《44.2》

2.9K 501 12
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】


Chapter 44 – အရှက်မရှိ(2)

အမိုးခေါက်လို့ရတဲ့  sports carဟာ ကျောင်းဂိတ်ပေါက်နားမှာ ကျွီဆိုတဲ့အသံနဲ့အတူ ထိုးရပ်လာလေသည်။ နေကာမျက်မှန်တပ်ထားတဲ့ လူချမ်းသာဒုတိယ‌‌မျိုးဆက် ကျောင်းသားလေးက ချူယင်း ရှေ့တွင် လာရပ်သည်။

သူ့နေကာမျက်မှန်ကို ဖြေးဖြးချင်းချွတ်လိုက်ရင်း ရမ္မက်ပြင်းပြတဲ့ မျက်ဝန်းတစ်စုံ လှစ်ဟပြလိုက်ကာ သူ့ခေါင်းကို ငုံ့လာသည်။

“ဟယ်လို အလှလေး” ပေ့ဇီယင်က ပြောလိုက်ပြီး “အဲ့နေ့က မင်းစောစောပြန်သွားတော့ ကိုယ်တို့ စကားများများစားစားမပြောနိုင်ခဲ့ဘူးနော်”

ပါတီမှာ သူဟာ ချူယင်းရဲ့အလှကြောင့် ရင်ခုန်လှုပ်ရှားသွားသည်။ စုန့်ကျောက်လင်ကို မေးကြည့်ပြီးနောက် သူ လက်ဦးမှုရယူနိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီအချိန်က ဟွေးဝမ်ကျောင်းသားကျောင်းသူတွေ ကျောင်းလာတဲ့အချိန်လည်းဖြစ်သည်။  ချူယင်းက ကျောင်းမှာ နာမည်ကြီးတစ်ယောက်ဖြစ်တာကြောင့် မရေတွက်နိုင်လှတဲ့ မျက်လုံးအစုံ‌တို့က သူတို့ကို စိုက်ကြည့်နေကြလေသည်။

“ဘုရားသခင် ဘယ်သူကများ ငါ့လောင်ဖောနဲ့ စကားပြောရဲတဲ့အထိ သတ္တိရှိနေတာတုန်း?!!”

“အားး ဒီမြင်ကွင်းက ကြည့်ရတာအဆင်မပြေလိုက်တာ!”

“ငါ့ကျယ်ကျဲဆီကနေ ဝေးဝေးနေပေးစမ်းပါ အားး”

ပေ့ဇီယင်ဟာ  ဘေးပတ်ဝန်းကျင်က အကြည့်တွေကို သူလည်းခံစားမိတယ်။သို့သော်  သူက သိပ်ထူးခြားပေါ်လွင်လွန်းနေလို့ဆိုပြီး တလွဲအဓိပ္ပာယ်မှားကောက်နေလေသည်။

ချူယင်းကတော့    သူနဲ့စကားဝိုင်းကို စကားတစ်ခွန်းနဲ့တင် အဆုံးသတ်ခဲ့တယ်။

“စကားများနေတဲ့ နင်တော့မသိဘူး နားထောင်ရတဲ့ ငါတော့ ပျင်းနေပြီ”

ပေ့ဇီယင်: “......” ချီး သောက်ရမ်းအေးစက်တာပဲ

ဒါ ဘယ်လိုအေးတိအေးစက်နိုင်တဲ့ မိန်းမမျိုးလဲ?!!

ပေ့ဇီယင်ဟာ အစက နည်းနည်း စိတ်ဆိုးသွားပေမဲ့ သူမရဲ့ မျက်နှာကို ကြည့်မိမိလိုက်ချင်းမှာပဲ သူ့ရဲ့ ရင်ခုန်သံတွေက သေတော့မလိုကို မြန်မြန်ဆန်ဆန်ခုန်ပေါက်နေလေသည်။

“...အို့ ကြည့်ရတာ ကိုယ်က စိတ်ဝင်စားဖို့ လုံလုံလောက်လောက် မကောင်းသေးလို့နဲ့တူတယ် ကိုယ့်အကြောင်း မင်းသိချင်လား ကိုယ်မင်းကို စိတ်မပျက်စေရဘူး”  ပေ့ဇီယင်က ပြုံးပြလိုက်သည်။

