《52.1》

2.8K 381 13
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 52 –  (1)

လုကျန်းဟာ အနှီချိုချဉ်လုံးကို မှင်သက်အံ့အားသင့်စွာ ငေးစိုက်ကြည့်နေမိတယ်။ သူ့ရဲ့ လက်တွေကလှုပ်ရှားဖို့တောင်မေ့နေကာ လေပေါ်မှာပင် ရှိနေခဲ့သည်။

သူ မယုံကြည်နိုင်စွာဖြင့် တိုးတီးရေရွတ်မိလိုက်တယ်။ “ငါ့...ငါ့အတွက်?”

သူဟာ အလွန်အမင်း စိတ်ပင်ပန်းရတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေတာမလို့ ဒီအချိန်မှာ သူရဲ့အသံဟာ တိုးညှင်းကာ အက်ရှရှဖြစ်နေလေသည်။ လေသံက ပျော့တိပျော့ဖတ် ဖြစ်နေ၏။

တကယ်ဆို ချိုချဉ်ဟာ ဈေးပေါလွန်းတဲ့ ပူရှိန်းသကြားလုံးတစ်လုံးသာသာ ဖြစ်နေတာကြောင့် ချူယင်း ရှက်နေမိတယ်။ လိုလေသေးမရှိအောင် ဖူးဖူးမှုတ်အလိုလိုက်ခံထားရတဲ့ သခင်ငယ်လေးတစ်ယောက်အနေနဲ့ သူ့ဘဝတစ်လျှောက်လုံး ဒီလိုချိုချဉ်မျိုးကို မြင်ဖူးလိမ့်မှာတောင် မဟုတ်လောက်ပေ။ 

ဒါကြောင့် ချူယင်းဟာ ချိုချဉ်ကို ပြန်ယူဖို့ ကြံရွယ်ကာ  သူမရဲ့ လက်ကို ပြန်မြှောက်လိုက်၏။

“ထားလိုက်တော့”

နောက်ဆုံးတွင် လုကျန်း ပြန်တုံ့ပြန်လာနိုင်လေပြီ။ သူမ ပြန်မယူသွားခင် သူ ချက်ချင်းပဲ သူ့လက်သီး ဆုပ်လိုက်ကာ ပူရှိန်းချိုချဉ်ကို တင်းတင်းဆုပ်ကိုင်ထားလေသည်။

“မင်းငါ့ကိုပေးလိုက်ကတည်းက အခုဒါက ငါ့ဟာဖြစ်သွားပြီလေ”

ချူယင်း သူ့ကို သူမရဲ့ နက်မှောင်တောက်ပတဲ့မက်မွန်ပွင့်ချပ်သဏ္ဍာန် မျက်လုံးများဖြင့် စိုက်ကြည့်နေမိတယ်။ အခုလုကျန်းက အပြောင်းအလဲလွယ်ပြီး ဆိုးသွမ်းနေတဲ့ ကလေးဆိုးကြီးတစ်ယောက်လိုပဲလို့ ထင်မိတယ်။

ဒီဘဝမှာ ခွေးကောင်က ငယ်သေးတယ်။ သူက အရင်ဘဝတုန်းကလောက် မ‌ရင့်ကျက်သေးသလို အသိလည်းမကြွယ်သေးပေ။

လုကျန်း ပြောမယ့်စကားကို သူမ ပိုစိုးရိမ်မိလာသည်။

“အဲ့ဒီတော့က? နင်ဘာပြောစရာရှိလို့လဲ”  သူ့ရှေ့က လူကို လှမ်းကြည့်ဖို့ရာ ချူယင်း မျက်လွှာပင့်ကာ မေးလိုက်၏။ “ဘာဖြစ်တာလဲ”

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now