《25》

5.8K 857 124
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 25 – အားကောင်းလိုက်တဲ့လူပါလား။

ကျောင်းတွင်းအားကစားပွဲတွေက စည်ကားနေဆဲပင်။

ဓားသိုင်းပွဲစဉ်နောက်ဆုံးfinal ရက်ပြီးနောက် နောက်နေ့မှာ  လုကျန်းဟာ  ချန်ပီယံဆုကို အလွယ်တကူ အနိုင်ရရှိခဲ့သည်။

ချူယင်း ပြိုင်ပွဲကို သွားမကြည့်ပေမယ့် ကျန်ယန်တော့ သွားသည်။ ကျန်ယန်က စာကြိုးစားပေမယ့်လည်း အပြင်ဘက်က ကောလဟလ သတင်းတွေကို နားထောင်လေ့မရှိတဲ့ ကျောင်းသူကောင်းတစ်ယောက်တော့ မဟုတ်။ သူမလည်း ပျော်ပွဲရွှင်ပွဲတွေတွင် ပါရသည်ကို နှစ်သက်သည်။ သူမ ဖိုရမ် ကိစ္စကို   အာရုံစိုက်နေပြီး ချူယင်းမှာ အကောင့်မရှိတဲ့အတွက်ကြောင့် သူမအစား ကူပြောပေးခဲ့သည်။ 

ကျန်ယန်က စာကစာသပ်သပ်၊အပျော်ကအပျော်သပ်သပ်ဆိုပြီးခွဲခြားသိတယ်။ ဒါကြောင့် ချူယင်း ဒီကောင်မလေးကို တကယ်ပဲသဘောကျမိတယ်။

ကျန်ယန် ပြိုင်ပွဲကို ကြည့်ပြီး ပြန်လာပြီးတဲ့နောက် သူမက ချူယင်းကို စိတ်လှုပ်ရှားစွာ ပြောလာသည်။

“သူက တကယ့်ကို ချောတာ”

ချူယင်း ခေါင်းယမ်းပြီးသက်ပြင်းချလိုက်မိသည်။

နင်တို့အားလုံးပဲ အဲ့ဒီဘဝင်ရူး ဆီကနေ အလိမ်ခံနေရတာပဲ။

လုကျန်း အစကောင်းအောင်လုပ်ပေးခဲ့သည်။ တစ်ကျောင်းလုံးက အားကစားပွဲကြောင့် စိတ်အားထက်သန်နေကြတယ်။ လူတွေက ပြိုင်ပွဲတစ်ခုဆီတိုင်းရဲ့ ပြိုင်ပွဲဝင်တွေအကြောင်းနဲ့  ပြိုင်ပွဲနဲ့သက်ဆိုင်သည့် အရေးကြီးကိစ္စတစ်ခုချင်းဆီတိုင်းကို စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။ ချူယင်းက ဆရာရုံးခန်းကို သွားတဲ့အချိန်မှာတောင် အခန်း၅ က  သင်္ချာဆရာမနဲ့ နိုင်ငံတကာအတန်း  က သင်္ချာဆရာ စကားကောင်းနေကြလေသည်။

“ဆရာတို့အခန်းက သခင်လေးက ဒီနေ့ ချန်ပီယံဆုကို ရတယ်လို့ ကျွန်မ ကြားမိသလိုပဲ”

“ဟုတ်တာပေါ့ အတန်းမပြီး‌သေးတာတောင် ကျွန်တော့်မှာ ထိုင်မနေနိုင်တော့ဘူး  ခေါင်းလောင်းတီးတော့ ပြိုင်ပွဲကို အပြေးသွားကြည့်ရတာ”

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now