သို့သော် ချူယင်းက ပိုပြီးတောင် ဂရုစိုက်ပုံမပေါ်တော့။ “မဟုတ်ဘူး ငါ့မှာ နင့်ကို မျှော်လင့်ချက်ဆိုတာမျိုးလည်းမရှိသလို စိတ်ပျက်မိမှာလည်း မဟုတ်ပါဘူး”

ပေ့ဇီယင်: “.....” ဖာ့ခ် ရှေ့ဆက်သွားလို့ကိုမရတော့ဘူး

ချူယင်းက စကားအနည်းငယ်နဲ့ သူ့ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်းပြခဲ့ပြီး လှည့်ကာ ထွက်သွားလိုက်တယ်။ ဒီနေ့ နည်းနည်းနောက်ကျနေခဲ့သလို သူစိမ်းတစ်ယောက်ဆီကနေ တားဆီးခံရပြီးအချိန်တွေကုန်သွားတာ စိတ်ရှုပ်စရာပင်။

သူမထွက်သွားတော့ ပေ့ဇီယင် တစ်ယောက် ရှက်သလိုခံစားရသည်။

ဘေးနားက အတန်းဖော်တချို့ ကျယ်ကျယ်အော်ပြောလိုက်သည်။ “ဟေး ကောင်ချောလေး အရှုံးပေးလိုက်တော့ မင်း ချူယင်းရဲ့နှလုံးသားကို ရအောင်အမိဖမ်းနိုင်မှာမဟုတ်ဘူး”

ပေ့ဇီယင်က လက်မခံမယုံကြည်ပေ။ “ငါဘာလို့ သူ့ကို မရနိုင်ရမှာလဲ”

သူကကဏ္ဍပေါင်းစုံမှာ ထူးချွန်တယ်။

“ငါတို့ကျောင်းမှာ ‌ကောင်ချောချောလေးတွေအများကြီးပဲရှိတယ် နင့်ထက်တောင် အဆတစ်ရာလောက်ကို ပိုချောတာ အခုထက်ထိ  ချူယင်းက သူတို့ကို အဆင့်တက်နိုင်ဖို့ ဘာအရိပ်အယောင်မှမပြခဲ့သလို တုံ့လည်းမပြန်ခဲ့ဘူး နင့်မှာ အခွင့်အရေးရှိတယ်လို့ ထင်နေတာလား”

ပေ့ဇီယင် ဒီလိုစိန်ခေါ်ရမှုကြောင့်  တအား စိတ်လှုပ်ရှားသွားလွန်းလို့ အူမြူးသွားလေသည်။

“အဲ့မှာ ချောတဲ့ ကျောင်းသားတွေ ဘယ်လောက်များရှိလို့လဲ သူတို့က ငါ့ထက်သာတယ်လို့တော့ မယုံပါဘူး မင်းတို့တွေ စောင့်ကြည့်နေလိုက်”

ထိုစကားပြောပြီးနောက် သူဟာ  sports car ထဲဝင်ကာ တံခါးကို အရှိန်နဲ့ ပိတ်ကာ မောင်းထွက်သွားသည်။

အတန်းဖော်တွေက သူ့ကို ကြည့်ပြီး ခေါင်းတွေ ခါကာ သက်ပြင်းတွေချကုန်ကြတယ်။ “နံပါတ်အစဉ်တွေ ရေတွက်မနေနဲ့ဦး သူ့ကိုယ်သူ လုကျန်းထက် သာတယ်လို့ ထင်နေတာလား”

ချူယင်း အခန်းထဲဝင်တော့ စုန့်ကျောက်လင်က  သူမကို အသာအယာ လှုပ်ဆွဲခါရင်း အော်ဟစ်နေသည်။

သူ့ရဲ့ မွေးနေ့ကျင်းပပြီးနောက် စုန့်ကျောက်လင်ဟာ အခုဆို   ဝမ်းနည်းကြေကွဲစရာ အခြေအနေနောက်တစ်ခုနဲ့ ကြုံဆုံနေရပြီဖြစ်သည်။

သူ့အစ်ကိုက သူ့ကို မလိမ်ခဲ့ဘူး။ ဦးစားပေးဆက်ဆံခံရမှုသည် သူ့ရဲ့မွေးနေ့အထိမျှသာ ဖြစ်၏။ အဲ့တာပြီးနောက် လစ်မစ်က ကုန်ဆုံးသွားပြ‌ီပဲဖြစ်သည်။

