《22》

5.5K 871 79
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

CHAPTER 22 – လုကျန်းကို အကွက်ချခြင်း

ရရှိလိုက်တဲ့ လုပ်ပိုင်ခွင့်ကြောင့် ချူယင်းတစ်ယောက် စိတ်သက်သာရာရသလိုခံစားမိလိုက်သည်။

အခုလောလောဆယ်  အသုံးပြုစရာမလိုသေးရင်  တောင်မှ သူမမှာ အသုံးပြုခွင့် အထူးကတ်နှစ်ကတ် ရှိနေပြီဖြစ်သည်။ သူမမှာ အချိန်ရတာနဲ့  ဒါတွေကို တစ်ချက်  လေ့လာကြည့်သင့်တယ်။ ဒီပယ်ဖျက်ခွင့်ကတ်က အရင်ကရခဲ့တဲ့  အစားထိုးကတ်ထပ်ကို  ပိုပြီးထိရောက်လောက်တယ်။ တကယ်လို့ သူမက ဇာတ်ကောင်တစ်ခုကို  တခါတည်းတန်း ပယ်ဖျက်လို့ရမယ်ဆိုရင် ပိုတောင်ကောင်းဦးမယ် ။

—— ဇာတ်လိုက်ကို  delete လိုက်စမ်း :)

ရွှယ်ရှီကျီ: “အဟွတ်* ဒါက အန္တရာယ်များပါတယ်ဗျ”

ချူယင်း သူမစိတ်ထဲမှာတော့ မျက်လုံးကိုအထက်လှန်လိုက်မိသည်။

အခုတော့ ရလဒ်တွေကို ကြေညာလိုက်ပြီဖြစ် တဲ့အတွက်   ခန်းမကနေထွက်လာလိုက်ဖို့ အကြောင်းပြချက် ကောင်းကောင်းရှိသွားပြီဖြစ်တယ်။လုကျန်းက  တွေဝေနေပေမဲ့ ဘာမှတော့ ထပ်မပြောလာဘူး။ သူက သူမ အနောက်ကနေ ဖြေးဖြေးချင်း ကပ်လိုက်လာခဲ့တယ်။

ချူယင်းဟာ သိပ်ဝေးဝေးတောင် မသွားရသေးဘူးကော်ရစ်ဒါမှာလျန်ယွဲ့ချီ နဲ့ ဆုံလေသည်။

လျန်ယွဲ့ချီအနေနဲ့  ဒီနှစ်မှာ ဆုံးရှုံးမှုတွေ တော်တော်များခဲ့တာ။ သူမက ချန်ပီယံရှစ်အတွက် ကျရှုံးခဲ့ရုံသာမက  သူမကြိုက်နေတဲ့  ကောင်လေးက သူမရမဲ့ ဒုတိယနေရာကို လုယူသွားခြင်းကို ခံလိုက်ရတယ်။

သူမကို ကြည့်နေတုန်းမှာပဲ မျက်နှာမှာ ထိတ်လန့်မှုအတိုင်းသား ပေါ် ဆဲပင်။

သူမ ခေါင်းကိုခါလိုက်ပြီး သက်ပြင်းချမိတယ် ။

ဒီလူကတော့ တိုက်ခိုက်ဖို့ကို မတတ်သာတော့ဘူး။သူမ အချစ်စိတ်မွှန် ထူနေလို့ ရန်ထပ်မဖြစ်နိုင်တော့တာများလား...

သန်မာစမ်းပါဟာ။လုကျန်း နင်ရဲ့ထက်မြက်မှုနဲ့ လှပမှုတွေကို မြင်သွားအောင်လုပ်ပြလိုက်။

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now