《40》

4.2K 576 52
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 40 – ငါကအမှိုက်လိုကောင်!

အဲ့ဒီအခိုက် အနှီမြင်ကွင်းက ဘယ်သူ့ကိုမဆို ဆွံ့အသွားစေနိုင်လိမ့်မည်ဖြစ်သည်။

ချူယင်း: အခုလေ မိုးရွာချပေးလို့ရနိုင်လောက်မလား

ရွှယ်ရှီကျီ:「 ဘာမိုးလဲ 」

ချူယင်း: အတိတ်မေ့သွားစေမဲ့မိုးလေ

မိုးရေတွေရွှဲရွှဲစိုသွားပြီးတဲ့နောက် အားလုံး သူတို့ရဲ့မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားရင်ကောင်းမယ်။

သူတို့မှတ်ဉာဏ်တွေ ပျောက်သွားတာနဲ့ သူမရဲ့ကျောင်းသူကောင်းပုံရိပ်ကလေး ပြန်ပြီးဖြစ်သွားလိမ့်မယ်! သူမ ဘာအဆဲစကားမျိုးမှမသိ နားမလည်တဲ့ ကျောင်းသူကောင်းလေးတစ်ယောက်ပါပဲ!!

ရွှယ်ရှီကျီ: 「အဲ့လိုလုပ်လို့မရနိုင်ဘူးဆိုတာ အသိသာကြီးပါ :)  」

ချူယင်း: အဲ့လိုဆို ငါ့အတွက် တအားခက်ခဲသွားမှာပေါ့

သို့သော် ကယ်တင်ဖို့ ရောက်လာကြတဲ့ ဟွေးဝမ်က ကျောင်းသားကျောင်းသူအုပ်စုလိုက်ဟာ ဆယ်စက္ကန့်လောက် ကြောင်အမ်းအမ်းဖြစ်သွားပြီးတဲ့နောက်    ရုတ်တရက်ကြီး  လက်ခုပ်ဩဘာတွေတီးပြီး စတင်  အားပေးလာကြသည်။

“ငါ့ကျယ်ကျဲက တအားချောတာပဲ အာအာအားးးး”

“ငါတော့ ကွေးပြီ ငါတော့ ကွေးသွားပြီ —ဟင် မဟုတ်သေးပါဘူး ငါက ယောက်ျားလေးလေ”

“ဒါက နှစ်တစ်သောင်းမှာမှတစ်ယောက်ပဲ ပေါ်ထွက်တဲ့  နတ်သမီးလေးတစ်ပါးလားဟယ် ဝူးဝူးဝူး ကျယ်ကျဲက ကျောင်းအတွက် အဖက်ဖက်ကနေ ဂုဏ်ဆောင်ပေးနေတာပဲ”

ချူယင်း: “......”

မဟုတ်ဘူး

ငါတကယ် ဒီလိုဖြစ်ချင်မနေဘူးနော်

မြေပြင်ပေါ်တုံးလုံးပက်လက် လဲ‌နေကျတဲ့ မာနကြီးလွန်းသော လူဆိုးမများဟာ  ထဖို့ ခက်ခက်ခဲခဲကြိုးစားလိုက်ပြီး  ပြန် တိုက်ခိုက်ကြလေသည်။

ဒီတစ်ခေါက် ချူယင်းဟာ စိတ်ထဲမှာ မိုးမီးလောင်နေပြီး  ထလာကာ သူမကို ပြန်တိုက်ခိုက်ချင်ကြတဲ့ ခေါင်းဆောင်ကို သူမရဲ့ မျက်လုံးထောင့်နားကနေ မြင်လိုက်ရတဲ့အခါ ခန္ဓာကိုယ်ကို ကိုင်းချလိုက်ပြီး တန်ပြန်တိုက်စစ် ဆင်ကာ သူမရဲ့ ကော်လာကို တင်းတင်းကျပ်ကျပ် ဆွဲညှစ်ထားလိုက်တယ်။ အဲ့အဖွဲ့ရဲ့ ခေါင်းဆောင်အစ်မကြီးဖြစ်သူဟာ ရုတ်တရက် မျက်နှာ နီရဲလာတော့တယ်။

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now