《37》

3.8K 557 20
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 37 – ငါ့ရဲ့ နာမည်ကြီးနေတဲ့ ကျဲ!

ချူမိသားစုရဲ့မိဘတွေက ယခုအိမ်တွင်မရှိပေ။ ချူယင်းဆို B ပြည်နယ်က ပြန်လာကတည်းကကို သူတို့နဲ့ မဆုံရသေးပေ။ သူတို့ရဲ့ သမီးအရင်းဖြစ်သူနဲ့ ဆယ်နှစ်ကျော်လောက် ဝေးကွာနေခဲ့ပြီး သူမ အိမ်ကို ပြန်ရောက်လာတာက  နှစ်ဝက်ကျော်ကျော်လောက်သာရှိသေး၏။ ပြောရမယ်ဆိုရင်  မိဘတွေအနေနဲ့ သူတို့ရဲ့စိတ်ထဲမှာ သူမအပေါ်ကို အပြစ်ရှိသလို ခံစားချက်တော့ရှိနေသင့်ပေမဲ့ ချူယင်းဟာ    သူတို့နဲ့ ဘယ်တုန်းကမှ မနီးကပ်ခဲ့သလို မိသားစုနဲ့ ပေါင်းစည်းဖို့လည်း ကြိုးစားမပြတာကြောင့်မလို့ ချူယင်းမှာ  ကောင်းကောင်းမွန်မွန်နေနိုင်တဲ့ ဘဝရှိနေတာကို မြင်ပြီးနောက် သူတို့ရဲ့ အပြစ်ရှိတယ်လို့ခံစားရတဲ့ စိတ်ခံစားချက်များဟာ တဖြည်းဖြည်း ပျောက်သွားပြီဖြစ်တယ်။

ချူယင်းအတွက် ကြိုဆို ဂုဏ်ပြုပွဲလုပ်ပေးမဲ့ ဘာ ရည်ရွယ်ချက်မျိုးမှ သူတို့ဆီမှာ ရှိမနေတာလည်း သေချာပေါက်ပင်။ သူတို့က ချန်မိသားစုနဲ့ စေ့စပ်ပွဲစီစဉ်နေရတာနဲ့တင် တအားတွေအလုပ်ရှုပ်နေတာ ဖြစ်နေလောက်ပြီဖြစ်၏။ ချူယင်းကတော့ အဲ့ဒီအရာနှစ်ခုစလုံးနဲ့ပတ်သက်ပြီး ဂရုစိုက်မနေချေ။

လက်ထပ်ဖို့ကိစ္စတွေ တည်ငြိမ်သွားပြီဖြစ်တာကြောင့် ချူချိုးချိုးအနေနဲ့ သူမက ချူယင်းထက်သာသွားပြီလို့ ခံစားနေမိသည်။ ချူယင်းက ဆောင်းရာသီလေ့ကျင့်ရေးစခန်းမှာ ပထမနေရာရခဲ့တယ်လို့ သူမ ကြားလိုက်ရတဲ့အခါမှာ  အလွန့်အလွန်ကို ရှားပါးလွန်းတဲ့အပြုံးလေးတစ်ပွင့်နဲ့အတူ သူမ သူ့ကို စိတ်ရင်းအတိုင်း ဂုဏ်ပြုပေးခဲ့တယ်။

“မမ နင် စာကောင်းကောင်းကြိုးစားခဲ့တာပဲနော် နင် ကျေးလက်တောရွာဘက်ကနေ ဒီကိုရောက်လာတုန်းကဆို နင် အမှီမလိုက်နိုင်မှာကို ငါ့မှာ စိုးရိမ်နေခဲ့ရတာ”

ချူယင်း ဒီစကားတွေကို ဖုမင်ရွှမ်းဆီကနေ  အကြိမ်ရေ တော်တော်များများကို ကြားခဲ့ရတယ်။

သူမ ပြန်ဖြေလိုက်တယ်။
“ညီမလေးရယ်  မြှောက်နေပြန်ပါပြီ ငါ့မှာ နင် ဆုံးဖြတ်ချက် ကောင်းသွားတာကို အားကျနေတာပါ”

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now