《41》

4.3K 569 30
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 41 – ဝက်ပေါက်စအတွက် တာဝန်ယူပေး


လုမိသားစုမှာ ဝက်တစ်ကောင် ရှိနေလေသည်။

အနှီအဖြစ်အပျက်တစ်ခုလုံးက ထူးဆန်းပြီး ရယ်စရာလည်းကောင်းနေတယ်။

အချမ်းသာဆုံးမိသားစုဖြစ်တဲ့ လုမိသားစုပိုင် အိမ်တော်ဟာ မြို့ရဲ့ အဖိုးတန်ဆုံး‌မြေနေရာမှာ တည်ရှိတယ်လို့ ယူဆလို့ရသည်။ လုမိသားစုရဲ့ ဥယျာဉ်ဟာ နိုင်ငံခြားသားနာမည်ကြီးအနုပညာရှင်များစွာဖြင့်  ဒီဇိုင်းရေးဆွဲထားတာဖြစ်သည်။

အခုတော့ လုမိသားစုရဲ့ ကြီးကျယ်ခမ်းနားလှသော ဥယျာဉ်ကြားတွင် ပျော်ရွှင်နေတဲ့ ဝက်လေးတစ်ကောင် ‌လျှောက်ပတ်ပြေးနေလေသည်။ 

လုကျန်း အနှီဝက်ပေါက်စ ကို တိတ်တိတ်ကလေး ကြည့်နေမိတယ်။ အခုချိန်မှာ သခင်ငယ်လေး ဘာတွေးနေတာလဲဆိုတာကို ဘယ်သူမှ မပြောနိုင်ပေ။

ဝက်ပေါက်စ ကို အစာကျွေးပြီး သူ့လက်ကို သန့်ရှင်းရေးလုပ်ပြီးတဲ့နောက် Baidu ကနေ ရှာလိုက်သည်။

ဝက်ပေါက်လေးတွေက ထပ်ပြီးကြီးထွားလာနိုင်လား

ဝက်ဘ်ဆိုက်ပေါ်က ပထမဆုံး အဖြေဟာ စာလုံးအကြီးတွေဖြင့် ရေးသားထားသည်။

“ကြီးထွားလာမှာပါ”ဟူ၍ပင်။


လုကျန်း : “......”

သူ ဥယျာဉ်ဘက်ကို ထပ်ပြီး လျှောက်သွားလိုက်တယ်။ ဝက်ပေါက်စလေးကို ကြည့်နေမိပြီး သူ အတွေးပျောက်နေမိတယ်။

အဖိုးလုက သူ့တုတ်ကောက်နဲ့ လျှောက်လှမ်းလာသည်။ သူ့မြေးဖြစ်သူကို သူရောက်နေတဲ့ဆိုတဲ့အကြောင်းသိအောင်မလုပ်သေးခင်  ခဏလောက် ‌စောင့်ကြည့်လိုက်၏။

“မင်းသဘောကျတယ်ဆိုရင် အဲ့ကောင်ကို အသားတိုးလာတဲ့အထိ မွေးမြူထားလိုက်ပေါ့ စိတ်ပူမနေနဲ့ အဲ့ကောင် မဟားတရားကြီးသွားတယ်ဆိုရင်တောင် ဘာပဲဖြစ်ဖြစ် ဒီ အိမ်တော်ကြီးမှာ နေရာအလုံအလောက် ရှိပါသေးတယ်ကွာ”


“......”

လုကျန်း ရှင်းပြလိုက်ချင်ပေမဲ့ အဲ့တာကို တွေးမိပြီးနောက် ဒီတိုင်းထားလိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။ “ဟုတ်ကဲ့”

အဖိုးဖြစ်သူနဲ့ မြေးဖြစ်သူတို့ဟာ ခဏလောက် တိတ်ဆိတ်သွားကြသည်။ ပူနွေးတဲ့ နွေဦးနေ့လေးတွင်  သူတို့ဟာ ဘေးချင်းကပ်ရပ်အနေအထားဖြင့် ခဏလောက် ဝက်ပေါက်လေးကို ရှုစားနေကြမိတယ်။

ခဏ‌အကြာတွင် အဖိုးလုက တစ်ခုခုကို သတိရသွားကာ လုကျန်းကို ကြည့်လိုက်သည်။

“အရင်တစ်ခေါက်က...မင်းအမေကို တွေ့ခဲ့ရလား”

လုကျန်း မျက်လွှာလေးကို အနည်းငယ်ချလိုက်မိကာ

“တွေ့ခဲ့ပါတယ်”

အဖိုးလုက သက်ပြင်းချလိုက်ကာ “နှစ်တွေတောင်အတော်ကြာသွားပြီပဲ...”


လုမိသားစုရဲ့ ချွေးမ စူးယွီမင်ဟာ နိမ့်ကျတဲ့ မိသားစုအသိုင်းအဝိုင်းတစ်ခုမှ မွေးဖွားလာတဲ့သူဖြစ်ပြီး သူတို့ လုမိသားစုနဲ့ လိုက်ဖက်တဲ့ မိသားစုမဟုတ်ပေ။ အဲ့ဒီအချိန်က စူးယွီမင်ဟာ နာမည်ကြီးတဲ့ အလှလေးတစ်ယောက်ဖြစ်သည်။  လုကျန်းရဲ့အဖေဟာ သူမကို  သူ့အပိုင်အဖြစ် ခတ်နှိပ်ထားနိုင်ဖို့ ငွေကြေးအကုန်ကျခံပြီး လိုက်ခဲ့သည်။ မိသားစုသဘောထားကို ဆန့်ကျင်ကာအတိုက်အခံပြုပြီး လုကျန်းရဲ့အဖေဟာ စူးယွီ့မင်ကို လက်ထပ်ခဲ့တယ်။

လုကျန်းရဲ့ မှတ်ဉာဏ်အရ သူ့အမေက တကယ့်ကို အင်မတန်မှ လှပလွန်းသည်။ ဒါကြောင့်လည်း သူ့အဖေက မနာလိုမှုတွေသဝန်တိုလွန်းမှုတွေကြောင့် ခဏခဏဆိုသလို သူ့စိတ် လွတ်လွတ်သွားတတ်လေသည်။ သူ့မိသားစုက မြန်မြန်ဆန်ဆန်ပဲ ပြိုကွဲသွားတာကြောင့် တခြားသာမန်မိသားစုတွေနဲ့ ယှဉ္ရင် ပုံမှန်ပဲလို့ ယူဆလို့ရနိုင်မလားတော့ သူမသိဘူး။


သူ့အဖေက ကားမတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့သည်။ သူ့အမေကတော့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းသွားခဲ့ပြီး ပြန်မသက်သာသေးပေ။

အဆိုးဆုံးအရာကတော့ သူမဟာ သူ့သားအနားကို မနေနိုင်တာပင်ဖြစ်သည်။ လုကျန်းဟာ သူမအနား နီးနီးကပ်ကပ်သွားဖို့ကြိုးစားလိုက်တိုင်း သူမဟာ စိုးရိမ်ကြောင့်ကြလာပြီး မသက်မသာဖြစ်လာကာ သူနဲ့ ဝေးရာနေဖို့ ကြိုးစားလေသည်။

လုကျန်းဟာ ဒါတွေကို တခြားသူတွေအား ဘယ်တော့မှ ထုတ်‌မပြောခဲ့ပေ။  မကြာခဏ သူမဆီကို သူတစ်ယောက်တည်း သွားလည်တတ်သည်။

သို့သော် စူးယွီမင်ရဲ့ အခြေအနေကြောင့် သူဟာ သူမ နဲ့ ရင်းနှီးဖို့ ခဲယဉ်းလေသည်။ သူဟာ သူမနဲ့ အကွာအဝေးခြားထားပြီး အဆောင် အပြင်ဘက်ကနေ ကြည့်ရုံမျှသာကြည့်ခဲ့တယ်။  သူမ အခန်းထဲမှာ မရှိတဲ့အခါကျရင် သူမ အိပ်ရာဘေးရှိ ပန်းအိုးထဲက ပန်းတွေကို လဲလှယ်ပေးခဲ့သည်။

အဲ့ဒီနေ့က သူနဲ့ လုလင်းယွမ်တို့ သူမဆီသွားလည်ခဲ့တုန်းက အမှန်တော့ အဲ့မတိုင်ခင်ကလည်း သူ သွားတွေ့ခဲ့ဖူးလေသည်။  သို့သော် အကြောင်းပြချက်တချို့ကြောင့် သူ အဲ့တာကို မပြောပြခဲ့။


“အမေတစ်ယောက်က ကိုယ့်သွေးသားအရင်းဖြစ်တဲ့ သားဖြစ်သူကို ဘယ်လိုလုပ် မမှတ်မိနိုင်ရတာတုန်း မင်း အားတဲ့အခါ များများသွားတွေ့ပေး အဖိုး သွားဖို့ကျ အဆင်မပြေဘူး သူကလည်း ငါ့ကို တွေ့ချင်နေမှာ မဟုတ်ဘူး  လင်းယွမ်ကိုပဲ အဲ့ဒီကိစ္စတွေကို လုပ်ခွင့်ပေးလိုက်...”

