါဦး ဒါလူစကားကော ဟုတ်သေးရဲ့လား

အခြေခံဖောင်ဒေးရှင်းမကောင်းဘူးလို့ ပြောနေပေမဲ့ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်တယ်တဲ့လေ!

ဒါပေမဲ့ ဒီ လူစကားမပြောတတ်တဲ့ မမက အရမ်းလှနေတာပဲ...TAT

မျှဝေဟောပြောပြီးတဲ့နောက် ချူယင်းဟာ  ပရိသတ်အုပ်ဆီမှ မေးခွန်းမြောက်မြားစွာကို ဖြေပေးနေရတယ်။ လာမေးကြတဲ့ သူတွေထဲက တချို့က ချူယင်းကို သဘောကျကြတဲ့သူများဖြစ်တယ်။ သူမကို  ရည်းစားစာတွေပေးခဲ့တဲ့
အဲ့ဒီလူတွေကို မှတ်မိလိုက်၏။

ဆရာမမှ အနှီစိတ်အားထက်သန်လွန်းနေတဲ့ ကျောင်းသားကျောင်းသူအုပ်ကို လာပြီး ဆွဲထုတ်ပေးတဲ့အချိန်ကျမှ ချူယင်းခမျာ အသက်ရှုချောင်ရှာတော့တယ်။

ဟောက်ယောင်က စာသင်ခန်းအပြင်ဘက်ကနေ စောင့်နေပြီး ဓာတ်ဆားရေ တစ်ဘူးအား သူမလက်ထဲထည့်ပေးလာသည်။

ချူယင်း သက်ပြင်းချလိုက်မိပြီး တစ်ငုံ ကောက် သောက်လိုက်၏။

“စီနီယာမမ ကျွန်တော် ဒီအကြောင်းကြားခဲ့မိတယ် လုကျန်း အစ်မကို ဘက်လိုက်တာ အံ့ဩစရာမဟုတ်ဘူးပဲ”

ချူယင်း ရေသောက်နေရင်း မျက်ခုံးတွေပါ အံ့ဩတကြီး ပင့်သွားမိတယ်။

—ဘာကြီး? နင် ဒါကို ဘာဖြစ်လို့ ရုတ်တရက်ကြီး ပြောနေရတာတုန်း?

ဟောက်ယောင်ရဲ့ မျက်လုံးတွေ ပြူးသွားကာ သူ့ရဲ့ အတင်းအဖျင်းပြောနေကျရုပ်လေး ဖော်ပြလာပြီး

“လုကျန်းက အစ်မကို ကြိုက်နေတာမလား”

ချူယင်း:“ဖလူးးးးး”

သူရေတွေ ထွေးထုတ်မိလိုက်တော့တယ်။

ဟောက်ယောင်တစ်ယောက် အံ့အားသင့်သွားစေသည်။ သို့သော် သူဟာ ရည်မွန်တဲ့ကောင်လေးတစ်ယောက်ဖြစ်တာကြောင့် သူနဲ့အတူ အမြဲတမ်း လက်ကိုင်ပဝါကို ဆောင်ထားတတ်သည်။ သူ လက်ကိုင်ပဝါလှလှလေးတစ်ခုကို မြန်မြန်ဆန်ဆန်ထုတ်လိုက်ကာ သူမလက်ထဲ ထိုးပေးလိုက်တယ်။

ချူယင်းဟာ  သူမရဲ့မျက်နှာအမူအရာက အလန့်တကြားဖြစ်နေကာ နောက်ဆုံးတွင် စိတ်ကို ငြိမ်ငြိမ်ထားလိုက်၏။

“ဘယ်သူ အဲ့ကောလဟာလတွေ လျှောက်ဖြန့်နေတာလဲ” — သူဒုက္ခသုက္ခတွေ ခံပြီး တည်ဆောက်ခဲ့တဲ့ ဂုဏ်ပုဒ်ကို ဘယ်ကောင် ဖျက်ဆီးရဲတာတုန်း!!

ဟောက်ယောင်က သူ့လက်ချောင်းတွေ လက်ချိုးတွက်ပြကာ “လူတိုင်းက အစ်မကို အာရုံစိုက်နေကြတာလေ အစ်မ ကျောင်းပြောင်းပြောင်းချင်းမှာပဲ အစ်ကိုကျန်းက စကားခေါ်ပြောခဲ့တယ်လို့ တချို့လူတွေက ပြောနေကြတယ် အဲ့နောက် သူက ဖိုရမ်ထဲမှာ အစ်မအတွက်နဲ့ အတန်းဖော်တချို့ကို ဆူပူခဲ့တယ်ဆို အားကစားပွဲနေ့တုန်းကလည်း တချို့ကျောင်းသားတွေက အစ်မတို့ကိုအတူတူတွဲမြင်ခဲ့တယ်တဲ့လေ အဲ့အပြင် အစ်မတို့က B ပြည်နယ်ကို တူတူသွားပြီး ဆုအတူတူယူခဲ့တာ‌ပဲဟာ— အိုးး ဘုရားရေ!”

ချူယင်း× လုကျန်း shipကြတဲ့အပြင်
ချူယင်း×ကုချိုးဇယ် လိုမျိုး တခြားသော CP များလည်း အများကြီးရှိသေးသည်။  နှစ်ယောက်သားဆက်သွယ်ပြောဆိုမှုအနည်းငယ်ကတောင်မှ အဓိပ္ပာယ်တွေအများကြီးရှိတယ်။ ဘတ်စကတ်ဘောပြိုင်ပွဲတုန်းက ချူယင်းက ကုချိုးဇယ်ကို သွားအားပေးခဲ့တာမျိုးတို့?  သင်ခန်းစာတွေအတူတူ ဆွေးနွေးကြတာမျိုးတို့? ပြီးတော့ B ပြည်နယ်မှာ မတော်တဆ တွေ့ဆုံခဲ့တာမျိုးတို့လိုပေါ့။

အကုန်လုံး(CP)ကဖြစ်နေနိုင်တယ်..ဖြစ်နိုင်တယ်လေ။

...

ချူယင်း: ငါ  ငြိမ်ငြိမ်ကလေးနေဖို့ လိုနေပြီ

သူ့အနေနဲ့ အချိန်နဲ့အမျှ စိတ်ပူနေမိနေပေမဲ့လည်း— မဟုတ်တော့ မဟုတ်လောက်ဘူးမလား??

ခွေးကောင်မှာ အဲ့လိုအတွေးမျိုးတော့မရှိလောက်ဘူးမလား??