စုန့်ကျောက်လင် ငိုယိုကာ “ ကျွန်တော့်အစ်ကိုက တကယ်လို့သာ ဒီတစ်ခေါက် အတန်းထဲ အဆင့်ငါးအတွင်း မဝင်နိုင်ဘူးဆိုရင် သူက ကျွန်တော့်ကို လက်ဆောင်အကြီးကြီးတစ်ခု ပေးရလိမ့်မယ်လို့ ပြောတယ်”

ချူယင်း အတန်းအတွက် လိုအပ်တဲ့ ဖတ်စာစာအုပ်တွေကို ထုတ်လိုက်ပြီး သာမန်ကာလျှံကာမျှသာ မေးလိုက်တယ်။

“ဘယ်လို လက်ဆောင်မျိုးမို့လို့လဲ”

စုန့်ကျောက်လင်: “ဘယ်ညာလက်သီးထိုးချက်ရယ် ခြေသလုံးအထက်အောက် ကန်ချက် အပြင် တုတ်နဲ့ရိုက်ချက်ရောပဲ”

ချူယင်း: “....”

ဘယ်လောက်တောင်မှ အံ့ဩစရာကောင်းလိုက်တဲ့ လက်ဆောင်တခုပါလိမ့်!

စုန့်ကျောက်လင်: “အားးး ကျွန်တော်က အခုကို ၁၇နှစ်ရှိနေပြီ အရိုက်မခံနိုင်ဘူး ရိုက်ခံရတာက ကျွန်တော့်ကို အသုံးမကျရာကျစေမယ်လေ!!”

ချူယင်းကလည်း စိတ်ပူပေးလိုက်သည်။ “အမှန်ပဲ အသုံးမကျတာက မကောင်းဘူး”

စုန့်ကျောက်လင် : “…”

ချူယင်းရဲ့ ရိုးသားမှုကြောင့် သူ အစပျိုးလိုက်ခံရပြီးကတည်းက အဲ့နေ့က အတန်း‌ချိန်များစွာကို ဂရုတစိုက်နဲ့ သေချာလိုက်နားထောင်ခဲ့လေသည်။

လဝက်စာမေးပွဲက နောက်အပတ်ပင်။ အနီးကပ်အတန်းချိန်တွေမှာ စာလေ့လာရတဲ့အလုပ် တဖြည်းဖြည်းနဲ့ပိုပြီး လေးနက်လာသည်။ ဟိုနေ့က ချူယင်းရဲ့အေးစက်စက်ကန်ချက်ပြီးနောက် ဘယ်သူကမှ နောက်ထပ် သားကောင်မဖြစ်ရဲကြတော့ပေ။

ဟန်ချူယဉ်က ချူယင်းကို ပူးတွဲစာမေးပွဲအတွက် သူတို့ရဲ့ ရန်သူ၏စစ်မြေပြင်အခြေအနေကို သွားစုံစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်သည်။

မေးခွန်းတွေပြီးတဲ့နောက် ခါတိုင်းလိုပဲ ဟန်ချူယဉ်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လာတော့သည်။ “အားးး”

“ဒီကျောင်းကရူးနေတာလား”

ချူယင်းကတော့ ခေါင်းမထောင်ဘဲနဲ့ လှမ်းမေးလိုက်၏။ “ဘာဖြစ်လို့လဲ”

“ဒါက နိုင်ငံတကာသင်္ချာပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရတဲ့ ကျောင်းသားတဲ့လေ သူ့ကိုဒီလောက်ကြီးထိ စိတ်ကြီးဝင်နေလိမ့်မယ်လို့ ငါဖြင့်ထင်မထားဘူး” ဟန်ချူယဉ်က ဖုန်းကို စိုက်ကြည့်ကာ “ငါတို့မြို့မှာ သင်္ချာတော်တဲ့ ကျောင်းသား အများကြီးသိပ်မရှိပါဘူးလို့ သူက ပြောသတဲ့လေ   ငါတို့ကျောင်းက ဒီနှစ်  ‌မျှော်လင့်ချက်ရောင်ခြည်ဆုဖလားပြိုင်ပွဲမှာ ဆုတံဆိပ်နှစ်ခုရသွားတာက ဘာကြောင့်လဲဆိုတာ ပြောသွားသေး...ဘာဖြစ်မလဲမှန်းကြည့်?!”

ချူယင်း:“ဘာကြောင့်လဲဆိုတော့...သူက ဝင်မပြိုင်ခဲ့လို့ အဲ့တာကြောင့်ပဲ ဟွေးဝမ်ကနေ ဆုရသွားစေတာတဲ့လား”

ဟန်ချူယဉ် အံ့အားသင့်သွားကာ “နင်ဘယ်လိုလုပ်သိနေတာလဲ!”