လုကျန်းရဲ့ လေသံက အရမ်းကို ပျော့ပျောင်းနေကာ “ဦးလေးငယ်ကို သွားပြီး ဒုက္ခပေးမနေပါနဲ့ နောက်ကျရင် ကျွန်တော်သွားလိုက်ပါ့မယ်”

“ကောင်းပြီလေ လင်းယွမ်ရဲ့အနေအထားနဲ့ကလည်း မသင့်တော်ပြန်...”

အဖိုးလု ပြောလို့မပြီးသေးခင် ချောင်းတွေဆိုးလာသည်။

လုကျန်းက မျက်မှောင်ကြုတ်မိသွားကာ သူ့ကို အမြန်တွဲထားပေးလေသည်။
“ကျွန်တော် ဒေါက်တာလျှိုကို လာကြည့်ပေးဖို့ ဖုန်းခေါ်လိုက်မယ်”

အဖိုးလုကတော့ သူ့လက်ကို ခါပြလိုက်တယ်။ အဲ့ဒီအခိုက် အနောက်ကနေ နူးညံ့သိမ်မွေ့ပြီးစိတ်ပူနေတဲ့ အသံတစ်သံထွက်ပေါ်လာသည်။

“အဖေ ချောင်းတွေဆိုးနေပြန်ပြီလား”

လုလင်းယွမ် ရောက်လာပြီး အဖိုးလုရဲ့ ကျောကို အသာအယာလေးပုတ်ပေးလာသည်။

“အရင်တစ်ခေါက် ဆရာဝန် ညွှန်းပေးတဲ့ ဆေးတွေရော ဘယ်ထားလဲ တစ်နေ့သုံးကြိမ် သောက်ဖို့ မမေ့နဲ့လေဗျာ”

အဖိုးလုကပြောလိုက်၏။

“ဟုတ်ပါပြီကွာ ဒီက လူအိုကြီးကို စိတ်ပူမနေကြ‌နဲ့တော့ မင်းတို့အားလုံး ကိုယ့်အလုပ်ကိုသွားလုပ်လို့ရပြီ”

လုကျန်း ထွက်သွားတဲ့နောက် လုလင်းယွမ်က သူ့အဖေနဲ့   ခဏလောက်အကြာစကားပြောနေကြသည်။ အဖိုးလု နောက်ဆုံး အနားယူဖို့ပြန်သွားတဲ့နောက် လုလင်းယွမ်ဟာ လုမိသားစုအိမ်တော်ကနေ ထွက်လာလိုက်သည်။

သူ ဥယျာဉ်ဘေးဖြတ်လျှောက်သွားတဲ့အခါ ဝက်ပေါက်စလေးတစ်ကောင် အဲ့နားတစ်ဝိုက် ဖြေးဖြေးချင်း လျှောက်နေတာကို မြင်လိုက်ရသည်။

သူ အနောက်ကို ပြန် လှည့်ကာ ဘေးပတ်ပတ်လည် ကြည့်လိုက်တယ်။ အိမ်စေတစ်ယောက်က ရှေ့ကို လှမ်းလာပြီး ရှင်းပြလေသည်။

“ အဲ့တာ သခင်လေး ဝယ်လာခဲ့တာပါ”

“အော” လုလင်းယွမ်ဟာ သူ့မျက်ဝန်းအောက်ခြေကနေကို ပြုံးတက်သွားပြီး စိတ်ဝင်စားမှုတကြီး မေးလာသည်။

“သခင်လေးက အဲ့တာကို သူ့အတွက်သူ ဝယ်ခဲ့တာလား ဒါမှမဟုတ်— တစ်ယောက်ယောက် အတွက်များလား”

အိမ်စေက သူ့ခေါင်းကို ယမ်းပြလိုက်ကာ “သခင်လေးက  ဘာမှမပြောပါဘူး ဒါပေမဲ့ အခုလောလောဆယ်တော့ အဲ့တာကို ပေးပစ်မဲ့ အစီအစဉ်မျိုး ရှိတဲ့ပုံမပေါ်ပါဘူး”

လုလင်းယွမ်က “အမ်း” ဆိုတာ ထုတ်ပြောလိုက်ပြီး ဂိတ်အပေါက်ကို အပြုံးရေးရေးလေးနဲ့ လျှောက်လှမ်းလာခဲ့ပြီး ကားထဲကို ဝင်သွားလိုက်တော့သည်။

လက်ထောက်ဖြစ်သူက စာရွက်စာတမ်းတွေ လှမ်းပေးလာသည်။ လုလင်းယွမ်က အဲ့တာကို ယူလိုက်ပြီး အကြမ်းဖျမ်းမျှ ဖတ်လိုက်ပြီး ရုတ်တရက် မေးလိုက်တယ်။

“‌ကျောင်းမှာ သခင်လေး ဘယ်လိုနေလဲ ထူးခြားတာမျိုးတခုခုဖြစ်သွားသေးလား”

လက်ထောက်ကပြန်ဖြေလာသည်။

“သခင်လေးက သူတို့ကျောင်းရဲ့  အနုပညာပွဲတော်မှာ နာမည်ကြီးတဲ့ စန္ဒရားသ‌ီချင်းတစ်ပုဒ်ကို တီးပြခဲ့ပါတယ်”

လုလင်းယွမ်က မျက်ခုံးပင့်သွားကာ ပြုံးလိုက်မိပြီး မေးလာသည်။

“သူ့ အတန်းဖော်ကရော? ချူ ယင်း?”

လက်ထောက်ဟာ သူဘာဖြစ်လို့ ကြုံရာလူအကြောင်းရုတ်တရက် မေးလာရတာလဲဆိုတာကို နားလည်တဲ့ပုံမပေါ်ပေ။  အဲ့တာကို တွေးလိုက်ပြီးနောက်  သူ ပြန်ဖြေလိုက်သည်။

“အဲ့ဒီကောင်မလေးကလည်း ကျောင်းမှာ အရမ်းကို နာမည်ကြီးလာပါတယ် ဒါပေမဲ့ သူက သခင်လေးနဲ့ ဘာပတ်သက်မှုမှမရှိပါဘူး”

“အဲ့ဒီလိုပေါ့ ..”