သူမဟာ သုန်မှုန်ပြီးတည်ငြိမ်နေတဲ့အမူအရာနဲ့ ထွက်သွားတော့တယ်။

ဟောက်ယောင်အနေနဲ့ ဒါက ထူးဆန်းတယ်လို့ ခံစားလိုက်ရသည်။

အဲ့ဒီလူ နှစ်ယောက်ထဲက ဘယ်သူကနေနေ သူ့ကို ကြိုက်မယ်ဆိုရင် သူသေပျော်ပြ‌ီ!

သိပ်သေချာတာပေါ့ စီနီယာ အစ်မချူက
တကယ့်ကို နတ်ဘုရားမပဲ သူဒီဘဝမှာတောင် အဲ့အဆင့်ကို ဘယ်တော့မှရောက်နိုင်မှာမဟုတ်လောက်ဘူး!

[T/N: တကယ်တမ်း အဲ့ကောင်လေးက ဂေးပါ
ပြဇာတ်က ယောကျာ်းပုံစံ ချူယင်း(တနည်းအားဖြင့် မိန်းကလေး) ကိုကြိုက်သွားတာကြောင့် သူ့ကိုယ်သူ bi ပဲလို့သတ်မှတ်လိုက်တယ် ဒီနား ပြောချင်တဲ့သဘောက  သူက ကွေးနေတော့ LZ ပဲဖြစ်ဖြစ် GQZ ကဖြစ်ဖြစ်   သူတို့ချူယင်းကို ကြိုက်သလိုမျိုး သူ့ကိုသာ ကြိုက်မယ်ဆိုရင် သေပျော်ပြီလို့ပြောတယ်ထင်တာပဲ]

***

ကျောင်းကလူတွေက တကယ်ကြီးကို ချူယင်းရဲ့ စိတ်ဝင်စားတဲ့သူနဲ့ပတ်သက်ပြီး အမှန်တကယ်စိတ်ဝင်စားနေကြတာဖြစ်သည်။

နာမည်ကြီးတစ်ယောက်ကို သဘောကျပြီဆိုကတည်းက အဲ့လို စိတ်ဝင်တစားရှိတာဟာ ကျောင်းသားတွေရဲ့အကျင့်တစ်ခုလိုပင် ဖြစ်နေ၏။ ပြီးတော့ ကျောင်းမှာ အဲ့ဒီလိုအခြေအနေအထိဖြစ်နေတဲ့ ကောင်မလေး အနည်းစုလည်းရှိသေးသည်။

ချူယင်းကို ပေါ်ပေါ်ထင်ထင် လိုက်ခဲ့ကြတဲ့ လူတော်တော်များများ အားလုံးအရှုံးနဲ့ပဲ အဆုံးသတ်ခဲ့ကြရတယ်။ အဲ့ဒီအပြင် သူမက တခြားသူတွေဆီက ဘယ်လိုချဉ်းကပ်မှုမျိုးကိုမဆို တုံ့ပြန်ခြင်းမရှိခဲ့ပေ။

ဒီကိစ္စဟာ အမည်မသိ ဖိုရမ် ဂရုတွေ အမျိုးမျိုးမှာ မကြာခဏဆိုသလို ဆွေးနွေး‌တတ်ကြတယ်။

[ငါလေ အစ်မချူ ကြိုက်မဲ့သူ ဘယ်သူဖြစ်လာလိမ့်မလဲဆိုတာ တကယ် မတွေးတတ်တော့ဘူး]

[နင်တို့တွေအတင်းချိ‌ုနေကြတဲ့ CP အားလုံးကို အသိအမှတ်ပြုပါတယ် ဒါပေမဲ့  အဲ့တာတွေ တကယ်ကြီး ဖြစ်လာလိမ့်မယ်လို့ ငါမယုံဘူး]

[ဘာလို့ဆို ငါက ချူယင်း×ငါ  Cpကိုပဲ ယုံကြည်လို့ပဲဟာ ]

[အပေါ်ကလူရေ အရှက်မရှိလိုက်တာနော်!!]



[နောက်ဆုံးရသတင်း!! ထိပ်တန်း ကျောင်းသူ နဲ့  ထိပ်တန်းကျောင်းသားတို့ တတိယနှစ် စီနီယာအတန်းရဲ့ ကော်ရစ်ဒါမှာ စကားပြောနေကြတာကို ငါအခုလေးတင် တွေ့ခဲ့ရ! ]

[ချူကု အတွဲလား?? ဘာလဲ သူတို့က ချက်ချင်းဖြစ်သွားတာလား!!]

[ဘာကြီး? ငါ့လောင်ကုန်းနဲ့ လောင်ဖော ဖြစ်သွားပြီတဲ့လား??]

မိနစ်အနည်းလောက်ကြာပြီးနောက် ဖရဲသီး ကောင်းရောင်းကောင်းဝယ်လုပ်ကြတဲ့သူတွေ ပြန်ရောက်လာပြန်သည်။

[သူတို့တွေ ဆယ်မိနစ်ကျော်အကြာကို စကားတွေဖောင်‌ဖွဲ့ပြောနေကြပေမဲ့ ဘာအချစ်ရေးမှ မပါဘူးဟ ငါ့မှာ ဘာအချိုမှ မစားလိုက်ရဘူး ဘာလို့လဲဆိုတော့ သူတို့တွေက xxx သီအိုရမ်အကြောင်းတွေချည်းပြောနေကြလို့ဟေးး!!]

[ဟဲ့ ရှင်းရှင်းပြောလေ အဲ့ဒီxxx ကဘာကြီးလဲ]

[မသိဘူးလေ ငါနားလည်နေရင်  xxxဆိုပြီး အစားထိုးသုံးနေလိမ့်မယ်လို့ ထင်လားဟမ် *စိတ်တို.jpg*]

[ငါသိတာကတော့ ငါ့ကျယ်ကျဲက ဘယ်သူ့ကိုမှ ကြိုက်မှာမဟုတ်ဘူး]

[ ငါ့ကိုလာမချစ်နဲ့ ဘာအကျိုးမှထူးလာမှမဟုတ်။ ဆိုတဲ့ ချူယင်းရဲ့အဘိဓာန်ကျမ်းကိုးကြီးမှ ကောက်နှုတ်ချက် 001 အတိုင်းပဲလေဟယ် သူက ]

