《67》𝖥𝗂𝗇𝖺𝗅 𝗉𝗍.

4.5K 501 70
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 67 – အဆုံးသတ် (၃)

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းထွက်မဲ့နေ့က တဖြည်းဖြည်း နီးကပ်လို့လာပြီဖြစ်တယ်။

စုန့်မိသားစုရဲ့ ဧည့်ခန်းတွင် စုန့်ကျောက်လင်ဟာ သူတို့အိမ်က ကွန်ဖြူးရှပ်ရုပ်ထုရှေ့မှာ  အမွှေးနံ့သာ ပူဇော်ပသနေလျက် နှုတ်ခမ်းပါစူထွက်နေတဲ့အထိ တတွတ်တွတ်ရေရွတ်နေသည်။

စုန့်ယန်ချွမ်း အလုပ်ကနေ ပြန်ရောက်ရောက်ချင်း ဒီမြင်ကွင်းကို တွေ့လိုက်ရတယ်။ သူ အဲ့နား လျှောက်လှမ်းသွားပြီး သူ့ညီ ဖင်ပိတ်ကန်လိုက်တယ်။

“အောင်စာရင်းထွက်ဖို့က သုံးရက်တောင်ကျန်သေးတယ်မလား?”

“—အိုက်ယိုးးး!!” စုန့်ကျောက်လင်မှာ ကြမ်းပြင်ပေါ် မှောက်ခုံထိုး လဲကျလုနီးပါး ဖြစ်သွားကာ သူ့ခေါင်းကို ဒေါသတကြီး လှည့်လာပြီး

“ကျွန်တော် ပူဇော်ပသထားတာတွေ တလွဲတချော်တွေ ဖြစ်ကုန်ပြီ! ဒီဟာကြောင့် ကျွန်တော် စာမေးပွဲ မအောင်တော့ရင် ဘယ်လိုလုပ်မလဲ ကောက လျော်ပေးနိုင်မှာမို့လို့လား ပြော!”

“…”  စုန့်ယန်ချွမ်းက သူ့ကို ဗလာချည်စိုက်ကြည့်ကာ “မင်း ဒါကိုအပြစ်လွှဲချလိုက်တာနဲ့ပဲ ငါမင်းကို မရိုက်တော့ဘူးလို့ ထင်မနေနဲ့”

စုန့်ကျောက်လင် : “…”

အစီစဉ်ကတော့ သဲထဲရေသွန်သလို ဖြစ်သွားပြီပေါ့လေ ဟမ့်! သူ ဒီကိစ္စကို သူ့အဖေနဲ့ အမေ တိုင်ဖို့လုပ်မလို့ဟာကို။

စုန့်ယန်ချွမ်းဟာ လုကုမ္ပဏီကနေ ခုလေးတင် ပြန်လာခဲ့တာဖြစ်၏။ လုကျန်းနဲ့ တချို့သော ကိစ္စလေးတွေ ဆွေးနွေးခဲ့လေသည်။ အခု သူဟာ လုကျန်းနဲ့ သူ့ရှေ့က အငယ်ကောင် အကြောင်းကို တွေးနေမိတယ်။ သူတို့က အသက်တူရွယ်တူ အတူတူကြီးပြင်းလာခဲ့တယ်ဆိုတာ အရှင်းကြီးကို။ ဘယ်လိုလုပ်ပြီး ကွာခြားချက်က ဒီလောက်အထိ ကြီးမားနေရတာပါလိမ့်?

ဒါပေမဲ့  ဒီလိုအရာလေးက သူ့ညီလေးဖြစ်လာအောင် ဘယ်‌သူကများ လုပ်လိုက်တာလဲတော့ မသိပေမဲ့..သူ့ကို သဘောမကျဖို့ဆိုတာ အလကားပဲ!

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now