လုလင်းယွမ်က ပြုံးလိုက်ပြီး ဒရိုင်ဘာကို အိမ်တော်ကနေမောင်းထွက်ရန် အချက်ပြလိုက်သလို သူ့လက်ကို ခါပြလိုက်တယ်။

“နောက်ကျ အဲ့ဒီကလေးမကို ပိုပြီးအာရုံစိုက်ထားကြ”

“သဘောပေါက်ပါပြီ ဆရာ”

ချူယင်းဟာ လုကျန်းကို အဲ့နေ့က ဝက်ကို အတင်းပြောင်းပေးပြီးလိုက်တဲ့နောက် သူမ အဲ့ဒီ ခွေးကောင်ဆီကနေ ဘာလက်ဆောင်မှ ထပ်ရမလာတော့ချေ။

ခွေးကောင်မှာ သူ့တွင်ရှိမနေသင့်တဲ့ အတွေးတွေ ရှိနေပါက သူမ အဲ့တာတွေကို တတ်နိုင်သမျှ စောစော ဖျက်ဆီးပစ်ထားနိုင်ဖို့ ဒီရက်ပိုင်း လုကျန်းကို တိတ်တိတ်ကလေး စောင့်ကြည့်နေမိသည်။


ဒါပေမဲ့ လုကျန်းဟာ စိတ်အခြေ‌အနေကောင်းနေတာလားမကောင်းဘူးလားဆိုတာကို သူမ အခုထက်ထိ နားမလည်နိုင်သေးပေ။ ဝက်ပေါက်စကို ရက်တော်တော်ကြာ မွေးမြူနိုင်တဲ့အထိ သူ့စိတ်က တည်ငြိမ်နေဆဲပင်ဖြစ်သည် ။ ဒါက အရာအားလုံးကို ရှုပ်ထွေးစေလေသည်။ သူက ဝက်တွေကို ကြိုက်တာလား မကြိုက်တာလား။

ချူယင်း ခဏလောက်  တွေးဆနေပေမဲ့ ဒီတစ်ခေါက်ရော လုကျန်းက ဘာအတွက်ကြောင့် သူမကို လက်ဆောင်ပေးချင်တဲ့ အတွေး ရှိလာရတာလဲဆိုတာကို နားမလည်နိုင်တော့ပေ။ အရင်အကြိမ်တွေကမှ အကြောင်းပြချက်ရှိသေးတယ်။

ဥပမာအနေနဲ့ဆိုရင် သူ ရွှေသားစစ်စစ် ဗုဒ္ဓရုပ်ပွားတော်ရရှိခဲ့တာက သူ့ရဲ့ မကောင်းတဲ့ ကံတရား ကြောင့်မလို့။ ဈေးကြီးတဲ့ ဖောင်တိန်ကို ရရှိခဲ့တုန်းက ကွတ်ကီးတွေအတွက် ကျေးဇူးတင်မိတဲ့လက်ဆောင်အဖြစ်နဲ့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ အခုကျတော့ရော သူက ဘာအတွက်ကြောင့်နဲ့ သူမကို လက်ဆောင် ထပ်ပြီး ပေးချင်နေပြန်ရတာလဲ။

အနုပညာပွဲတော်တုန်းက ယောက်ျားလေးအဝတ်အစားနဲ့ တအားချောသွားတဲ့အတွက်ကြောင့်လား။

သူမရဲ့ အရင်ဘဝက သတိမထားမိခဲ့ပေမဲ့ ခွေးကောင်မှာက ဒီအကျင့်ရှိနေတာများ ဖြစ်‌နိုင်လောက်မလား?

ချူယင်းဟာ သူ လုကျန်းနဲ့ လျန်ယွဲ့ချီတို့ သူတို့ရဲ့ အချစ်လမ်းကြောင်းလေး ဖောက်ပေးတဲ့နေရာမှာ ကူညီပေးရာတွင် လမ်းမှားကို ရွေးချယ်မိသွားသလားလို့တောင် သံသယစဝင်လာပြီဖြစ်သည်။ ခပ်ချောချော ခပ်လန်းလန်း ကောင်လေးတစ်ယောက်ကို လုကျန်းနဲ့ ဆုံပေးလိုက်မယ်ဆိုရင်ရော သက်ရောက်မှုများကွဲပြားသွားနိုင်လိမ့်မလား။

ကြည့်ရာ သူမရဲ့စိတ်ကူးစိတ်သန်းကို အသုံးချဖို့ လိုအပ်နေသေးတုန်းပင်။

သို့သော် သူ ကျောင်းကို ရောက်ရောက်ချင်း  သူ့ရှေ့မှာလာရပ်နေပြီး အသည်းအသန်ဖြစ်ပြနေတဲ့ လူတစ်ယောက်ကို ကြည့်ပြီး ခေါင်းတွေပါကိုက်လာလေသည်။

ဒီ ဂျူနီယာ ကျောင်းသားလေးက ဟောက်ယောင် လို့အမည်ရပြီး သူ့နာမည်က တကယ်လည်း တင်စီးလွန်းသည်။

မျှမျှတတပြောရမယ်ဆိုရင် ဒီကောင်လေးက ရုပ်မဆိုးဘဲ သန့်ရှင်းတဲ့ ညီငယ်လေးတစ်ယောက်လိုပင်။  ‌ဧပြီလရာသီဥတုအောက်တွင် သူဟာ အင်္ကျီလက်ပြတ် အင်္ကျီကိုဝတ်ဆင်ထားပြီးပြောင်ရှင်းနေတဲ့  အသားဖြူဖြူ  လက်မောင်းနှစ်ဖက်ကို ဖော်ပြနေလေသည်။ သူ့ကိုကြည့်ရတာ အမွေးပြောင်နေတဲ့ ဒေါင်းနဲ့ပိုတူတယ်။

ဟောက်ယောင်က သူ့ရှေ့မှာ ရှက်တက်တက်နဲ့ ရပ်နေပြီး “ချူစီနီယာမမ ဒီရက်ပိုင်း အစ်မ ဘာတွေ တွေးနေလဲဆိုတာ ကျွန်တော်သိတယ်”

ချူယင်း: “? ငါဘာကို တွေးနေတာလဲ”

သူတွေးနေတာဆိုလို့ ဘာသာစကား ဒါမှမဟုတ် စ‌ီးပွားရေး နှစ်ခုထဲက တစ်ခုကို  စိတ်ကြိုက်ဘာသာရပ်တစ်ခုအဖြစ်နဲ့ ဘာကို ရွေးရင်ကောင်းမလဲလို့ တွေးနေတာပဲရှိတယ်။

ဟောက်ယောင်က သူ့ရဲ့မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ မျက်လုံးလေး မှိတ်ပြလာကာ “အစ်မက ကျွန်တော့်အကြောင်းကို တွေးနေတာလေ”


“…...”

ချူယင်း တစ်စက္ကန့်မျှ  ဆွံ့အသွားပြီး “စိတ်မကောင်းလိုက်တာ ငါဖြင့် နင့်ကို သိတောင်မသိလို့ တွေးတောင် မတွေးမိခဲ့ဘူး”

ဟောက်ယောင်က ငိုချတော့မလိုပုံစံနဲ့ “ဒါဆို ကျွန်တော်က လုံလုံလောက်လောက် ကောင်းမနေလို့ပဲ ဖြစ်ရမယ်”

ချူယင်းကတော့ အကြင်နာမဲ့လေသည်။

“နင့်ကိုယ်နင်သိသွားလို့ ဝမ်းသာမိပါတယ်”


ဟောက်ယောင်:“......”သူဆက်တောင် မဖလစ်နိုင်တော့ဘူး။

 
သူ့ဆီကနေ သနားကြင်နာမှုလေး တစ်စွန်းတစ်စတောင် မရနိုင်ဘူးဆိုတာ  မယုံဘူး! 

ဟောက်ယောင်က သနားစရာကောင်းစရာ ဆက်သရုပ်ဆောင်ဖို့ ပြင်နေပေမဲ့ ဘေးကနေ လူတစ်ယောက်ဆီက ရုတ်တရက် ချတာကို ခံလိုက်ရသည်။  သူ ယက်ကန်ယက်ကန်ဖြစ်သွားပြီး အော်လိုက်မိတယ်။

“ဘာလားဟ”


ဟန်ချူယဉ်က ချူယင်း ရှေ့ကနေ တိတ်တိတ်ကလေးကာထားလိုက်ပြီး သဘာဝကျကျ ပြောလာသည်။

“နံစော်နေတဲ့ အကောင် ငါ့ယင်းကျဲကို ဒုက္ခလာမပေးနဲ့”

အဲ့တာနဲ့ပဲ သူဟာ ချူယင်း လွတ်မြောက်လာအောင် ကူညီပေးခဲ့သည်။

ဟောက်ယောင်က ဒေါသထွက်လွန်းလို့ ခြေထောက်ကို သုံးကြိမ်ဆောင့်လိုက်မိတယ်။— အဲ့ဒီကောင်မက ဘယ်ကနေ ထွက်လာတာလဲ!