ချူယင်းကတော့ အဲ့ဒီဆွေးနွေးခန်းဖွင့်နေတာတွေကို လုံးဝကို မသိပေ။

ဟောက်ယောင် မှတ်ချက်ပေးသွားတဲ့နောက် သူမ တိတ်တဆိတ် လုကျန်းကို စောင့်ကြည့်ခဲ့တယ်။

သူမ သေသေချာချာ တွေး ကြည့်‌ရသလောက် ဘာမူမမှန်တာမျိုးမှ မရှိခဲ့တာကို။ သိပ်မကြာသေးခင်လောက်တုန်းက  လုကျန်း သူ့နားပေါ်ပေါ်လာတဲ့ အကြိမ်ရေက များလာတဲ့ပုံပဲ။

ဇာတ်လမ်းကက လုံးဝကို သူ့ ဘက်လိုက်တယ်ဆိုတာကို သူမက  သိပြီးခဲ့သား။ လုကျန်းရဲ့အတွေးတွေနဲ့ စိတ်ခံစားချက်ကို သူမ ဘယ်လိုမှ မလွှမ်းမိုးနိုင်ဘူး။
 
ဒီဘဝမှာတော့  သက်ဆိုးမရှည်တဲ့ လရောင်ဖြူအချစ်ဦးတစ်ယောက်အဖြစ် သူမရဲ့ ဇာတ်ကောင်ကို ဘယ်တော့မှ အဖြစ်ခံလိမ့်မှာမဟုတ်ဘူးလို့ ဒေါသတကြီး တွေးလိုက်တယ်။ အခု သူမလက်ထဲ စူပါပါဝါတွေ ရှိနေတော့ အရမ်းလုံခြုံနေပြီ တကယ်လို့ အဲ့ခွေးကောင်
လုကျန်းသာ အရင်လမ်းကြီးအတိုင်း ဆက်သွားနေဦးမယ်ဆိုရင် သူမအနေနဲ့ သူ့ကို သက်ဆိုးမရှည်အောင် လုပ်ပစ်ရလိမ့်မယ်! 

ငါ့ရဲ့ မကောင်းတဲ့အရိပ်ဆိုးကြီးက အလွန်ပြင်းပြလာပြန်ပြီ.jpg

ရွှယ်ရှီကျီ: 「ဒင်! လူတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ မကောင်းဖြစ်စေတဲ့  hostရဲ့ သတ်လိုဖြတ်လိုစိတ်ဟာ မဟားတရားပြင်းထန်နေပြီဆိုတာ System မှ ရှာဖွေတွေ့ရှိလိုက်ပါတယ်~   」

ချူယင်း နှာခေါင်းရှုံ့ပြလိုက်ကာ “ငါ အရမ်းကို ကျန်းမာပါတယ်နော်!”

သူမ အစက ဒါဟာ  system နဲ့ နေ့တိုင်းလိုလို ဖြစ်နေကြ ရန်ပွဲနောက်တစ်ခုလောက်ပဲဖြစ်တယ်လို့ ထင်နေတုန်း ရွှယ်ရှီကျီက ‘ တီ’ခနဲ အသံထပ်ပြုလာကာ ပြောလာ၏။

「ကြင်နာတဲ့အသိပေးချက်တစ်ခု! ဇာတ်ညွှန်းတွင် ကြီးမားတဲ့ ပြောင်းလဲမှုတွေကြောင့် ဒီကမ္ဘာမှာ တချို့သော လှုံ့ဆော်ပေးလိုက်တဲ့အပြုအမူတွေက မတည်မငြိမ် အထူးပြောင်းလဲမှုမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်  」

ချူယင်းတစ်ယောက် အံ့အားသင့်သွားကာ “ဘယ်လို မတည်ငြိမ်တဲ့ ပြောင်းလဲမှုအထူး မျိုးလဲ?”

ရွှယ်ရှီကျီ: 「ဒီsystemလည်း လောလောဆယ် ကြိုတင်မခန့်မှန်းနိုင်ပါဘူး 」

ရွှယ်ရှီကျီဟာ ယောင်ဝါးဝါးလုပ်နေတော့
ချူယင်းရဲ့အတွေးတွေက ချက်ချင်း အစပျိုးလာတော့သည်။

မတည်ငြိမ်စေတဲ့ အထူး ပြောင်းလဲမှုတွေ... အခုလက်ရှိ ဒီကမ္ဘာမှာ အဲ့လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် လုပ်နေတဲ့သူက မသမာနည်းတွေအသုံးပြုပြီး ဇာတ်ညွှန်းကို လုပ်ချင်တိုင်းလုပ်နေတဲ့   သူမကိုယ်တိုင်ဖြစ်နေတယ်။

သူမ ဆက်ပြီး ဇာတ်ညွှန်းကို ပြောင်းနေမယ်ဆိုရင် အဲ့ဒီ ပြောင်းလဲမှုဆိုတာက ဆက်ဖြစ်နေဦးမှာလား။

“နင်.. systemကလေ တခြားသူတွေနဲ့ပါ  ချိတ်ဆက်ထားနိုင်သေးလား”    ချူယင်းက ချက်ချင်းကို သေရေးရှင်ရေးအဖြစ်ဆုံးမေးခွန်းကို အမိမရမေးကြည့်လိုက်၏။ 

ရွှယ်ရှီကျီ: 「ဇာတ်ညွှန်းကို ပြောင်းလဲနိုင်စွမ်းက  host တစ်ယောက်တည်းသာ ရရှိနိုင်တာပါ  」

ချူယင်းဟာ အနည်းငယ် စိတ်သက်သာရာရသွားလေသည်။

သူမတစ်ယောက်တည်းသာ ဇာတ်ညွှန်းကို ပြောင်းလဲပစ်နိုင်တယ်ဆိုကတည်းက သူမမှာ
လုံးဝကို အားသာချက်တစ်ခုရှိနေတယ်လို့ဆိုလိုတာပဲလေ။

ချူယင်းဟာ  မူရင်းဇာတ်ကွက်ကို ရှောင်ရင်းတိမ်းရင်း ပြင်လိုက်ရင်း လုပ်နေတဲ့အချိန်မှာ ပိုပြီးသတိကပ်ထားဖို့လိုအပ်တယ်လို့ တွေးလိုက်မိတယ်။

အတန်းပိုင်ဆရာမက စာသင်ခန်းထဲကို ဝင်လာပြီး ချူယင်းကို မြင်တော့ လက်ပိုက်ပြီး မျက်မှောင်ကြုတ်လျက် အတွေးနယ်ချဲ့စွာဖြင့်ကြည့်နေမိတယ်။

သူမ ချက်ချင်း စိတ်လှုပ်ရှားကာ သက်သာရာရသွား၏။

ကြည့်ပါဦး! ဒီကလေး ဉာဏ်အလင်းတွေပါ ဖြာထွက်နေလိုက်တာများ!

