【𝖴𝖭𝖨𝖢𝖮𝖣𝖤】
Chapter 20– ဒူးထောက်ခြင်း
ကျန့်ယွီတစ်ယောက် လွင့်ထွက်သွားတဲ့အချိန်မှာ ရိုးရိုးသားသားပြောရမယ်ဆိုရင် ချူယင်းအနေနဲ့ လန်းဆန်းမှုကို ခံစားလိုက်ရတယ်။
ထိပ်တန်းကုမ္ပဏီတွေထဲကမှတစ်ခုရဲ့ဆက်ခံသူတစ်ယောက်အနေနဲ့ လုကျန်းဟာအဆင့်မြင့်ပညာရေးသာမက တိုက်ခိုက်ရေးပညာတွေပါ ရှိခဲ့တယ်။သူရဲ့လေ့ကျင့်မှုများဟာ သာမန်လူတွေအနေနဲ့ မယှဉ်နိုင်ကြပေ။
သူ့ရဲ့ကိုယ်ဟန်အနေအထား၊ ပုံစံအချိုးကျကျနဲ့ ခွန်အားတွေကအားလုံးကို ပြီးပြည့်စုံနေတယ်။
ကျန့်ယွီတစ်ယောက် လုကျန်းရဲ့ခြေထောက်ရှည်ရှည်က ပြီးပြည့်စုံတဲ့ တိုက်ခိုက်ရေးပုံစံနှင့် အတူ ပေါက်ကွဲမှုအပြည့်ဖြင့် ကန်ခံလိုက်ရသည်။
...မိုက်တယ်ဟ!!
ချူယင်းဟာ သူမရဲ့ အူမြူးနေတဲ့အမူအရာကို ထိန်းထားလိုက်ပြီး အံ့အားသင့်၊ကြောက်ရွံ့၊ထိတ်လန့်နေတဲ့ မျက်နှာထားမျိုးဖြစ်အောင်ကြိုးစားလိုက်သည်။
ကျန့်ယွီဟာ ကျယ်လောင်တဲ့ အုန်းခနဲအသံကြီးနဲ့အတူမြေပေါ်လဲကျသွားခဲ့တယ်။ဖြတ်သွားတဲ့ကျောင်းသားတွေကတော့ရှော့ရသွားကြသည်။သူတို့ဖရဲသီးတွေစားချင်နေကြပေမယ့်လုကျန်းရဲ့ရှေမှာတော့မစားရဲကြဘူး။ သူတို့တတွေ တိတ်တိတ်လေးကြည့်ဖို့ကြိုးစားရင်းသူတို့ရဲ့အတင်းအဖျင်းပြောချင်တဲ့မျက်လုံးတွေကို ဖုံးထားလိုက်သည်။
ဘာဖြစ်တာလဲ?
ကျန့်ယွီ လုကျန်းကန်တာကိုခံလိုက်ရတယ်??
ကျန့်ယွီက ချူယင်းကို လိုက်နေတာမဟုတ်လား??
ဟမ်???
ကျန့်ယွီက မြေပေါ်လဲကျပြီး ပြန်တောင်မထနိုင်ခဲ့ဘူး။သူ့ရဲ့စိတ်အနှောက်အယှက်ဖြစ်စရာ ဟိတ်ဟန်များတဲ့အမူအရာတွေပျောက်ကွယ်သွားပြီးနာကျင်နေတဲ့ပုံစံတစ်ခုသာကျန်ရစ်ခဲ့တယ်။
လုကျန်းကတော့ မည်းမှောင်ပြီးတင်းမာတဲ့မျက်နှာထား ဖြစ်နေသည် ။သူရန်လိုစိတ်အပြည့်နဲ့ ပြောလိုက်တယ်။
YOU ARE READING
ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』
Teen Fiction《 𝖲𝗍𝖺𝗍𝗎𝗌: 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 》 𝖬𝗒𝖺𝗇𝗆𝖺𝗋 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 ❛偏执男主白月光我不当了❜. 𝖮𝗋𝗂𝗀𝗂𝗇𝗂𝖺𝗅 𝖺𝗎𝗍𝗁𝗈𝗋: 赵史觉 𝖤𝗇𝗀𝗅𝗂𝗌𝗁 𝗍𝗂𝗍𝗅𝖾: 𝖨 𝖺𝗆 𝗇𝗈𝗍 𝖿𝗂𝗍 𝗍𝗈 𝖻𝖾 𝗍𝗁𝖾 𝖬𝖺𝗅𝖾 𝖫𝖾𝖺𝖽'𝗌 𝖥𝗂𝗋𝗌𝗍 𝖫𝗈𝗏𝖾 𝖲𝗍𝖺𝗍�...