ဟန်ချူယဉ်က ချူယင်းနဲ့အတူ ကျောင်းအဆောက်အအုံထဲကိုဝင်လိုက်ကာ သူမကို သတင်းပေးလိုက်သည်။

“ဟောက်ယောင်က ရုပ်ကြည့်ကောင်းတာကြောင့် လိင်တူကြိုက်တဲ့ ကောင်လေးတွေကြားမှာ နာမည်ကြီးတယ်”

ချူယင်း:“...ငါတော့ နားမလည်တော့ဘူး”

ဟန်ချူယဉ်က တော်တော်များများအကုန်သိတယ်။ ချူယင်းဟာ တခါတလေကျ သူဟာ ဉာဏ်ကြီးရှင်တစ်ယောက်ပဲလို့ သံသယဖြစ်မိတယ်။ အဲ့လိုမှမဟုတ်ရင် အတင်းအဖျင်းအားလုံးကို up-to-date အကုန်လိုက်မှီပြီး  စာမေးပွဲမှာ ဘယ်လိုလုပ်များ ဒုတိယနေရာကို ရနိုင်သေးမှာလဲ။


“ဘာပဲဖြစ်ဖြစ်ပါ ဒီကျောင်းမှာ gayနေကြတဲ့  ကျောင်းသားတွေအများကြီးပဲ ရှိတယ် ဒီတစ်ခေါက် နင်က အရမ်းမိမိုက်ပြီး ချောသွားတော့ သူတို့င နင့်ဘက်ကို အာရုံပြောင်းလာကြတာ”

ချူယင်း:“ငါ  ဂုဏ်ယူသင့်တာလား”

“မလိုပါဘူး” ဟန်ချူယဉ်က သူမကို အခန်း၅၏ တံခါးပေါက်ရှေ့အထိ လိုက်ပို့လိုက်တယ်။ ထွက်မသွားခင်မှာ သူဟာ အလေးအနက် အကြံပြုလာတယ်။ “ကျဲ နင့်ဘာသာတစ်ယောက်တည်း လှနေလို့ရတယ်  အဲ့ဒီလို နံစော်နေတဲ့ ကောင်တွေ ဆီကနေ မြူဆွယ်မခံလိုက်ရစေနဲ့ အော် ရှိသေးတယ် အစ်မတွေ ညီမတွေဖြစ်တဲ့ ကောင်မလေးတွေဆီကရောနော်”

ချူယင်း ခေါင်းညိတ်ပြလိုက်တယ်။ “ကောင်းပါပြီ”

သူမလည်း အဲ့ဒီလို အဖြစ်ခံမဲ့ အစီအစဉ်မရှိပါဘူး။


ဟိုကောင်ကို ကိုင်တွယ်ဖြေရှင်းနေရတာနဲ့တင် လုံလောက်နေပါပြီ


ဟန်ချူယဉ်က ဆက်ပြောလာသည်။

“ပြောရမယ်ဆိုရင် နင့်ရဲ့အလှက အများပိုင် ပစ္စည်းဖြစ်နေတုန်းပဲ! လူတိုင်း သဘောကျနိုင်တယ်”

ဘေးနားက ဖြတ်သွားကြတဲ့ ကောင်မလေး အနည်းစုဟာ အဲ့ဒီချစ်စိတ်ပြင်းတဲ့စကားကို ကြားလိုက်ရတဲ့နောက် ခေါင်းတွေညိတ်ပြလာသည်။ “ဟုတ်တယ် ဟုတ်တယ်”

“ကျဲ ငါ့ကို မချစ်ဘူးဆိုရင် တခြားသူတွေကိုလည်း မချစ်နဲ့”

ချူယင်း: ..ခွင့်ပြုပါဦး

ပန်းပွင့်များဟာ နွေဦးရဲ့ နေရောင်အနွေးဓာတ်အောက်တွင် ပွင့်လန်းနေကြသည်။ ဒီပညာသင်နှစ်ရဲ့ သင်တန်းက အရင်ကနှစ်ထက် အများကြီး ပိုအသေးစိတ်ကြလာသည်။

ဟွေးဝမ်က ကိုယ်ကာယပညာအတန်းများကို သင်ကြားဖို့  အထူးပြုဆရာများကို သီးသန့်ဖိတ်ကြားခဲ့သည်။ဒါကြောင့်မလို့ ဤသင်တန်းသည် ကျောင်းသားကျောင်းသူများအတွက် အဟော့ဆုံးခေါင်းစဉ်ဖြစ်လာတော့သည်။

“ယင်းကျဲ အစ်မ ဘယ်အတန်းကို ရွေးမှာလဲ” စုန့်ကျောက်လင်က မေးလာ၏။

အတန်းထဲက ကျောင်းသား၊ကျောင်းသူအများစုကလည်း သိချင်နေကြတာဖြစ်သည်။ သူတို့က ချူယင်းနဲ့  အတန်းတူတက်ချင်ကြတာပဲဖြစ်၏။ ကျောက်ယွီရှောင်း နဲ့ တခြားကျောင်းသားတချို့ဆို နည်းနည်း ခေ့င်းလေးထောင်မတ်လာကာ နားကို တစ်ဖက်စောင်းထားလေသည်။

ချူယင်းရဲ့ကိုယ်ကာယပညာနဲ့ပတ်သက်တဲ့ သဘောထားကတော့ အရမ်းကို အစဉ်အလာကျသည်။ —သင် လှော်နိုင်ရင် ကောင်းတယ်။ မလှော်နိုင်ရင်တောင်မှ လှော်တတ်ရမှာဖြစ်တယ်။


သူ့အနေနဲ့ လူတွေအများကြီးပါတဲ့ PEအတန်းချိန်ကို မယူလိုပေ။ အဲ့တာက သူမကို သင်ယူမှုအရည်အချင်းကို ထိခိုက်စေနိုင်သည်။

“မမေးနဲ့” ချူယင်းက စုန့်ကျောက်လင်ရဲ့ခေါင်းကို ဘေးဘက်ပြန်တွန်းလိုက်တယ်။

ကျောက်ယွီရှောင်းနဲ့ တခြားသူတွေကတော့ စိတ်ပျက်လက်ပျက် ပြန်လှည့်သွားကြသည်။

စုန့်ကျောက်လင်:“ ကျွန်တော် အစ်မကို အကောင်းဆုံး  အကြံပြုချက်တွေ ပေးလိုက်မယ် fencing  အတန်းမှာ အချောဆုံး ကောင်လေးတွေရှိတယ် တင်းနစ်အတန်းမှာ အလှလေးတွေဖြစ်တဲ့ ကောင်မလေးတွေရှိတယ် အော် ပြီးတော့  ဘတ်စကတ်ဘော အတန်း အဲ့မှာတော့ ပေါတောတော ကြောင်တောင်တောင်နိုင်တဲ့ ကောင် တွေပဲရှိတာ ”


ခိုးနားထောင်နေတဲ့ ကျောက်ယွီရှောင်းဟာချက်ချင်း ဆဲလိုက်မိတယ်။ “ချီးပဲ လင်းဇီ”

စုန့်ကျောက်လင်ကတော့ သူ့မျက်နှာကို အနည်းငယ် ဝင့်ချီနေတယ်။

သူမဖုန်းထဲက သင်တန်းရွေးချယ်မှုစနစ်ကို ကြည့်နေရင်း သက်ပြင်းချလိုက်မိတယ်။

“လင်လင် နင်  အသတ်မခံရသေးဘဲ ဒီနေ့အထိ အသက်ရှင်နေခဲ့တာ  အံ့ဩစရာတစ်ခုပါလား”