တခြားကျောင်းသားတွေအတွက် စာကြိုးကြိုးစားစားလုပ်ဖို့ဆိုတာက အံ့ဩဖွယ်ရာဖြစ်တယ်ဆိုပေမဲ့ ချူယင်းကျတော့ သူမကတောင်မှ ကိုယ့်ကိုယ်ကို အရမ်းကြီးစိတ်ဖိစီးမနေဖို့အတွက် ဖျောင်းဖျနေရ၏။

အတန်းပိုင်ဆရာမက ချူယင်းရဲ့ ပခုံးလေးကို ညင်ညင်သာသာလေးပုတ်ကာ

“အတန်းချိန်တွေကြား‌ကနားချိန်ကိုတော့ သမီး အနားယူသင့်တယ် ကိုယ့်ကိုယ်ကို အပန်းမခံနဲ့”

ချူယင်းက သူမရဲ့စိတ်ကို အနှောင့်အယှက်ပေးနေတဲ့အရာတွေကို ဖယ်ထုတ်လိုက်ကာ

“သမီးသိပါတယ် ဆရာမ သမီးမပင်ပန်းလို့ပါ”

“ဟွေးဝမ်က နှစ်တိုင်းစနစ်တကျစီစဉ်တဲ့ အနီးကပ်အတန်းက စတော့မယ်ဆိုတာ ဆရာမ သမီးကိုပြောဖို့ ဒီကိုလာခဲ့တာ”

အထက်တန်းဒုတိယနှစ်တစ်ဝက်မှာပဲ တစ်မြို့လုံး ပူးပေါင်းစာစစ်ခြင်းအခြေအနေအဖြစ်လုပ်လာကြသည်။  အိမ်နီးချင်းကျောင်းနဲ့ ပထမဆင့်အလယ်တန်းကျောင်းတို့ဟာ ဒီလိုပွဲကို ပါဝင်ဆင်နွှဲကြရမည်ဖြစ်တယ်။ တစ်ကျောင်းက ဂုဏ်သတင်းကြီးပြီး အားကောင်းသလို နောက်တစ်ကျောင်းမှာလည်း အရည်အသွေးမြင့် ကျောင်းသားများရှိ၏။ နှစ်တိုင်းလိုလိုမှာ သူတို့ကို အဓိက ပြိုင်ဘက်တွေအဖြစ် သတ်မှတ်လို့ရသည်။ ပြီးပြည့်စုံတဲ့အဆင့်သတ်မှတ်ချက်နဲ့ ဘာသာရပ် တစ်ခုချင်းစီ နှိုင်းယှဉ်ကြည့်ကြလိမ့်မည်။

ချူယင်းလို ပထမအဆင့်သမားတွေက ကျောင်းရဲ့ အဓိက အသားပေးခံရသူများပင်ဖြစ်၏။

ချူယင်းရဲ့ မြို့အဆင့် အင်္ဂလိပ်စာပြိုင်ပွဲနှင့် နယ်မြေအဆင့် သင်္ချာပြိုင်ပွဲ တွေမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ အောင်မြင်မှုတွေကြောင့် သူမဟာ ကျောင်းကနေ   အသည်းအသန် ပွဲထုတ်ချင်မိတဲ့ ကျောင်းသူတစ်ယောက် ဖြစ်လာစေသည်။

မြို့တွင်း ပြိုင်ပွဲတွေမှာ  ရလဒ်ကောင်းကောင်းရခြင်းက ဟွေးဝမ်ရဲ့ ပညာရေးဆိုင်ရာအရင်းအမြစ်တွေဟာ တဖြည်းဖြည်းနဲ့ သူတို့လိုကျောင်းသားကောင်းများကို မွေးထုတ်ပေးခဲ့သကဲ့သို့ ဂုဏ်သတင်း‌ကောင်းရလာစေမည်ဖြစ်သည်။ ‌ဒါ့ကြောင့်  သူတို့တွေဟာ ဆရာကောင်းများ သာမက အဆင့်မြင့်သင်ကြားရေးနဲ့ သင်ယူမှုအထောက်အပံ့ပစ္စည်းများကိုပါ ထောက်ပံ့ခြင်းခံရလေသည်။

ချူယင်းဟာ သူမရဲ့အရင်ဘဝက ဒီပြိုင်ပွဲစဉ်ကို  သတိရမိလိုက်တယ်။ အဲ့တုန်းကတော့ ဒါမျိုးဟာ သူမနဲ့ ဘာမှကို မသက်ဆိုင်ခဲ့ချေ။ အခုတော့ သူမဟာ အဲ့ဒီလို အဆင့်မြင့် ပညာသင်ကြားရေး အရင်းအမြစ်‌မျိုးက ဘယ်လောက်တောင်မှ အရေးကြီးသလဲဆိုတာ သိတာမလို့ ပါဝင်ချင်မိတယ်။

“ဟုတ်ကဲ့ ဆရာမ သမီး (အစမ်း)စာမေးပွဲ ဖြေလို့ရမလား”

သူမဟာ အဆင့်ဇယားတွေက အထူးတလည်ကြိုက်နှစ်သက်တယ်ဆိုတာကို တွေ့ရှိခဲ့ရသည်။ သူမသာ စာမေးပွဲမှာ အားရလောက်အောင် မလုပ်နိုင်ခဲ့ဘူးဆိုရင် အဲ့တာက သူမကို ပိုကြိုးစားဖို့   တွန်းအားပေးလိမ့်မည်။ ဟွေးဝမ်က တခြားကျောင်းတွေကဲ့သို့  လပတ်စာမေးပွဲမျိုး မရှိတာကတော့ စိတ်မကောင်းစရာပင်။

အတန်းပိုင်ဆရာမက သူမရဲ့သဘောထားကို အရမ်းကျေနပ်သွားကာ “ရတာပေါ့”

ချူယင်းက ခေါင်းညိတ်ပြလိုက်ကာ “ကျေးဇူးတင်ပါတယ် ဆရာမ”

ဒီအနီးကပ်အတန်းမှာ ဟန်ချူယဉ်၊ကျန်ယန် နှင့်တခြားသူတွေပါ တက်ခွင့်ပြုခြင်းခံရလေသည်။ အတူတူတက်ရတာ ကောင်း၏။

ဟန်ချူယဉ်ကတော့ အနီးကပ်အတန်းသတင်းကို သိပ်မကြာခင်ကြားလိုက်ရသည်။ သူ အလွန့်အလွန်ကို စိတ်လှုပ်ရှားသွားလေသည်။ ပြီးတော့ သူမက ချူယင်းနဲ့ အတန်းတူတက်ရတော့မယ်တဲ့ ဘယ်လောက်တောင်မှ အံ့ဩစရာကောင်းတဲ့ အဖြစ်အပျက်လဲ!!