ဟန်ချူယဉ်က အဲ့အကြောင်းတွေးမိတော့ သူပိုပြီး ဒေါသဖြစ်လာပြန်သည်။ သူမရဲ့ နတ်ဘုရားမလေးယင်းယင်းက တအားကို အစွမ်းထက်တာလေ!! သူမ ဘယ်လောက်တောင်မှ အံ့အားသင့်စရာကောင်းလိုက်သလဲ!!

“သူကပြောသေးတယ် ကောင်မလေးတွေက သဘာဝအရဆို သင်္ချာမှာ မတော်ကြဘူး အနုပညာဘာသာရပ်တွဲ ကျောင်းသူတွေထဲမှာ သင်္ချာတော်တဲ့သူဆိုလို့ အနည်းအကျဉ်းလောက်ပဲရှိတယ် ငါတို့ မြို့က ဘယ်သူကမှ သူတို့ကို မယှဉ်နိုင်ပါဘူးတဲ့”

အဲ့လို ကျား၊မ ခွဲခြားဆက်ဆံမှုမျိုးကရှိနေသေးတာလား အဲ့အပြင် တစ်မြို့လုံးတောင် ပစ်မှတ်ထားလိုက်သေးတယ်?

ချူယင်း ဒီလူ ခေါင်းက တခုခုဖြစ်နေတယ်ဆိုတာကို ခံစားမိလိုက်သည်။

ဒီလိုစိတ်မနှံ့တဲ့လူတွေက လူတွေကို နှိမ့်ချလိုက်တာက စိတ်တိုစရာကောင်းတယ်။

သူမရဲ့လက်ထဲ ကဘောပင်ကို ဖိညှစ်မိလိုက်ရင်း  မျက်လုံးတွေကို အနည်းငယ်ကျဉ်းမြောင်းစေလိုက်သည်။  သူမမှာ ဒီလိုပြိုင်ဘက်မျိုးရှိနေတာကသာလျှင် သူမရဲ့ ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်ကို မြှင့်တင်ပေးစေနိုင်တာ။

ပူးတွဲစာမေးပွဲကို မြန်မြန်ဖြေပြီး တူညီတဲ့ အဆင့်မှာ ယှဉ်ပြိုင်လိုက်ကြစို့ အဲ့အချိန်ကျရင် အားလုံး ကွဲကွဲပြားပြားသိလာမှာပါ:)



ချူယင်း သင်ခန်းစာတွေပြန်လေ့လာခြင်းကို အဆုံးသတ်လိုက်တော့ စာသင်ခန်းထဲက ကျောင်းသားကျောင်းသူ အကုန် ထွက်သွားကြပြီပဲဖြစ်သည်။

သူ အသာအယာ အကြောဆန့်ချလိုက်တယ်။

အဲ့ဒီအခိုက်မှာပဲ စာသင်ခန်းရဲ့ အနောက်ဘက်တံခါးကနေ အသံတိုးတိုးတစ်ခု ထွက်ပေါ်လာလေသည်။ သူမ အသံရှိရာ လိုက်ကြည့်တော့ အနောက်တံခါးရဲ့ မှန်အပြင်ဘက်ကျန လူတစ်ယောက်ရဲ့ အင်္ကျီအစွန်းအဖျားလောက်ကလေးသာ မြင်လိုက်ရတယ်။

ချူယင်း လန့်ဖျပ်သွား၏။

သူ  သေချာ  မမြင်ရသော်လည်း  အဲ့တာက ဘယ်သူလဲဆိုတာကို ဘာကြောင့်မှန်းမသိ သူ သိနေလေသည်။

လုကျန်း?