စုန့်ကျောက်လင်: “ဒါဆိုရင်တော့ ကျွန်တော့်အသက်ကို ကယ်တင်ပေးထားတဲ့ ကျွန်တော့်အစ်ကိုကြီးကို ကျေးဇူးတင်ရတော့မှာပဲ”

ချူယင်းဟာ အတန်းတစ်ခုစီတွင် ကျောင်းသားအရေအတွက်ကို တိုက်ရိုက်ကြည့်ရှုလိုက်သည်။စုန့်ကျောက်လင် ပြောသလိုဆို fencing  နဲ့ တင်းနစ်က နာမည်ကြီးတဲ့အတန်းများဖြစ်တယ်။အဲ့တာတွေဆို ကျော် ကျော်။  အတန်းအားလုံးကို စီစစ်ရွေးချယ်ပြီးတဲ့နောက် သူမဟာ အခုလူရှစ်ယောက်သာရှိသေးတဲ့ အတန်းကို စိတ်ကူးနဲ့ ယူကြည့်မိတယ်။


Sanda အတန်း [T/N: တရုတ်ရိုးရာ လက်ဝှေ့]


စုန့်ကျောက်လင်ဟာ ချူယင်း နှိပ်လိုက်တဲ့ အတန်းကို ချောင်းကြည့်ပြီး တံတွေးကို ဂလုခနဲ မြိုချမိတယ်။

ယင်းကျဲ!

သူမရဲ့ဖုန်းပေါ်မှာ စာရင်းသွင်းတာအောင်မြင်ကြောင်းစာတန်းပေါ်လာတဲ့နောက် ဒီ PE အတန်းတွင် သင်ယူမှုအရည်အချင်းကသေချာပေါက်အာမခံချက်ရှိသွားပြီလို့ ခံစားလိုက်ရသည်။ သူ အရမ်းကို ကျေနပ်နေမိသည်။ 

PE အတန်းချိန်က အတန်းရွေးချယ်မှုစနစ် ပိတ်သွားတဲ့နောက်တစ်ရက်တွင် စလာသည်။

စုန့်ကျောက်လင်ကတော့ အလှလေးတွေရှိတဲ့ တင်းနစ်အတန်းကို ယူခဲ့တာဖြစ်သည်။ ကျန်ယန်ကတော့ စားပွဲ တင်းနစ်ကို ရွေးချွယ်ခဲ့သည်။ အခန်း၅ကသူ ဘယ်သူမှမရှိသလို ချူယင်းနဲ့ အတန်းတူလည်း မရှိပေ။ 

သေချာသွားအောင် ချူယင်းက ဇာတ်ညွှန်းကို ကြည့်လိုက်တော့ လုကျန်းက Sandaအတန်းကို မရွေးချယ်ဘူးဆိုတာကို တွေ့ရှိလိုက်ရသည်။ သူ အရာရာတိုင်းကို  အရမ်း စိတ်ကျေနပ်သွားတယ်။

——သူ  Sanda စာသင်ခန်းရှေ့မှာ ဟောက်ယောင်ကို မမြင်လိုက်ရခင်အထိပေါ့။

ချူယင်း:“......”

System ငါ့ရှေ့ကို ထွက်လာခဲ့စမ်း!

ရွှယ်ရှီကျီ: *ကတုန်ကယင်ဖြစ်နေ*

ချူယင်း:“ဇာတ်ညွှန်းထဲမှာ ဘာဖြစ်လို့ ဟောက်ယောင်ကိုပါ ထည့်မရေးထားတာလဲ ဘာလဲ ခြေနင်းပြား ဇာတ်ကောင်တွေကို နင်က အထင်သေးတာလား?”

ရွှယ်ရှီကျီ: 「hostက ကျွန်တော့်ကို ခက်ခဲအောင် အနိုင်ကျင့်နေတာပဲ 」

ချူယင်း:“......”

ဟောက်ယောင်ဟာ ချူယင်း ဒီအတန်းမှာ ရှိနေလိမ့်မယ်လို့ မသိခဲ့ပေ။ သူ ဒီကို လာတယ်ဆိုတာကလည်း သန်သန်မာမာဖြစ်ချင်လို့။ သူ ချူယင်းကို မြင်လိုက်ရတဲ့အခိုက် ပြင်းထန်တဲ့ တိုက်ခိုက်လိုစိတ်တွေ အရင်ကထက်တောင် စိတ်အားထက်သန်လာလေသည်။

သူ့နှလုံးသားလေး လှုပ်ခတ်သွားကာ “အိုး ဘုရားရေ ငါ့စီနီယာမမက အရမ်းချောတာပဲ”

ချူယင်း:“.....”

Sanda အတန်းယူထားတဲ့ ကျောင်းသားအများစုက ယောကျာ်းလေးများပင်ဖြစ်ကြသည်။ သူတို့အားလုံး ချူယင်းကို သိကြပေမဲ့ သူ့ကို ဒီမှာမြင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှမမျှော်လင့်ထားခဲ့မိပေ။

ဟောက်ယောင် သွေးပူလေ့ကျင့်ခန်းလုပ်ပြီးနောက် သူ့နား သွားချင်တာတောင်မှ ချူယင်းရဲ့ အားလပ်ချိန်မှာ သင်္ချာပုစ္ဆာဖြေရှင်းတဲ့ လေ့လာစိတ်ပြင်းပြမှုကြောင့် သူ လှုပ်လို့ကိုမရပေ။ အတန်းချိန်ပြီးတော့ လေ့ကျင့်ခန်းစာအုပ်တွေကို  ထုပ်သိမ်းနေတဲ့ချူယင်းကို  ဆွဲကိုင်လိုက်တယ်။


“စီနီယာမမ ဆရာ ခုနက ကျွန်တော်တို့ကို သင်ပေးသွားတဲ့ဟာကို အစ်မ ကောင်းကောင်းမလေ့ကျင့်ရသေးဘူးလေ” ဟောက်ယောင်က သူ့လက်မောင်းဖြူဖြူကို ဖော်ပြထားရင်း သူ့မျက်လုံးထဲမှာ စတနတ အရိပ်အယောင်တချို့ ပြသနေသည်။

“ကျွန်တော်နဲ့ အတူ လေ့ကျင့်ချင်လား”

ချူယင်း:“......”

နင်ကြိုးစားကြည့်မယ်ဆိုရင် ငါနင့်ခေါင်းကို ရိုက်ခွဲမိလိုက်မယ်

ဟောက်ယောင်က သူမမျက်လုံးထဲက ငြင်းဆန်မှုနဲ့ ဒေါသထွက်နေမှုကို မြင်လိုက်ရတာမလို့ သူ ‌အဝေးကို အကြည့်လွှဲလိုက်တယ်။ ရလဒ်အနေနဲ့ သူဟာ ပြတင်းပေါက်အ‌ပြင်ဘက်က fencing  အတန်းရဲ့ အရိပ်လေးတစ်စွန်းတစ်စကို ဖြတ်ခနဲ မြင်လိုက်ရ၏။

“အိုး ဘုရားရေ လုကျန်းကို မြင်လိုက်ရတာပဲ” ဟောက်ယောင်က အော်ဟစ်လိုက်ပြီး “ချောနေတုန်းပဲ”

ချူယင်းက မျှော်လင့်မိစွာ အားပေးလိုက်တယ်။

“ဒါဆို သူ့ဆီသွားလေ သွား”

ဟောက်ယောင်က ကျောင်းနတ်ဘုရားကို သဘောကျပေမဲ့ သက်ပြင်းချလိုက်ကာ ပြောလိုက်တယ်။

“မဟုတ်ဘူး သူက ကျွန်တော့်အဆင့်ကို ကျော်နေပြီ”

ချူယင်းက ပြုံးပြုံးလေးနဲ့ သူ့ကို ကြည့်ကာ “ဒါဆို ငါက လုကျန်းထက် ပိုသာလို့လား”

ဟောက်ယောင်: “အဲ့လို မဟုတ်ဘူး လုံးဝ မဟုတ်ဘူး”

