【𝖴𝖭𝖨𝖢𝖮𝖣𝖤】
Chapter 35 – ကမ္ဘာကြီးကို အချစ်တွေနဲ့
ပြည့်နှက်နေစေရမယ်!စုန့်ကျောက်လင်တစ်ယောက် တဖြောက်ဖြောက်ကျနေတဲ့ နှင်းမိုးတွေကိုကြည့်နေရင်း ဟိုတယ်ရဲ့ မှန်တံခါးနားရပ်နေလေသည်။ အဲ့အခိုက်မှာ သူ့စိတ်ဟာ သည်းထန်တဲ့ လေနဲ့ မိုးတွေလိုမျိုး ယခုရာသီဥတုအတိုင်းပဲ မှုန်မှိုင်းနေမိတော့တယ်။
သူက တဝါးဝါးနဲ့ ပျော်ရွှင်နေတဲ့ ကလေးလေးတစ်ယောက်ပဲ ဖြစ်ချင်မိတာပါ! ဘာလို့ အဲ့တာက ဒီလောက်ခက်ခဲနေရတာလဲ!
[T/N: ကလေးတွေက သွားကစားရင်ပျော်သလိုမျိုး သူလဲ အဲ့ကို သွားကစားပြီးပျော်ချင်တာလို့ပြောတာ]
လုကျန်းက သူ့ဘေးမှာ မျက်မှောင်အနည်းငယ် ကျုံ့နေလျက် ရပ်နေလေသည်။သူ ဘာကို တွေးနေမိလဲဆိုတာ ဘယ်သူမှ ပြောနိုင်မှာမဟုတ်ဘူး။
ရာသီဥတုက ရုတ်တရက်ဆိုသလိုပြောင်းလဲတတ်တာ ပုံမှန်ဆိုပေမဲ့လည်း ဒီမိုးက သံသယဝင်စရာကောင်းစွာနဲ့ အချိန်ကိုက်ကွက်တိကို ကျလာတာဖြစ်၏။
စုန့်ကျောက်လင်က သူ့ဖုန်းကို ငုံ့ကြည့်လုိက်ရင်း သက်ပြင်းချလိုက်မိတယ်။
“ ရာသီဥတုမကောင်းဘူးဆိုတာ ဘယ်လိုလုပ်သိတာလဲဆိုတာ ကျွန်တော် ယင်းကျဲကိုမေးလိုက်တယ်”
လုကျန်းတစ်ယောက် မှုန်ကုပ်ကုပ်မျက်နှာနဲ့ သူ့ခေါင်းလှည့်ကြည့်လာကာ “ အဲ့တော့ သူဘာပြောလဲ”
“.....သူပြောတာကတော့ သူက မိုးလေဝသဌာနကို ဖုန်းလှမ်းဆက်မေးကြည့်လိုက်တာတဲ့” စုန့်ကျောက်လင်ဟာ မှိုင်းထိုင်းနေတဲ့ မျက်လုံး နှင့်အတူပြောလာလေသည်။
“စာတော်တဲ့ ကျောင်းသူလို့ကို မပြောရဘူး အရမ်းတွေကို အသေးစိတ်နေလိုက်တာများ”
လုကျန်းကတော့ ဘာမှပြောမလာတော့ချေ။ သူ့ဖုန်းကို ဖွင့်ပြီး မိုးလေဝသခန့်မှန်းချက် ကို ငုံ့ ကြည့်လိုက်တယ်။
ESTÁS LEYENDO
ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』
Novela Juvenil《 𝖲𝗍𝖺𝗍𝗎𝗌: 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 》 𝖬𝗒𝖺𝗇𝗆𝖺𝗋 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 ❛偏执男主白月光我不当了❜. 𝖮𝗋𝗂𝗀𝗂𝗇𝗂𝖺𝗅 𝖺𝗎𝗍𝗁𝗈𝗋: 赵史觉 𝖤𝗇𝗀𝗅𝗂𝗌𝗁 𝗍𝗂𝗍𝗅𝖾: 𝖨 𝖺𝗆 𝗇𝗈𝗍 𝖿𝗂𝗍 𝗍𝗈 𝖻𝖾 𝗍𝗁𝖾 𝖬𝖺𝗅𝖾 𝖫𝖾𝖺𝖽'𝗌 𝖥𝗂𝗋𝗌𝗍 𝖫𝗈𝗏𝖾 𝖲𝗍𝖺𝗍�...