သူ သူမကို တိတ်တိတ်ကလေး စောင့်ကြည့်နေပေမဲ့  သူ့ကို  မိသွားတော့ သူဟာ  ကပျာကယာထွက်သွားလေသည်။ ဒီလိုအပြုအမူမျိုးက.... သူနဲ့မတူပေ။

ချူယင်းဟာ သူဘာလို့ ဒီလိုပြုမူနေမှန်းမသိဘူး။ဒါက သူမအား ခဏလောက် အတွေးပျောက်စေသည်။

သူမဟာ လုကျန်းက သူမရဲ့ အရင်ဘဝတုန်းကအတိုင်းပဲ  ဖြစ်နေလိမ့်ဦးမယ်လို့ ထင်ခဲ့တယ်—သူမ အလျှော့မပေးမချင်း မနားစတမ်းအတင်းလိုက်မယ်ပေါ့လေ။ သူအဲ့လိုထပ်လုပ်မယ်ဆိုရင် သူ အရင်အရှုံးပေးသွားရအောင် သူမရဲ့ ရွှေလက်ချောင်းကြီးကို အသုံးပြုလိုက်မယ်လို့ တွေးခဲ့တာ။

ဒါပေမဲ့ လုကျန်းက အဲ့လိုမဟုတ်ခဲ့။ သူဟာ နည်းနည်းရည်ရည်မွန်မွန်နဲ့ တွန့်ဆုတ်ဆုတ်ဖြစ်နေဖို့ ရွေးချယ်ခဲ့၏။

သူမအနေနဲ့ ဘာတွေဖြစ်သွားမှန်းမသိတော့  ဒါပေမဲ့ အဲ့နေ့ညတုန်းက သူမ အိမ်မက်တစ်ခုမက်ခဲ့သည်။

သူမရဲ့အရင်ဘဝက အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးတော့ပေါ့။

နောက်တစ်နေ့တွင် ချူယင်းတစ်ယောက် နှိုးစက်သံကို မကြားခဲ့ပေ။ အိပ်ရာထနောက်ကျပြီးနောက် သူ ကျောင်းနောက်ကျခါနီးဖြစ်နေပြီဆိုတာကို သိလိုက်ရတော့ ပေါင်မုန့်တစ်ချပ်ပဲ ယူကာ လောလော လောလောနဲ့ ကားပေါ်ကမန်းကတန်းပြေးတက်လိုက်သည်။

သူ ထိုင်ခုံနောက်မှီလိုက်ပြီး သူမရဲ့ မျက်လုံးတွေကို မှိတ်လိုက်ကာ စိတ်ထဲကနေ   မနေ့ညက အိမ်မက်ကို သတိရဖို့ ကြိုးစားလိုက်၏။ 





မနှစ်က အားကစားပြိုင်ပွဲမှာ သူမကို သဘောမကျတဲ့ အုပ်စုတစ်စုကနေ သူမ အနိုင်ကျင့်ခံရလေသည်။ သူမဟာ ရေခဲရေတွေနဲ့  အပက်ခံထားရပြီး စာသင်ခန်းထဲမှာ လော့ခ်ချခံထားရသည်။

အဲ့တာဖြစ်တာ နှစ်တွေအတော်ကြာပြီဖြစ်တာကြောင့် သူမ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး အသေးစိတ်ကို မမှတ်မိတော့။ ဒါပေမဲ့ အခုချိန်မှာတော့ အိမ်မက်ထဲမှာ ငိုခဲ့ရတာမလို့ အကုန် သတိရသွားပြီဖြစ်သည်။



ထောင့်နားမှာ မျက်လုံးမှ မျက်ရည်တွေစီးကျစွာဖြင့် စိုစွတ်နေတဲ့ ဒူးခေါင်းလေးနှစ်ဖက်ကို ပိုက်ပြီး  ထိုင်နေလေသည်။ သူမ အဲ့တာကို  ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်သည်။

မာနရှိပေမဲ့ မသိနားမလည်သေးတဲ့ကောင်မလေးတစ်ယောက် ကျေးလက်ဒေသဘက်မှ ပြန်ခေါ်လာခံရတဲ့အခါ သူမဟာ လူချမ်းသာတို့ရဲ့ လောကကြီးထဲတွင် ကြောင်တိကြောင်တောင် ကွဲပြားနေရင်း ကွဲထွက်နေခဲ့၏။ သူမ  ကျိုးကျိုးနွံနွံနေခဲ့တာတောင်မှ သူမပြန်ရရှိခဲ့တာတွေအားလုံးက မလိုမုန်းထားမှုတွေနဲ့ လှောင်ပြောင်သရော်မှုများသာဖြစ်ခဲ့သည်။ (အခု)သူမအနေနဲ့ အဲ့လို မုန်းတီးလှောင်ပြောင်မှုတွေနဲ့ ပတ်သက်ပြီး သိပ်အများကြီးဂရုမစိုက်ဘူးဆိုပေမယ့် ဒါတွေက  (အရင်ဘဝက) ချူယင်း ရဲ့စိတ်ထဲ  သိမ်ငယ်နေစေခဲ့တာတွေပဲ မဟုတ်လား?