ဟန်ချူယဉ်က ချူယင်းကို ပြောလိုက်သည်။

“ငါတို့ကျောင်းက မျှော်လင့်ချက်ရောင်ခြည်ဆုဖလားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တယ်ဆိုပေမဲ့ နှစ်စဉ်နှစ်တိုင်း နိုင်ငံခြားသင်္ချာပြိုင်ပွဲတွေမှာ ဆုတွေရခဲ့တဲ့ ကျောင်းသားတွေကလည်း ရှိနေဦးမှာပဲ ယင်းယင်း နင်သူတို့နဲ့ တိုက်ရလိမ့်မယ် ကြိုးစားထားနော်!”

ချူယင်းတစ်ယောက်  စွမ်းရည်သတ္တိကို စမ်းသပ်ခံရသလို ခံစားရသည်။

“ဒါဆို ငါ ကြိုးစားရတော့မှာပဲ”

သူမရဲ့ အဆင့်တွေက ကောင်းနေပေမဲ့လည်း ကြိုးစားနေရဦးမှာပင်။

နှစ်ဝက်စာမေးပွဲနဲ့မတူဘဲ ဒီက ‌ထက်မြက်တဲ့ကျောင်းသားတွေချင်း အားပြိုင်ကြတဲ့ ပြိုင်ပွဲတစ်ခုလိုပင်။ အဲ့အတန်းတွင် ကျောင်းသားအယောက်သုံးဆယ်ကိုသာ လက်ခံမှာဖြစ်ပြီး နေရာများများစားစားသိပ်မရှိချေ။

“ငါ့task ကရော?”  ချူယင်းက  system ကို ပုတ်လိုက်တယ်။

ရွှယ်ရှီကျီ: 「ဒီအကဲဖြတ်မှုက system၏ task ထဲတွင် မပါဝင်ပါ~ 」

“....” ချူယင်းကပြောလိုက်၏။ “ဒီကပ်စေးကုပ်တဲ့ ကြက်ကတော့...”

ရွှယ်ရှီကျီ: 「ကျွန်တော် မကြားပါဘူး~ 」

ဒီ  အကဲဖြတ်စစ်ဆေး မှုကို  သောကြာနေ့ မွန်းလွဲပိုင်းတိုင်း ပြုလုပ်ရန် စီစဉ်ထားလေသည်။ စာမေးပွဲအတွက် ဆန္ဒအရဝင်ဖြေဆိုချင်တဲ့သူတွေလည်း စာရင်းသွင်းနိုင်၏။ စာမေးပွဲအခန်းကိုတော့ ကျပန်းစီစဉ်ထားလေသည်။

ချူယင်း စာမေးပွဲဖြေဆိုရမဲ့ အခန်းထဲကို ဝင်လာတဲ့အခါ အားလုံးရဲ့ခေါင်းတွေက သူမဘက်ကို လှည့်လာလေသည်။ သူတို့ရဲ့ မျက်လုံးတွေက ‘ဒီနားလာထိုင် ဒီနားလာထိုင်’ ဟူ၍‌ ပြောနေသယောင်။

ချူယင်း သူမနှာခေါင်းထိပ်လေး ပွတ်သပ်လိုက်ကာ ရှေ့ဆုံးအတန်းကို ဝင်ထိုင်လိုက်၏။

အဲ့ဘေးနားက ကျောင်းသားတွေကတော့ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။

အားးး ငါကတော့ ဘော့စ်နဲ့လေအတူတူရှူနေရပြီ! ပိုပြီးဉာဏ်ကောင်းလာတယ်လို့ ခံစား‌ရတယ်!

ဟန်ချူယဉ်က စာသင်ခန်းထဲကို ကပျာကယာဝင်လာကာ ချူယင်းဘေးနားက ထိုင်ခုံတွေက နေရာယူထားပြီးသားဆိုတာကို တွေ့လိုက်ရသည်။ သူမ ကျယ်လောင်စွာ အော်မြည်လိုက်တော့သည်။

“ဘာလို့ ဒီလိုဖြစ်နေတာတုန်းး!”

ချူယင်း ပြုံးပြလိုက်ကာ “ဒီက ခဏနေရင် ပြောင်းတော့မှာပဲဟာ”

ဟန်ချူယဉ်က မရွှင်မပျနှင့် လွတ်တဲ့နေရာ ဝင်ထိုင်လိုက်တယ်။

ခဏအကြာတွင် နောက်ထပ်လူတစ်ယောက် စာသင်ခန်းထဲသို့ လျှောက်လှမ်းလာ၏။

ချူယင်း တိုက်တိုက်ဆိုင်ဆိုင် မော့ကြည့်မိလိုက်ရာ လုကျန်းနဲ့ အကြည့်ချင်းဆုံမိလေသည်။

ထို့အပြင် စာသင်ခန်းထဲတွင် အနည်းငယ်ပွက်လောရိုက်မှုလေးဖြစ်သွားသည်။

“ဝါးးးးးးး”

“ကျန်းကောလည်း ဒီလာတာတဲ့လား?!!”

“ကျန်းကော အခုနောက်ပိုင်း စာလေ့လာရတာကို ချစ်ကျွမ်းဝင်နေတာပဲ”

ချူယင်း ထိုင်နေတာမလို့ လုကျန်းဟာ သူ့ခေါင်းကို ငုံ့ကြည့်ကြည့်ချင်း သူမကို တန်းမြင်နိုင်လေသည်။ သူမရဲ့ အညိုရောင်ဆံနွယ်တွေက စင်းအိနေပြီး ခေါင်းပေါ်မှာ အထုံးသေးသေးလေးလုပ်ထားတာက အရမ်းကို ချစ်စရာကောင်းနေသည်။

လုကျန်း သူ့လက်ကောက်ဝတ်ကို ဖျစ်ညှစ်လိုက်မိတော့တယ်။ သူ တစ်ခုခု ပြောတော့မဲ့အချိန်မှာပဲ သူ့အနောက်ကနေ  လူတစ်ယောက် ရုတ်တရက် ရောက်ချလာသည်။

——“ရှောင်ယင်း စာမေးပွဲစနေပြီလား”