ချူယင်း သူ့ပခုံးကို ပုတ်ကာ  ပြုံးနေသလို နှုတ်ခမ်းလေး တွန့်ကွေးလိုက်တယ်။

“ဒါဆို လာလိုက် မောင်လေး ကြိုးစားတိုက်ကြည့်တာပေါ့”

Sanda  ခန်းမအပြင်ဘက်က စုန့်ကျောက်လင်ဟာ လုကျန်းကို လာတွေ့တဲ့အချိန်မှာ  သူ့လက်ထဲ တင်းနစ်ရိုက်တံတစ်ချောင်းနဲ့  သုတ်သုတ်ပျာပျာ ပြေးလာတယ်။ 

“ကျန်းကော  ယင်းကျဲရဲ့ Sanda ပွဲကို သွားကြည့်ကြရအောင်”

လုကျန်း မျက်ခုံးပင့်လိုက်မိတယ်။


စုန့်ကျောက်လင်ရဲ့ အသံက ချက်ချင်းကို လူတော်တော်များများကို ဆွဲဆောင်သွားစေသည်။ ချူယင်းကို နာမည်ကြီးလွန်းတာမလို့ တစ်ကျောင်းလုံးတွင် မသိတဲ့သူမရှိသလောက်ပင်။ ဒီအချိန်မှာ ဖြတ်သွားဖြတ်လာတော်တော်များများကအစ ချူယင်းရဲ့ အမာခံပရိသတ်များပင်ဖြစ်သည်။

အဆုံးမှာတော့ လူအုပ်လိုက်ကြ‌ီးSanda အတန်းဆီကို ပြေးသွားကြပြီး တံခါးကနေ လှမ်းကြည့်နေကြတယ်။

လူနှစ်ယောက်ဟာ ကွင်းထဲမှာ တစ်ယောက်နဲ့တစ်ယောက် ‌လက်ဝှေ့ လေ့ကျင့်ထိုးဖို့ ပြင်နေကြရာ တစ်ယောက်က ချူယင်း နှင့် နောက်တစ်ယောက်က ပထမနှစ်ကျောင်းသားလေးဖြစ်တယ်။

ကြည့်ရှုနေကြသူများသည် ရုတ်တရက် စိတ်လှုပ်ရှားလာကြတယ်။

“ဘယ်လောက်တောင် အချိန်ကိုက်လိုက်သလဲ”

“အားး ချူယင်း စချတော့မှာ ချူယင်းက ချတော့မှာပဲ!”

လုကျန်းနဲ့ စုန့်ကျောက်လင်ဟာ ကွင်းထဲထိ လျှောက်လှမ်းလာပြီး ထောင့်လေးတစ်ထောင့်မှာ မသိမသာ ထိုင်ချလိုက်တယ်။

စုန့်ကျောက်လင်က တိုးတီးပြောလာသည်။

“အဲ့ဒါက ချူယင်းကို ကြိုက်နေတဲ့ ဂျူနီယာ gayကျောင်းသားပဲလေ”

လုကျန်း အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး ချူယင်းရဲ့ ဆန့်ကျင်ဘက်က ကောင်လေးကို စိုက်ကြည့်နေမိတယ်။

ဟောက်ယောင်ဟာ ဒီတစ်ခေါက်တော့ ချူယင်း သူ့ကိုယ်သူ အရူးလုပ်မိသွားပြီလို့ ခံစားနေရသည်။ ချူယင်း သူ့ကို သူမနဲ့ တိုက်ခိုက်ဖို့ ဖိတ်ခေါ်လိုက်တုန်းက သူ့အနေနဲ့ ဒါကို အနိုင်ပွဲ တစ်ခုအဖြစ် မှတ်ယူပြီးသားဖြစ်သည်။ ပြီးတော့ ဒီလိုအနီးကပ် တိုက်ပွဲမျိုးက ရုပ်ပိုင်းဆိုင်ရာအထိအတွေ့ပိုများတာမလို့ ချူယင်းက သူ့အတွက် သူမရဲ့နှလုံးသားလေးကို နည်းငယ်တောင် ဖွင့်လာပေးနိုင်တယ်။ 

လက်ရည်အရဆိုရင် ချူယင်းဟာ Sanda  ကို ကျွမ်းကျွမ်းကျင်ကျင် သင်ယူနိုင်ဖို့အတွက်က မဖြစ်နိုင်ပေ။

ဟောက်ယောင်အနေနဲ့ ဒါက ပျော်စရာကောင်းတယ်လို့ ခံစားရတယ်။

သူက သူ့ရဲ့ကလေးဆန်တဲ့ အမူအရာကို တင်ထားပြီး ဆံပင်ကိုခံ့ညားစွာ ခါယမ်းကာ  ညှို့ယူနေတဲ့ရုပ်နဲ့ ပြောလိုက်တယ်။ “လာလေ စီနီယာမမ~”

ချူယင်းက သူ့လက်ကောက်ဝတ်ပေါ်က အဝတ်စကို တင်းလိုက်ပြ‌ီးဘခေါင်းညိတ်ပြလိုက်တယ်။

“break time ကို ကန့်သတ်ထားတာမလို့ ဒီပွဲကို မြန်မြန်ပဲ အဆုံးသတ်ကြရအောင်”

ဟောက်ယောင်က သူတို့ကိုကြည့်နေတဲ့ လူတွေကို လက်ဝှေ့ယမ်းပြနေတုန်းပင်။

“ သူတို့က မြန်မြန်မပြီးစေချင်လောက်ဘူးနော်”

ချူယင်း:“ဒါဆိုရင် ငါလာမယ်”

ပရိသတ်များ: “အားးး သူတို့တတွေစနေပြီ!!!~”

“တိုက်တော့မယ် တိုက်တော့မယ်”

စုန့်ကျောက်လင်လည်း စိတ်လှုပ်ရှားနေမိတယ် “ကံကောင်းပါစေ!!”

သူတို့ကြားက အကွာအဝေးက တခဏအတွင်း ကျဉ်းသွားတယ်။ ချူယင်းရဲ့ ‌ခြေနောက်ပြန်ကန်ချက်က ပေါ့ပါးနေပြီး သူ့ခန္ဓာကိုယ်အလေးချိန်က ရှေ့ဘက်ကို ချက်ချင်း ရွေ့သွားတယ်။ ဟောက်ယောင်ရဲ့ လက်က သူမရဲ့ အဝတ်အစားတွေကို မထိရသေးခင် သူဟာ  သူ့ခါးနဲ့ ဝမ်းဗိုက်ပိုင်းကို အပြင်းအထန် ထိမှန်သွားတဲ့  သေသပ်လှပသော လက်နောက်ပြန်တည့်တန်း ထိုးချက်နဲ့ အရိုက်ခံလိုက်ရသည်။

“ဘုန်း”

ဟောက်ယောင် လွှင့်ထွက်သွားတယ်။

ဒီတိုက်ကွက်ဟာ သူမရဲ့အရင်ဘဝတုန်းက သူမကို လုကျန်းကိုယ်တိုင် သင်ပေးခဲ့တာဖြစ်သည်။ လွယ်လည်းလွယ်သလို အလုပ်လည်းဖြစ်တယ်။

ချူယင်း သူမရဲ့လက်သ‌ီးကို ပြန်ရုတ်သိမ်းလိုက်ပြီး

“ဘာမှမလုပ်ရသေးဘူး မြန်မြန်ထလာလေ ငတုံးမောင်လေးရဲ့”


ပွဲကြည့်နေကြတဲ့သူတွေ အကုန်လုံး အံ့အားင့်ကုန်ကြတယ်။ ပွဲစပြီးရုံပဲရှိသေး ပြီးသွားပြီတဲ့!

