《27》

5.3K 747 79
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 27 – ဒါနင်နဲ့အတန်ဆုံး

လုကျန်းတစ်ယောက် သူ့ရဲ့ထိန်းမထားနိုင်တဲ့ ရယ်သံကို ကာဖို့ လက်မြှောက်ထားလိုက်မိသည်။ သူ့မျက်လုံးထဲကနေ ပြုံးရိပ်လေးသမ်းနေလေသည်။ သူ စင်ပေါ်က ကောင်မလေးကို ကြည့်ပြီး ဒီစာဂျပိုးလေးက  စိတ်ထဲရှိရာလုပ်တတ်တဲ့ စိတ်မျိုးရှိတယ်လို့တွေးမိတယ်။

ချူချိုးချိုးရဲ့စကားက  အရှက်ရစရာကောင်းကောင်း၊မကောင်းကောင်း သူ့ညီမဖြစ်သူကို အမွှမ်းတင်နေတဲ့ ချူယင်းရဲ့ ချီးကျူးပေးတာလေးက တကယ်ပဲချစ်စရာကောင်းလွန်းတယ်။

လုကျန်းအပြင်ကို ထန်ခယ့်ပါ ထိန်းမထားနိုင်တော့ဘဲ တခစ်ခစ်ရယ်မောမိလိုက်သည်။

“သေစမ်း သူက အရမ်းစိတ်ဝင်စားစရာပဲ”

ချူချိုးချိုးက ခုနက နည်းနည်းရန်လိုနေတယ်လို့ သူ ရေးတေးတေးခံစားမိသော်လည်း မေးခွန်းမေးဖို့ သူမရဲ့လက်ကိုမြှောက်ထားပြီးနောက် အသံတိတ်ပြီးနှုတ်ဆတ်နေလိမ့်မယ်လို့ သူမမျှော်လင့်ထားပေ။ ဒါကရယ်စရာဖြစ်ခဲ့သည်။

ဒါကို ရယ်စရာလို့ ထင်တာ သူတစ်ယောက်တည်းမဟုတ်သလို အတန်းထဲကလူတိုင်းကလည်း သူတို့အနေနဲ့ကျိတ်ရယ်ချင်တာကို တကယ်ကြီးပဲထိန်းထားနေရတယ်။

ဒါပေမဲ့ ချူချိုးချိုးက သူတို့ရဲ့အတန်းဖော်ဖြစ်တာကြောင့်  သူတို့အနေနဲ့  သူမမျက်နှာကို ထောက်ရမှာပဲဖြစ်တယ်။

ချူချိုးချိုးရဲ့တိတ်ဆိတ်မှုအပြီးတွင် သူမရဲ့ပို့ချမှုကို အဆုံးသတ်လိုက်သည်။ ထောင့်နားကို ပြန်ရပ်လိုက်ပြီး ငြိမ်ငြိမ်လေးစောင့်နေလိုက်တယ်။ ဒုတိယနဲ့ တတိယကျောင်းသားနှစ်ယောက်စလုံးလည်း ပြောလို့ပြီးသွားတဲ့အခါ တန်းစီလျက် အပြင်ကိုအတူတူထွက်သွားလိုက်သည်။

အနှီကျောင်းသား‌သုံးယောက်စလုံးဟာ ကျောင်းသားကောင်းတွေဖြစ်ကြသည်။ သူတို့က မူကြိုကျောင်းသားတွေလိုမျိုး တန်းစီပြီးထွက်သွားကြတဲ့အခါ လူတိုင်း ရယ်ချင်ချင်ဖြစ်ကုန်ကြတယ်။

လုကျန်းရဲ့အကြည့်တွေက ချူယင်းပေါ်တွင် ရှိနေသည်။ သူမက သူမရဲ့လက်မောင်းတွေကို ရှေ့လွှဲနောက်လွှဲခေါက်တုံ့ခေါက်ပြန်လွှဲ‌လျှောက်ရင်း အနောက်ကနေလိုက်သွားပြီး ခေါင်းလေးကို ငုံ့ထားလေသည်။သူမက အမူအကျင့်ကောင်းတယ်။

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now