ချူယင်း မော့ကြည့်ကာ သူမအစ်ကိုရဲ့ မျက်နှာကို မြင်လိုက်ရ၏။  “မစသေးဘူးရယ်”

လုကျန်းဟာ သူ့ရဲ့အလာကောင်းခြင်းတွေ သူ့မျက်လုံးကို မလှိမ့်မိစေရအောင် သူ့မျက်လုံးမှိတ်ချလိုက်မိတယ်။

ချူရှီလည်း လုကျန်းကို မြင်လိုက်တော့

“အော  လုသခင်လေး ဒီကို ဘာလာလုပ်တာလဲဗျ”

လုကျန်း သူ့ကို အေးတိအေးစက်စိုက်ကြည့်လိုက်ပြီး သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ချူယင်းရဲ့ စားပွဲခုံပေါ်ကို သူ့ရဲ့ လက်ချောင်းထိပ်ကလေးနဲ့ အသာအယာလေးခေါက်လိုက်ကာ

“စာမေးပွဲပြီးရင် မင်း ငါ့ကို စောင့်ပေးနိုင်မလား”

ချူယင်းရဲ့အသိပေးခေါင်းလောင်းက စိတ်ထဲမှာ ရုတ်တရက်ဆိုသလို မြည်ဟီးနေပြီဖြစ်သည်။

“နင်ဘာကိစ္စရှိလို့လဲ”

လုကျန်းက သူ့ခေါင်းလေးကို အနည်းငယ်ငုံ့လာကာ နှုတ်ခမ်းလေး တွန့်ကွေးသွားစွာ ပြုံးလာ၏။ “အင်း...ရှိတယ်”

ချူယင်း သူ့ကို ခဏလောက် စိုက်ကြည့်နေမိတယ်။

ကောင်မလေးရဲ့ မျက်ဝန်းတွေဟာ တောက်ပကြည်လင်နေလွန်းတာကြောင့် အနှီမျက်ဝန်းတွေထဲတွင် သူမရဲ့စိုးရိမ်မှုတွေကို   လုကျန်းအနေနဲ့ မြင်နေရသည်။

သူမရဲ့ မျက်‌ခွံ ပင့်ကြည့်လာတဲ့အခိုက် သူနဲ့ ထပ်ဆုံသွားတာမို့ ခပ်စိပ်စိပ်မျက်တောင်တို့ အနည်းငယ် လှုပ်ခတ်သွားတာမို့ သူ့မျက်ဝန်းတွင် အပြုံးရိပ်လေးသန်းလာလေသည်။

“သွားလေ စာမေးပွဲဖြေချိန်ရောက်နေပြီ”

သူ ညင်ညင်သာသာလေး ပြောလိုက်ပြီးနောက် ထိုင်ခုံနေရာ လိုက်ရှာလေသည်။

“ဘာကိစ္စမို့လို့‌လဲ ဟေး” ချူရှီဟာ စာသင်ခန်းထဲ ပေါ့ပေါ့ပါးပါးဝင်ထိုင်လိုက်တဲ့ လုကျန်းကို မအီမလည် စိုက်ကြည့်လိုက်တယ်။

သူ တစ်ခုခုပြောလိုက်ချင်ပေမဲ့ စာမေးပွဲအခန်းစောင့်ဆရာမက မေးခွန်းဖြေလွှာစာရွက်တွေနဲ့  လျှောက်လာနေပြီဖြစ်သည်။

သူ ချူယင်းကို ဆက်မနှောင့်နှေးစေချင်တာမလို့ ပြောလိုက်တယ်။

“ကိုကို ကျောင်းဆင်းရင် လာခဲ့မယ်”

ချူယင်း ခေါင်းညိတ်ပြကာ “ဟုတ်”

“မင်းတို့တွေရဲ့ ဖုန်းတွေနဲ့ စာအုပ်တွေ အကုန်သိမ်းထားပါ ဆရာမ မေးခွန်းဖြေလွှာစာရွက်တွေကို စပြီး ဝေတော့မယ်”

ချူယင်းဟာ သူမရဲ့ ယခုမျက်မှောက် စာမေးပွဲကိုသာ အာရုံစိုက်ဖို့  တခြားအတွေးတွေအကုန်  ဖယ်ထုတ်လိုက်၏။

စာမေးပွဲဖြေချိန်က သိပ်မကြာချေ။ ဘာသာရပ်တစ်ခုအတွက် မိနစ်လေးဆယ်သာ ပေးသည်။

သင်္ချာရဲ့ ခက်ခဲမှုက တအားမြင့်တာမလို့ ထိပ်တန်းကျောင်းသားကျောင်းသူတွေတောင်မှ အခက်တွေ့နေမိသည်။ ချူယင်းရဲ့ နောက်မှာ ထိုင်တဲ့ ကောင်မလေးဟာ ‌ စာမေးပွဲစကတည်းက ခေါင်းကုတ်နေရရှာသည်။

သို့သော် ပြိုင်ပွဲတွေအလီလီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သူတွေအတွက် ဒီခက်ခဲမှုအဆင့်လောက်ကတော့ မပြောပလောက်။

ချူယင်းဟာ သင်္ချာမေးခွန်းကို ချောချောမွေ့မွေ့နဲ့ ‌ဖြေဆိုတာ နာရီဝက်သာကြာမြင့်၏။

သူမဟာ ဖောင်တိန်ကို တည်တည်ငြိမ်ငြိမ်နဲ့ ချလိုက်တာကို ကျောင်းသားအနည်းငယ်တွေ့လိုက်ရတဲ့အခါ သူတို့ရဲ့ နှလုံးသားတွေ တင်းကျပ်လာတယ်။

အားးးး ရုတ်တရက်ကြီး ချူယင်းနားထိုင်ရတာ ကောင်းတယ်လို့  မခံစားရတော့ဘူးး!!

ဖိအား အရမ်းများလွန်းတယ်!!

