《49》

2.6K 414 53
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 49 - ငါ့ကိုယ်ငါကယ်တင်နေတာ

ချူယင်းရဲ့ အဆောင်မှာနေတဲ့ ပထမတစ်ပတ်ကတော့ အတော်လေး ဆန်းသစ်တယ်။ သူမက အိမ်ခြေရာမဲ့ဖြစ်နေတယ် ဆိုတာ အသိအသာကြီးကိုလေ ဒါပေမဲ့ သူမအနေနဲ့ အဆင်မပြေဖြစ်တယ်လို့ လုံးဝမခံစားရဘူး။ သူမ ဂရုစိုက်တဲ့ သူတွေကလည်း ကျောင်းမှာပဲ ရှိတာမလို့ အချိန်တိုင်း သူတို့နဲ့ တွေ့နိုင်တယ်။

ချူရှီကတော့ ချူယင်းရဲ့ အဆောင်ကို အစားအသောက်တွေ လာပို့ဆောင်ပေးတတ်ပြီး အခုလက်ရှိ အိမ်ရဲ့ အခြေအနေ‌အကြောင်းကို တင်ပြတတ်သေးသည်။

သူမရဲ့မိသားစုပိုင်ပစ္စည်းတွေက အကြွေးပေးဖို့ ရောင်းချပစ်လိုက်ရတယ်။ ချူချိုးချိုးကတော့ မြင်ကွင်းကနေကို လုံးဝပျောက်ကွယ်သွားလေသည်။ သူမဟာ လူချမ်းသာအသိုင်းအဝိုင်းထဲက ကောင်လေးတွေနဲ့ နေ့တိုင်း လိုက်ပြီးဆက်သွယ်နေတယ်။ ကျန်းယွီကတောင် သူမဆီက နှောင့်ယှက်တာခံရလို့ဆိုပြီး ချူရှီကို လာတိုင်တန်းလေသည်။

ချူရှီကတော့ သူမဟာ သူ့ရဲ့ ချမ်းသာတဲ့ဘဝကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ရာ အိမ်တစ်အိမ်ကို ဝင်နိုင်ဖို့အတွက် ကြိုးစားပမ်းစား လုပ်နေမှန်း သိတယ်။ ဒါကတော့ သူ့အိမ်မက်ထဲကအတိုင်းပါပဲ။ သူ အံ့လည်းဩမနေတော့သလို စိတ်ပျက်သွားတာမျိုးလည်း မရှိတော့။

ဒါပေမဲ့ အိမ်မက်ထဲမှာက ချူချိုးချိုးဟာ ယောက်ျားလေးအုပ်စု သူမကို လိုက်အောင်ပြုလုပ်နိုင်တဲ့ အလှလေးတစ်ယောက်လို့ ယူမှတ်လို့ရခဲ့တယ်လို့ ပြောလို့ရပေမဲ့ အခုဒီတစ်ကြိမ်မှာကျတော့ ချန်ရွှမ်းယွမ်က သူမနဲ့ ပတ်သက်ရှုပ်ထွေးနေဖို့ရာ ဆန္ဒရှိနေတာကတော့ ထူးဆန်းတယ်လို့ ပြောရမယ်။

— အဲ့ကိစ္စနဲ့ပတ်သက်ပြီး တွေးမိကာ ချူချိုးချိုးနဲ့ ချန်ရွှမ်းယွမ် လမ်းပေါ်မှာ ရန်ဖြစ်ခဲ့ကြတယ်ဆိုတဲ့ အကြောင်းကိုပါ ချူရှီက သူမကို ပြောပြလာခဲ့တယ်။

နားထောင်နေပြီး ချူယင်းတစ်ယောက် စက္ကန့်ပိုင်းလောက် တိတ်ဆိတ်မိသွားတယ်။

ချန်ရွှမ်းယွမ်နဲ့ ချူချိုးချိုးတို့ရဲ့ အဲ့ဒီ "မြဲမြံ" ဆိုတဲ့ နည်းစနစ်က အတော်လေး တစ်မူထူးခြားတယ်လို့ ပြောရမှာပဲ။

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now