《13》

5.7K 1K 54
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】


Chapter 13 - အဆင့်ပထမနေရာ

ချူယင်းက?! အမှတ်ပြည့်?!!!!

ရှော့ရကုန်တာကြောင့် အတန်းထဲက ဘယ်သူကမှ လက်ခုပ်ဩဘာတီးတာမျိုးမလုပ်ကြတာမို့ အင်္ဂလိပ်ဆရာမရဲ့ လက်ခုပ်‌တီးသံကိုသာ အတိုင်းသား ကြားနေရသည်။

"ဆရာမတို့သိထားကြတဲ့အတိုင်း ချူယင်းက နယ်ဘက်ကအလယ်တန်းကျောင်းကနေ လာတာဖြစ်မို့ သူ့ရဲ့ အင်္ဂလိပ်စာအခြေခံက လူတိုင်းထက်ပိုသာမျိုးမဟုတ်ဘူးလေ ဒါပေမဲ့! ဒီလို နိမ့်ပါးတဲ့ပညာရေးအရင်းအမြစ်ဆိုစေဦးတော့ ကြိုးစားအားထုတ်တဲ့လုံ့လ၊ဝီရိယရဲ့အသီးအပွင့်နဲ့တော့ ယှဉ်လို့ရမှမဟုတ်ဘူး! အတန်းနားချိန်တွေဆို အားလုံး နောက်ပြောင်ကျီစယ်ဆော့ကစားနေကြတဲ့အချိန်၊ ချူယင်းကတော့ သူ့ထိုင်ခုံလေးမှာ အေးအေးဆေးဆေးလေးထိုင်ပြီးစာလုပ်နေတာကို ဆရာမ မကြာခဏဆိုသလို မြင်ဖူးတယ်...."

ဘယ်သူကမှ အင်္ဂလိပ်ဆရာမပြောနေတာတွေကို လိုက်နားထောင်မနေခဲ့ကြပါဘူး။ အခန်း၅ တစ်ခန်းလုံး အကြီးအကျယ် ရိုက်ချခြင်းကိုခံရလေသည်။

ချူယင်းကတော့ သူမစိတ်ထဲကနေ လိပ်ပြာမလုံသလိုလို နည်းနည်းရှက်သလိုလို ခံစားနေရသည်။

ပညာရေးနယ်ပယ်အခြေခံ အရင်းအမြစ်က တကယ်ပဲ ဘက်မညီတာအမှန်ပါပဲ။ အင်္ဂလိပ်စာ ဘာလို့စောက်ရမ်းတော်နေလဲဆိုတော့ သူမက အရင်ဘဝတုန်းမှာကတည်းက စာသင်ဖို့ နိုင်ငံခြားထွက်သွားခဲ့ရတာဖြစ်လို့ နိုင်ငံခြားမှာ နေခဲ့ရတာလေ။ အဲ့တော့ အခြေအနေက သူတို့နဲ့ အတော်လေး ဘက်မညီလှဘူး။

ငါစိတ်မကောင်းပါဘူးဟာ။

အတန်းချိန်ဟာ အင်္ဂလိပ်ဆရာမ ချူယင်းကို အကြီးအကျယ်ချီးကျူးနေတာနဲ့တင် ပြီး‌ဆုံးသွားလေသည်။ ဆရာမ ထွက်သွားပြီးနောက် အခန်း၅တစ်ခုလုံး ပေါက်ကွဲထွက်မတတ်ပင်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? နင်တို့တွေလည်း သူ့ရဲ့အရင် ကျောင်းက ပညာရေးမှတ်တမ်းကို မြင်ဖူးပြီးသားပဲဟာကို အင်္ဂလိပ်မှာ သူ ဘယ်လောက်အမှတ်များများရခဲ့ဖူးလို့လဲ? ကျလုနီးပါးတောင်ဖြစ်ခဲ့တာ မဟုတ်ဘူးလား?"

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now