ဘာသာရပ်ခြောက်ခုစာမေးပွဲကြားတွင် နားချိန်တစ်ချိန်တည်းသာရှိ၏။

နောက်ဆုံးဘာသာရပ်ဖြစ်သည့် နိုင်ငံရေး ‌ပြီးတဲ့နောက် စာသင်ခန်းထဲမှာ သက်ပြင်းချသံတွေကို အတိုင်းသားကြားနိုင်တယ်။

“နင် ဖြေနိုင်လား”

“သင်္ချာကလွဲပြီး ကျန်တာတွေ အိုကေပါတယ်”

“အရင်နှစ်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ခက်တယ် မှတ်ခဲ့တာ”

“အရင်နှစ်ကထက် ဒီဟာက ဘယ်လိုလုပ် ပိုခက်တယ်နေတာပါလိမ့်”

ချူယင်းကတော့ သူ့ပခုံးနဲ့ ခေါင်းကို အနည်းငယ် လှုပ်ကာ  ကျန်ယန်ရယ် ဟန်ချူယဉ် နဲ့ တခြားသူတွေကို လှည့်ကြည့်လိုက်သည်။  သူတို့က အနည်းငယ် ခြေကုန်လက်ပန်းကျတဲ့ပုံပေါက်နေသော်လည်း သူတို့ရဲ့ အမူအရာတွေက အတော်လေးတည်ငြိမ်နေ၏။

သူမ စိတ်သက်သာရာရသွားမိတယ်။ လုကျန်း စာသင်ခန်းထဲမှာ မရှိတော့တာကို သိလိုက်ရတဲ့အခါ ‌အဲ့ခွေးကောင်က  စာမေးပွဲမတိုင်ခင်က သူမကို ပြောသွားခဲ့တာကို သတိရမိသည်။

သူတို့ကြားမှာ ပြောစရာစကားမျိုးတောင်ရှိလို့လား။

ချူယင်း ခုနက လုကျန်းရဲ့ မျက်နှာကို အမှတ်ရလိုက်တော့ ယောင်ယောင်ရမ်းရမ်း လက်ပိုက်မိလိုက်တယ်။

သူမရဲ့စိတ်ထဲ  အလိုလိုကြိုသိနေတဲ့စိတ်ရှိနေသကဲ့သို့ အမျိုးစုံကြိုးခုန်ရှုပ်ထွေးပွေလီတဲ့ အချက်တွေ တန်းစီပေါ်လာတယ်။

မဟုတ်ဘူးမလား မဟုတ်လောက်ပါဘူးနော်?

စာသင်ခန်းထဲကလူတွေ တစ်ယောက်ပြ‌ီး တစ်ယောက် ထွက်သွားတဲ့အခါ ကျန်ယန်နဲ့ ဟန်ချူယဉ်တို့နှစ်ယောက်က သူတို့နဲ့အတူပြန်ဖို့ လာပြောကြပေမဲ့ သူမ ငြင်းဆန်ခဲ့တယ်။

လုကျန်းရဲ့ရည်ရွယ်ချက်က ဘာမှန်းမသိဘဲနဲ့ စာသင်ခန်းထဲကနေ ထွက်ရမှာကို ကြောက်တယ်။ ‌သူက စာသင်ခန်းအပြင်ဘက် တစ်နေရာရာကနေ စောင့်ချင်စောင့်နေနိုင်တယ်လေ။

ချူယင်း ဇာတ်ညွှန်းကို ဖွင့်ဖို့ ဆုံးဖြတ်ချက်မချခင်မှာ   အချိန်တော်တော်ကြာကြာစဉ်းစားလိုက်ရတယ်။

【ချူရှီက သူ့ဘေးက ကုချိုးဇယ်ကို စကားပြောရင်း  သူ့ပစ္စည်းတွေ သိမ်းဆည်းနေသည်။

“မင်း ငါနဲ့အတူတူ ရှောင်ယင်းကို  တွေ့ဖို့  လိုက်ချင်လား”

ကုချိုးဇယ်: “ငါ ခုထိမပြီးသေးတဲ့ essay  တစ်ပုဒ်ရှိသေးတာမလို့ နောက်ကျမှ ငါပြီးလိမ့်မယ်”

ချူရှီ: “ဒါဆို ငါမင်းကို မစောင့်တော့ဘူး‌ —
လုကျန်းက ကျောင်းဆင်းရင် ငါ့ညီမကို တွေ့မလို့တဲ့”

ကုချိုးဇယ် ပြုံးလိုက်မိကာ: “မင်း လုကျန်းကို ဘာဖြစ်လို့ ဒီလောက် ခုခံနေရတာလဲ...”】

သူမအစ်ကိုကတောင်မှ လုကျန်း တစ်ခုခုဖြစ်နေတယ်ဆိုတာ သတိထားမိတယ်လား

ချူယင်းရဲ့ နှလုံးခုန်သံတွေ အနည်းငယ်မြန်ဆန်လာတယ်။

【လုကျန်းတစ်ယောက် စာသင်ခန်းထဲကနေ စောစောထွက်လာခဲ့ပြီး အပြင်ဘက်မှာ ချူယင်းကို စောင့်နေလိုက်သည်။ မွန်းလွဲပိုင်းနေမင်းကြီးက  လှပလွန်းတယ်။ သူ နေရောင်ခြည်ဖြာကျနေတဲ့‌အောက် ရပ်နေခဲ့ပြီး သူ့အမူအရာတွေက ထူးထူးခြားခြား နူးညံ့နေ၏။】

【သူ့မှာ အရမ်းကိုအရေးကြီးတဲ့ပြောစရာတစ်ခုရှ်တယ် 】

သွားပြီ လုံးဝကို အဆုံးသတ်သွားပြီ။

ချူယင်းရဲ့ နှလုံးသားတစ်ခုလုံး မိုးကြိုးအတောင့်လိုက်ပစ်ချသွားတယ်။ အခုတော့ သူမ နားလည်လိုက်ပြီ

နင့်မေ လုကျန်း

ငါ  သတ်ပစ်မယ် နင့်ကို!

ချူယင်းရဲ့အတွေးတွေ ရှုပ်ထွေးသွားသော်လည်း ဒီအဖြစ်အပျက်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာ သိတယ်။ သူအဲ့လိုမှမလုပ်ရင် ဇာတ်လမ်း အရင်ဘဝတုန်းကအတိုင်းပဲ  ဆက်သွားလိမ့်မယ်။

စိတ်လျှော့ စိတ်ကို အေးအေးလေးထားပြီး ဆက်စဉ်းစားကြတာပေါ့!

——ပထမဆုံး လုကျန်းကို ရှောင်ရမယ်

သူ ဇာတ်ညွှန်းကို လျှောက်ရှာကြည့်ပေမဲ့ ဒီအမှိုက်သရိုက်ဇာတ်ညွှန်းကလေ လုကျန်းရဲ့ တည်နေရာကို ထည့်မထားဘူးဆိုတာ သတိထားမိလိုက်တယ်။ 

ချူယင်း: “ဒါဆို ဒီဇာတ်ကွက်အရဆို ငါ ဘယ်နေရာပဲ သွားသွား သူနဲ့ ဆုံနိုင်တယ်ပေါ့လေ?”