——တစ်ပွဲလုံး ဆယ်စက္ကန့်တောင် မရှိလိုက်ဘူး။

စုန့်ကျောက်လင်ဟာ အသိစိတ်ပြန်ကပ်လာတဲ့အချိန် ခန်းမရဲ့အတွင်းရော အပြင်ပါ အော်ဟစ်သံများနှင့်ကျယ်လောင်နေသည်ကို သတိထားမိလိုက်သည်။

လုကျန်းက ဘေးမှာထိုင်နေပြီး လက်ခုပ်တီးရင်း ပြုံးနေလေသည်။

ချူယင်းက စည်းစနစ်တကျ လေ့ကျင့်ထားတယ်ဆိုတာ သူ့အနေနဲ့ သေချာပေါက်လုနီးပါးပင်။ အဲ့ဒီအပြင် သူက ဉာဏ်ကောင်းတယ်။ သူမအနေနဲ့ အားချင်းယှဉ်ရင် နိုင်ဖို့မဖြစ်နိုင်မှန်း သူမကိုယ်သူမသိနေပြီး သူ့ကို အရှိန်နှင့် တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တယ်။


သူမက သူကြိုက်တဲ့ မိန်းကလေးအမျိုးအစားမျိုးမဟုတ်ဘူးဆိုတာ သိတယ်။

ဒါပေမဲ့....

သူ့လက်ကို မြှောက်ပြီး ထိန်းမနိုင်သိမ်းမနိုင် အခုန်မြန်နေတဲ့ သူ့နှလုံးသားကို ဖိကပ်မိလိုက်တယ်။

သူ့ဘေးက စုန့်ကျောက်လင်က ရယ်နေလေသည်။

“အခုကစပြီး အဲ့ဒီ‌ညီအစ်ကိုတွေ ယင်းကျဲကို ဘယ်တော့မှ ထပ်ပြီး နှောင့်ယှက်တော့မှာမဟုတ်ဘူး”

လုကျန်းရဲ့ နှုတ်ခမ်းက ကွေးတက်နေပြီး “အင်း”

စုန့်ကျောက်လင်က ဂုဏ်ယူစွာနဲ့ ထုတ်ပြောလာတယ်။ “ဒါဆို ကျွန်တော်က ယင်းကျဲနဲ့ အကောင်းဆုံးဆက်ဆံရေးရှိတဲ့ တစ်ဦးတည်းသော ယောက်ျားလေးပဲ”

ဒါကိုပြောလိုက်မိတဲ့နောက် လေထုက ရုတ်တရက် အေးစက်သွားလေသည်။

စုန့်ကျောက်လင်က လန့်ဖျပ်သွားပြီး လုကျန်းအသံဖျော့ဖျော့လေးနဲ့ မေးလာတာကို ကြားလိုက်ရတယ်။

“ဘယ်လိုဆက်ဆံရေး?”

သူက ပြောမပြတတ်အောင် တုန်လှုပ်နေမိပြီး ဗြုန်းခနဲ  အမြန်ဖြေလိုက်တယ်။ “သားအဖ ဆက်ဆံရေး‌ပါ”

လုကျန်း နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီး ရုတ်တရက် ရယ်လာသည်။

စုန့်ကျောက်လင်: “ဘာ..ဘာဖြစ်လို့လဲ”

လုကျန်းက ပြုံးကာ သူ့ကိုကြည့်လိုက်တယ်။

“အဲ့ဒီလိုဆို ယောကျာ်းလေးအမေတစ်ယောက်တော့ လိုတယ်မလား”

စုန့်ကျောက်လင်:“အမ်”


—အမ်?????



[ညသန်းခေါင်အချိန် 12:00 ]

စုန့်ကျောက်လင် ညဉ့်နက်တဲ့အထိတိုင်အောင်  ဖုန်းကိုင်နေခဲ့တယ်။ သူ့ဖုန်းကို အင်တင်တင်နဲ့ဘေးချပြီး  စောင်ကို သူ့ဆီ ဆွဲ‌ခြုံလိုက်ကာ သူ့မျက်လုံးလေးကို သာသာယာယာမှိတ်လိုက်တယ်။

အိပ်ရမဲ့အချိန် အိပ်ရမဲ့အချိန်။


အခန်းဟာ တိတ်ဆိတ်နေလေသည်။


[2:00 AM]

——ယောက်ျားလေး အမေ!


သူ့စိတ်ထဲမှာ အဲ့ဒီစကားလုံးသုံးလုံး ပေါ်ထွက်လာပြီး မျက်လုံးကို ချက်ချင်းဖွင့်လိုက်မိတယ်။

သူဘာကိုဆိုလိုတာလဲ။

စုန့်ကျောက်လင်ဟာ မျက်နှာကျက်ကြီး ‌စိုက်ကြည့်ပြီး အချိန်အကြာကြီး တစိမ့်စိမ့် တွေးဆနေမိကာ ရုတ်တရက် အတွေးတစ်ခုဖြတ်ခနဲ ဝင်လာသည်။

ဖြစ်နိုင်လောက်လား?!

ကျန်းကောက?? ယင်းကျဲကို ကြိုက်နေတာ??

သူ အဲ့တာ‌ကို တွေးမိတဲ့အခါ သူတို့ကြားမှာ တစ်ခုခုရှိနေတယ်ဆိုတာ သူခံစားမိတာကြာနေလှပြီ!

စုန့်ကျောက်လင်ရဲ့ နှလုံးခုန်သံဟာ မြန်ဆန်နေသည်။
ဘုရားရေ ဒါ ဘယ်လောက်တောင် ကြီးလိုက်တဲ့သတင်းလဲ!

ဒီသတင်းသာပေါက်ကြားသွားမယ်ဆိုရင် လူဘယ်လောက်များများ ပြိုလဲသွားကြလိမ့်မလဲ?

ဒီနာမည်ကြီးတဲ့ နှစ်ယောက်သာ ညှိသွားရင် ဟွေးဝမ်မှာ အဆင့်၈ မြေငလျင်အကြီးစားကြီးတစ်ခု လှုပ်ခတ်သွားနိုင်တယ်!!

စုန့်ကျောက်လင် လုံးဝကို အိပ်မပျော်တော့ပေ။

သူ စောင်ကိုကိုက်ပြီး သိလိုစိတ်ပြင်းပြစွာ တွေးမိလိုက်တယ်။ ငါ ယင်းကျဲကို ပြောလိုက်သင့်လား မသင့်ဘူးလား။


အကန်ခံလိုက်ရတဲ့နေ့ကစပြီး ဟောက်ယောင်က ချူယင်းကို ရက်အတော်ကြာတဲ့အထိမနှောင့်ယှက်တော့ပေ။  ချူယင်းကသူ့ရဲ့ဖန်သားနုနု နှလုံးသားလေးကို ခွဲလိုက်မိတာပဲဖြစ်ရမယ်။

အဲ့ကနေစပြီး ချူယင်းရဲ့ ကြမ်းတမ်းလှတဲ့ပုံရိပ်ဟာ ကျောင်းသားကျောင်းသူတွေရဲ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်သွားလေသည်။ ရည်းစားစာနဲ့ လက်ဆောင်သေးသေးလေးတွေ လာလာပို့တဲ့အရေအတွက်က တနေ့ထက်တနေ့ ကျဆင်းလာတော့တယ်။

ချူယင်းကတော့ မေးခွန်းအပေါ်ကိုပဲ အာရုံစိုက်နိုင်ပြီလို့ တွေးလိုက်တယ်။ —အဲ့ဒါလည်းကောင်းတာပဲ!

စုန့်ကျောက်လင်ရဲ့ ရံဖန်ရံခါ အနှောင့်အယှက်ပေးမှုတွေကလွဲရင် သူမရဲ့ ငြိမ်းချမ်းတဲ့ ကျောင်းသူဘဝလေးက နောက်ဆုံးတွင် ပြန်ရရှိလာ၏။

စုန့်ကျောက်လင်ရဲ့ ထူးဆန်းပြီး ဂနာမငြိမ်တဲ့အပြုအမူတွေကို တွေ့ရှိလိုက်ရတဲ့နောက် ချူယင်းရဲ့ အာရုံတွေက သူ့အပေါ်ကို ကျရောက်လာလေသည်။

နင်ဘာပြော‌ချင်နေတာလဲ??