[T/N: အောက်ကစပြီး ပြန်မမွေးဖွားခင်ဘဝက အဖြစ်အပျက်ပါ]


ချူယင်း စာသင်ခန်းထဲမှာ သိပ်ကြာကြာမနေလိုက်ပေ။

ပြတင်းပေါက်အက်ကွဲကြောင်းတွေကနေ တဆင့် ဖြာကျလာတဲ့ နေဝင်ဆည်းဆာအလင်းအနည်းငယ်က စာသင်ခန်းကို ဖုံးလွှမ်းပြီး အလင်းပေးထားသည်။ သူမ လေအေးတွေကြောင့် ခိုက်ခိုက်တုန်နေတုန်း တံခါးလော့ခ်ကို ကလစ်တစ်ချက်နှိပ်ရုံဖြင့် ပွင့်လေသည်။

တံခါးက ကျယ်လောင်စွာ ဘမ်းခနဲ မြည်အောင်ရိုက်ချခံလိုက်ရသည်။   လုကျန်းက တံခါးအပြင်ဘက်မှာ  အနည်းငယ် ဟောဟဲလိုက် ပင့်သက်ရှိုက်နေရင်း  တင်းမာနေတဲ့သူ့မျက်နှာမှာ သိသိသာသာ ဒေါသဖြစ်နေစွာဖြင့် ရပ်နေလေသည်။

ချူယင်း သူ့ကိုမြင်သည်နှင့်တပြိုင်နက်တည်း ခြေထောက်တူးတုပ်ကွေးပြီး ထိုင်နေတဲ့ ပျော့ညံ့နေသော သူမရဲ့ ကိုယ်ဟန်အနေအထားကို ပြောင်းလဲလိုက်သည်။

“အဟက်” သူမ ရယ်လိုက်ကာ “အတော်လေး အံ့အားသင့်စရာကောင်းတာပဲ ဟုတ်? ငါ့ကို ဒီလိုနေရာမျိုးမှာတောင်မှ ရှာပြီးတွေ့နိုင်သားပဲ—မြင့်မြတ်လွန်းတဲ့ သခင်လေးက တကယ်ကိုထင်ထားတဲ့အတိုင်းပါပဲ”

လုကျန်းရဲ့ မျက်ဝန်းနက်တို့ဟာ သူမရဲ့ ဖျော့တော့နေတဲ့ မျက်နှာလေးပေါ်ကျရောက်နေတယ်။

သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ရင်း ခြေလှမ်းခပ်ကျဲကျဲ လျှောက်လှမ်းဝင်ရောက်လာသည်။

ချူယင်းအနောက်ကို ဆုတ်လိုက်ရင်း သူမရဲ့  နှုတ်ခမ်းထောင့်ဟာတင်းရင်းလာ၏။

“ငါ နင့်အင်္ကျီကို မလိုပါ—”

သူမဟာ ဘာပျော့ညံ့မှုကိုမျှ မပြသလိုခဲ့ပေ။ သူမကို ကာ‌ကွယ်ပေးဖို့ ဘယ်သူ့ကိုမှ မလိုအပ်ဘူး။

ဒါပေမဲ့ လုကျန်းက သူမဆီကို လျှောက်လှမ်းလာနှင့်ပြီးဖြစ်ကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမကို သူ့ကုတ်အင်္ကျီနဲ့  လုံလုံခြုံခြုံ တင်းတင်းလေး ခြုံပြီးပတ်ပေးလိုက်သည်။

အဲ့ဒီအချိန်က ချူယင်း အေးနေတယ်လို့ ခံစားနေခဲ့တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ သူမရဲ့အိမ်မက်ထဲမှာ ထိုအချိန်တွင် သူမရဲ့ခန္ဓာကိုယ်ပေါ်က အပူချိန်ကို ရုတ်တရက်သတိရလိုက်မိသည်။

အရမ်း အရမ်းပူလှတယ်။

အဲ့နောက် လုကျန်းက သူမရဲ့လက်မောင်းကို လှမ်းဆွဲလိုက်ကာ သူ့ရဲ့စိတ်ဆိုးမာန်ဆိုးဖြစ်နေတာကို ထိန်းထားလိုက်ရင်း ပြောလာသည်။

“သွားစို့”

Thanks for READING 🩵

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now