ရွှယ်ရှီကျီက စိတ်မကောင်းဖြစ်စွာ ပြောလာသည်။ “အဲ့ဒီလို ဖြစ်မဲ့ပုံပါပ‌ဲ”

ချူယင်း မကျေမနပ်နဲ့လေကို ထိုးလိုက်သည်။ ကံကောင်းထောက်မစွာနဲ့ စာသင်ခန်းထဲကလူတိုင်း ထွက်သွားကြပြီမလို့ ဘယ်သူကမှ သူမရဲ့ ရမ်းကားနေတဲ့ အပြုအမူကို မတွေ့နိုင်ပေ။

သူမရဲ့ စာကြောင်းတစ်ကြောင်းပြောင်းလဲခွင့်ကတ်ကြီးကို သုံးဖို့ လိုအပ်လား။ ချူယင်းဟာ နောက်ဆုံးတွင် အကြံတစ်ခု မရလာခင်အထိ ဇာတ်ညွှန်းကို ဖင်ပြန်ခေါင်းပြန်တလှည့်စီ စပြီးထပ်ခါထပ်ခါဖတ်နေမိသည်။

သူမ မှင်တံကို ဆုပ်ကိုင်ကာ [အပြင်ဘက်မှာ ချူယင်းကို စောင့်နေလိုက်သည်။] ဆိုတဲ့ စာကြောင်းပေါ်ကို ရောက်သွားသည်။

...သူ့အစ်ကိုကလည်း အခုဆို သူမဆီကိုလာမဲ့ လမ်းမှာ ရောက်နေလောက်ပြီ။

ချူယင်း မျက်လုံးလေး မှေးစင်းကာ “.....”

သူ တစ်စက္ကန့်လောက် တုံ့ဆိုင်းနေမိပြီးနောက် သူမရဲ့ နာမည်က “ယင်း” ဆိုတာကို ဖျက်ပစ်လိုက်ကာ “ရှီ” လို့ပြောင်းလဲလိုက်တော့သည်။

Sorry.

[T/N: ရှင်းအောင်ပြောရရင် ချူယင်း ကနေ ချူရှီလို့ ပြောင်းပစ်လိုက်တာပါ။ ချူယင်းက စာကြောင်းတစ်ကြောင်းပြောင်းလဲခွင့်မသုံးဘဲ  ဉာဏ်ကောင်းစွာနဲ့   စာလုံးတစ်လုံးပြောင်းလဲခွင့်ကိုပဲသုံးသွားတာပါ  ]



လုကျန်းဟာ ကျောင်းအဆောက်အအုံ၏ ပထမထပ် ထောင့်နားမှာ  နံရံကို ကျောအမှီပြုပြီး ရပ်နေခဲ့သည်။

စာမေးပွဲပြီးတာ တော်တော်ကြာနေပြီ။ ‌စာမေးပွဲ ဝင်ဖြေတဲ့သူတွေလည်း အဆောက်အဦးထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြတယ်။ ချူယင်းရဲ့ သူငယ်ချင်းမလေးနှစ်ယောက်တောင် တွေ့လိုက်သေးတယ်။ သူတို့တွေ စကားတပြောပြော ရယ်ရယ်မောမောနဲ့ ထွက်သွားကြ၏။

သူ့မျက်ခုံး ပင့်လိုက်မိပြီး သူတို့နောက်မှာ တစ်ယောက်မှ ပါမလာတာကို တွေ့လိုက်ရသည်။

သူ စာကြည့်နေတုန်းပဲလား အဖြေတိုက်ကြည့်ပြီးတော့လေ?

လုကျန်း ခါးအနည်းငယ်ဆန့်လိုက်မိတယ်။

ကိစ္စမရှိဘူး။ သူတို့ကို ထပ်ပြီးနှောင့်ယှက်မဲ့ သူ့အစ်ကို ပေါ်မလာသရွေ့ သူ့အနေနဲ့ သူမကို ဘယ်လောက်ကြာကြာ စောင့်နေ နိုင်ပါတယ်။

အချိန်အတော်ကြာကြာ စောင့်နေပြီးတဲ့နောက် လူမရ‌ှိတဲ့ ကော်ရစ်ဒါတစ်လျှောက်ကနေ ခြေသံတစ်စုံကို ကြားလိုက်ရသည်။

လုကျန်းရဲ့ နှုတ်ခမ်းထောင့်စွန်းတို့ အနည်းငယ် ကွေးတက်သွားကာ သူ ထောင့်နားက‌နေ ဖြေးဖြေးချင်း ထွက်လာလိုက်တယ်။

—— သူ လှည့်ကြည့်လိုက်တဲ့အခါ ခပ်လှမ်းလှမ်းကနေ ချူရှီနဲ့  မျက်နှာချင်းဆိုင်မိလေသည်။

“?”

အဲ့နောက် သူတို့နှစ်ယောက်ဆီမှပဲ တပြိုင်နက်တည်း ပြောလာ၏။

လုကျန်း မျက်မှောင်ကြုတ်လျက် “ချူယင်း ရော?”

ချူရှီက သူ့ကို စိုက်ကြည့်ပြီး “ငါ့ညီမ ရော”

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ယောက် တိတ်ဆိတ်သွားလေသည်။

သူတို့နှစ်ယောက်စလုံး တစ်ပတ်ရိုက်ခံလိုက်ရတာလား??

ပုံရိပ်လေးတစ်ခုကတော့ ကျောင်းရဲ့သံတံခါးဂိတ်အပြင်ဘက်မနီးမဝေးလောက်မှာ လေညင်းများတိုက်ခတ်တိုးအဝှေ့တွင်  မြူးတူးခုန်ပေါက်နေတဲ့ပုံပေါက်၏။

ချူယင်း ပါးစပ်လေးအုပ်လျက် ကားပေါ်ကို ချောချောမွေ့မွေ့တက်လိုက်ကာ ကားထဲတွင် သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်သည်။

တောင်းပန်ပါတယ် တာ့တာပါ [886]


[886] နှုတ်ဆက်ပါတယ် တာ့တာလို့ အဓိပ္ပာယ်ရပြီး online chats‌တွေထဲမှာ မကြာခဏသုံးတတ်ကြတဲ့ အင်တာနက် တရုတ် ဗန်းစကားပါ။

[T/N: ဒီနောက်က အပိုင်းတွေကို e trans  ထဲကအတိုင်း အပိုင်းခွဲပြီးပဲတင်ပါတော့မယ်။]


Thanks for READING 🩵

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now