《60》

1.9K 266 6
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 60 – အနမ်းတစ်ခုမဟုတ်ခဲ့။

အဲ့ဒီနေ့မှာပဲ ဟွေးဝမ်ရဲ့ ဖိုရမ်မှာ ပို့စ်အသစ်တစ်ခုပေါ်ပေါက်လာတယ်။

[ကယ်ကြပါ အားးးးးးးးး ငါ့မှာ အချိုတွေကြောင့် မူးဝေနေတာပဲဟယ်!!!]

အမျိုးမျိုးသော ဉာဏ်ကောင်းတဲ့ သူများဟာ ပို့စ်အောက်တွင် ဝင်မန့်ကြတယ်။

၁ထပ်: ဘယ်မှာလဲ ဘယ်မှာလဲ ငါတွေးနေတာ မှန်တယ်မလား?!

၂ထပ်:  နင့်မှာ ဖရဲသီးရှိတယ်ဆိုရင် ဥမထားနဲ့ ငါတို့လဲ ဖရဲသီးလိုချင်တယ်လေ!!

၃ထပ်(OP): ငါ ထပ်မပြောပြနိုင်ဘူး ဟားဟားဟား ငါအရမ်း ပျော်တာပဲ!!

၄ထပ်: အားးး ဒီပို့စ်တင်တဲ့သူကို ငါသတ်ချင်တယ်!!

ပို့စ်ပိုင်ရှင်ရဲ့ နာမည်အပြည့်အစုံက ဖော်ပြမထားပေမဲ့  အတင်းအဖျင်းသတင်းကို တစ်ယောက်ယောက် လာမဖြန့်မချင်း အင်တာနက်သုံးစွဲသူများဟာ ဆက်လေကန်နေကြတယ်။

၆၅ထပ်: ငါက အခန်း၅ကပါ ငါ ‌အလေးအနက်ထားပြီး ပြောပြမယ်! အတန်းဖော် ချူက P.E ချိန် နောက်ကျနေတယ် ဒါဘာကိုဆိုလိုတာလဲဆိုတာ နင်တို့ နားလည်ကြရဲ့လား!

၆၆ထပ်: ငါလူးတဲ့မှ! အတန်းဖော်လုလည်း ကျောင်းထဲ ဝင်လာတာကို တစ်ယောက်ယောက်က မြင်ခဲ့တယ်တဲ့!!

၆၇ထပ်: အားးးးးးးးးး အဲ့တာကို မတွေးလို့ကို မရတော့ဘူး!

၇၀ထပ်: ပြီးသွားပြီ လုံးဝပြီးပြီ!!!

ချူယင်း နီရဲနေတဲ့ မျက်နှာနဲ့  ထောင့်ကြားကနေ ထွက်လာခဲ့တယ်။

“ပြန်သွားတော့ နင့်ကို ငါနဲ့အတူ P.E အတန်း တက်ခွင့်မပြုဘူး!”

“ကောင်းပြီ” လုကျန်းပြုံးကာ သူမရဲ့ အနောက်ကနေ တည်တည်ငြိမ်ငြိမ်လေးလိုက်လာပြီး အသံခပ်တိုးတိုးနဲ့ မေးလာသည်။

“ဒါဆို မင်းကိုယ့်ကို ပြန်လိုက်ပို့‌ပေးမှာလား”

ချူယင်း: “မပို့ပါဘူး ငါအတန်းတက်ရတော့မှာ”

လုကျန်းက ညှိနှိုင်းသလိုပြောလာတယ်။

“ကိုယ့်ကို ကျောင်းဂိတ်ပေါက်အထိ လိုက်ပို့ပေး၊ ကိုယ်မင်းကို တစ်ပတ်တိတိ လာမနှောင့်ယှက်တော့ဘူး”

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now