ချူယင်း သက်ပြင်းချလိုက်ကာ “လင်လင်”

စုန့်ကျောက်လင်: “ဘာဖြစ်တာလဲ”

ယင်းကျဲ တခုခုများ မြင်သွားတာလား။


ချူယင်းရဲ့ မျက်လုံးတွေက ပူပန်ပေးမှုတွေကို ပြသနေရင်း သူ့ကို ညင်သာစွာပြောလိုက်၏။

“လူ၁၀ယောက်မှာ ၉ယောက်လောက်က လိပ်ခေါင်းရောဂါ ဖြစ်တတ်ကြတယ် နင် ဖြစ်နေတယ်ဆိုရင်လည်း မကြောက်နဲ့နော် နေ့တိုင်း ဆေးလိမ်းပေးဖို့ မမေ့နဲ့”

အဲ့ဒီလိုနဲ့ပဲ ချူယင်းဟာ စုန့်ကျောက်လင်ရဲ့သိက္ခာကို ကာကွယ်ပေးဖို့အတွက် ထွက်သွားပေးလေသည်။

စုန့်ကျောက်လင်ဟာ သတိပြန်လည်ဖို့ အချိန်အတော်အကြာယူခဲ့ရတယ်။

??? မဟုတ်ဘူးလေ!

ကျွန်တော့်မှာ ဘာ လိပ်ခေါင်းမှာ ရှိမနေပါဘူးနော်!!


ထားလိုက်တော့ သူဒါနဲ့ပတ်သက်ပြီး အရေးမစိုက်ရဲတော့ဘူး။ ကျန်းကော သူ့ဘာသူ လုပ်ပါစေတော့!



ကျောင်းပိတ်ရက်တွင် ချူယင်းဟာ အပြင်ဘက် လမ်းထွက်လျှောက်ဖို့ ချူရှီ ဆွဲခေါ်တာကို ခံလိုက်ရတယ်။

ချူယင်း နေ့တိုင်း သူ့အခန်းထဲမှာ ပိတ်လှောင်ထားပြီး စာပဲလုပ်နေတာကြောင့်  သူ မွန်းကျပ်လာမှာ စိုးရိမ်မိတယ်။

ဒီဧရိယာနားတစ်ဝိုက်တွင် ဥယျာဉ်သေးသေးလေးတစ်ခုရှိတယ်။ များသောအားဖြင့် အနီးနားရှိ လူချမ်းသာမိသားစုက အမျိုးသမီးများကနေ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်တဲ့ ခွေးတွေ ကြောင်တွေနဲ့ ဒီနားကို လမ်းထွက်လျှောက်တတ်ကြသည်။

ချူရှီသူမကို ခေါ်ထုတ်လာတော့ ချမ်းသာတဲ့အမျိုးသမီးများက သူ့ကို မှတ်မိနေပြီး အပြုံးလေးတွေနဲ့ လှမ်းနှုတ်ဆက်ကြလေသည်။ ချူယင်းကတော့ ရှက်တတ်ပြီး ပေါင်းသင်းဆက်ဆံဖို့ခဲယဉ်းတာကြောင့် ချူရှီက သူမရဲ့ လက်ကို ပုတ်ပေးကာ သူမကို ဥယျာဉ်ထဲ လျှောက်ပတ်သွားခိုင်းလိုက်တယ်။ 

ချူယင်း ဘေးဘက်ကို မသိမသာရွှေ့သွားလိုက်တော့ အမွေးပွပွနဲ့ လိမ္မာတဲ့ ခွေးအကြီးကြီးတစ်ကောင် မြေပြင်ပေါ် လှဲနေပြီး လျှာလေးတွဲလဲကျနေကာ သူမကို ကြည့်နေတာ ကို မြင်လိုက်ရတယ်။ ချူယင်း မနေနိုင်ဘဲ ဆောင့်ကြောင့်လေးထိုင်ချကာ ကစားနေမိလိုက်တယ်။ 

လိမ္မာတဲ့ ခွေးအကြီးကြီးဟာ ပျော်ရွှင်စွာနဲ့ သူမရဲ့လက်ထဲကို သူ့မျက်နှာလေး လျှိုဝင်ပွတ်တီးပွတ်သပ်လုပ်လာသည်။

ချူယင်းရဲ့ နှလုံးလည်း ချက်ချင်းကို အရည်ပျော်ကျသွားတယ်။ သူမစိတ်ထဲကနေ အော်ဟစ်နေမိပြ‌ီး ခွေးကို တင်းတင်းလေးဖက်လိုက်မိတယ်။

အဲ့ဒီအခိုက် နောက်အရာတစ်ခုကလည်း သူမအနောက်ကနေ ပြေးဝင်လာတယ်။

ချူယင်းဟာ ခြေသံအရ ခွေးအကြီးကြီး နောက်တစ်ကောင်ဖြစ်လိမ့်မယ်လို့ တွေးမိလိုက်တယ်။

သူ နောက်တစ်ကောင်နဲ့ ဆုံဖို့ မထခင် အနှီခွေးရဲ့ မေးလေးကို  ပွတ်ပေးလိုက်သေးသည်။

သူမ လှည့်လာလာချင်းပဲ ဝက်တစ်ကောင်ရဲ့ အော်သံကို ကြားရလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။


လုံးလုံးတုံးတုံး ပန်းရောင်ဝက်ပေါက်စလေးဟာ သူမဆီကို ပျော်ရွှင်စွာနဲ့  လွှားခနဲ ခုန်တက်လာသည်။

ချူယင်း:“......?”


ဝက်ကလေးဂာ သူမခြေထောက်ဆီကို ပြေးဝင်လာသည်။  သူ့ခေါင်းနဲ့ ခြေထောက်က တိုက်မိကာ ရလဒ်အနေနဲ့ ပက်လက်ကလေး မြေပြင်ပေါ် လဲကျသွားလေသည်။ 


ပန်းရောင် ဗိုက်လုံးလုံးကို ရှင်းနေအောင်မြင်လိုက်ရပြီး မလှုပ်မယက်ဖြစ်မိတယ်။

ချူယင်း: တအားအိစက်နေမှာပဲ...ငါထိကြည့်ချင်တယ်!!

ဝက်ပေါက်ရဲ့အနောက်က အနက်ရောင်ဆံပင်နဲ့ လူငယ်လေးဟာ ပေါ့ပေါ့ပါးပါး hoodie တစ်ထည်ဝတ်ထားပြီး ဖြေးဖြေးချင်း လျှောက်လာသည်။


ချူယင်း ဝက်ပေါက်စကို လက်ညှိုးထိုးလိုက်ပြီး သူမရဲ့လက်ကို ခါယမ်းကာကိုယ့်ကိုယ်ကို ကာကွယ်ပြောလိုက်တယ်။ “အဲ့ဒါသူ့ဘာသူ ဖြစ်တာ ငါ ဘာမှမလုပ်ဘူးနော်”

ဒါကို ဘယ်လိုခေါ်တာပါလိမ့်? ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုတာများလား။

သူမ လုကျန်းဆီပို့လိုက်တဲ့ ဝက်ပေါက်စက ဒီလိုအခြေအနေမျိုးမှာ သူမရှေ့မှာ ပြန်ပေါ်လာလိမ့်မယ်လို့   ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။

လုကျန်းက ပြုံးလိုက်ကာ “ချူယင်း မင်းသူ့ကို တိုက်ချလိုက်တာပဲ”

ချူယင်း: “သူ့ဘာသူ လဲသွားတာ‌ပါနော်”

လုကျန်းရဲ့ မျက်ဆံမည်းမည်းတို့ဟာ တောက်ပနေကာ နှုတ်ခမ်း‌ထောင့်စွန်းလေးကွေးတက်နေရင်း သူမကို ကြည့်လိုက်တယ်။

“မင်းဒီဝက်ပေါက်စအတွက် တာဝန်ယူပေး‌သင့်တယ်”

ချူယင်း ရှော့ခ်ရသွားသည်။

လုကျန်း??

နင် လက်ဖက်စိမ်းမလေးလို ဟန်ဆောင်နေတာလား?

နင်အရှက်မရှိလိုက်တာ!!

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now