《59》

1.9K 268 9
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 59 – တအားပူ

လုကျန်းရဲ့ရှုထောင့်က ကမ္ဘာအသစ်ကြီးဟာ တဖြည်းဖြည်း ပွင့်ဟလာ၏။

ချူယင်း ဒီကမ္ဘာကြီးရဲ့ စည်းမျဉ်းစည်းကမ်းကို သိတာမလို့ သူပြောနေတာတွေက ဖြစ်နိုင်ချေရှိတယ်ဆိုတာ သူမ နားလည်သည်။

ကံကြမ္မာကြီးက သူတို့ကို ကစားနေခဲ့တာ။

သူမရဲ့ စိတ်ထဲက နှစ်ပေါင်းများစွာ မကျေနပ်ချက်တို့ကို နောက်ဆုံး ဖြေရှင်းနိုင်ပြီဖြစ်တယ်။ ဒီပြဿနာ ပျောက်ကွယ်သွားတဲ့နောက်မှာတော့  ဝမ်းနည်းတဲ့ ခံစားချက်တစ်မျိုး သူမရဲ့ စိတ်ထဲ နေရာယူသွားခဲ့တယ်။

သူမကြုံတွေ့ခဲ့ရတဲ့ ကြေကွဲစရာအဖြစ်ဆိုးကြီးအတွက်ကျ လောကကြီးက သူမကို အလျော်ပြန်မပေးခဲ့ဘူး။

အဲ့လိုပဲ လုကျန်းရဲ့ ဒုက္ခတွေအတွက်လည်း လုကျန်းကို လျော်ကြေးပြန်မပေးခဲ့ပေ။

ဒီကမ္ဘာကြီးမှာ ဒီလိုတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး။ ဒီလို အဖြစ်အပျက်တွေ တွေ့ကြုံခဲ့ရ‌ပြီးနောက် သူတို့နှစ်ယောက်တည်းကသာ အချင်းချင်း နားလည်နိုင်ပေးကြတယ်ဆိုတာ သိရှိလိုက်ရတယ်။

ဒီကြောက်စရာကောင်းတဲ့ လောကကြီး။

လုကျန်းက သူမရဲ့ နားလေးကို ဖျစ်ညှစ်လိုက်ကာ  သူမရဲ့ အညိုရောင်ဆံနွယ်တို့ကို ညင်ညင်သာသာ ထိကိုင်လိုက်၏။

“ဝမ်းနည်းမနေပါနဲ့”

ချူယင်း သူမမျက်လုံးကို ပင့်ကြည့်လိုက်တယ်။ မျက်လုံးထဲ ရဲနေတာကတော့ ခုထက်ထိ မပျောက်သေးပေ။ သူမရဲ့ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတို့ဟာ အနည်းငယ်ရီဝေဝေပင်။

လုကျန်း သူမကို ကြည့်ရင်း သူ့နှလုံးသားက ပူလောင်လာတယ်လို့ စတင်ခံစားလိုက်ရတယ်။ သူ သူမရဲ့မျက်လုံးတွေကို နမ်းချင်မိတယ်။

ချူယင်း သူမလက်နဲ့ ပုတ်ထုတ်ကာ အနောက်ဘက်သို့ ကိုယ်ယိမ်းလိုက်ပြီး

“ငါ နင့်ကို အခုထက်ထိ အပြည့်အဝ ခွင့်လွှတ်သေးတာ မဟုတ်သေးဘူးနော်”

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now