《16》

6.4K 1K 185
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 16— ကျောင်းအလှပန်းလေးက
ဘယ်သူဖြစ်မလဲ။

အခု သူမရဲ့လက်ထဲမှာသာ တူတစ်ချောင်းရှိခဲ့မယ်ဆိုရင် သူမ လုကျန်းကို အရင်ထုရင် ကောင်းမလား၊ စုန့်ကျောက်လင်ကိုပဲ အရင်ထုလိုက်ရင် ကောင်းမလားဆိုပြီး ရွေးချယ်ရတာ ခက်ခဲနေလိမ့်မယ်လို့  ထင်လိုက်မိတယ်။

သူမ ဒီခွေးကောင်ဆီကနေ နှစ်လကြာအောင် ဖုံးကွယ်ထားနိုင်ခဲ့ပေမဲ့ အခုတော့ ဒီဟာကြောင့် သူမရဲ့ကြိုးစားထားမှုတွေအားလုဲး သဲထဲရေသွန်ချလိုက်ရသလိုပဲ။

ချူယင်း: ငါအခုချက်ချင်းတောင် မြစ်တစ်စင်းနီးပါးစာ ငိုချလို့ရနေပါပြီ.jpg

[T/N .jpg ဆိုတာက ပုံနှင့်တကွ ဆိုသလိုမျိုးပါ သူတို့ဆီမှာ meme ပုံမျိုးစတေကာပုံတွေနဲ့တွဲ၊တွဲသုံးကြတယ်လေ အဲ့လိုမျိုးပါပဲ]

ဒါပေါ့ အခုလောလောဆယ်မှာ ချူယင်း ဘာတွေတွေးနေလဲဆိုတာကို ဘယ်သူကမှမသိကြပါဘူး။

ရေကူးကန်ကွင်းအတွင်းတွင် တိတ်ဆိတ်နေလေသည်။ ရေလှိုင်းအသံကိုသာ ကြားနေရတယ်။ ကျောင်းသားကျောင်းသူတွေအားလုံးရဲ့အကြည့်တွေဟာ လုကျန်း‌ဆီကိုကပ်ပါသွားပြီးနောက် ထိုကောင်မလေးပေါ်ကို ရောက်သွားသည်။

သူမဟာ တစ်ကိုယ်လုံးရေတွေရွှဲရွှဲစိုနေလေသည်။ သူမရဲ့ တီရှပ်အင်္ကျီအဖြူလေးက သူမရဲ့ ခန္ဓာကိုယ်ပေါ်တွင် ကပ်ရပ်နေကာ အတွင်းက ရေကူးဝတ်စုံအမဲကို ထင်းရင်း ပေါ်လာစေပြီး မိန်းကလေးရဲ့သဘောသဘာဝအချိုးအစားတွေကို ထင်ရှားသိသာလာစေသည်။ သူမရဲ့ခပ်မြှောက်မြှောက်ပင့်စီးထားတဲ့ စိုရွဲနေသော  ဆံပင် နဲ့ သူမရဲ့ မက်မွန်ပွင့်ချပ်လေးလိုမျိုး မျက်ဝန်းတစ်စုံကို ဖုံးလွှမ်းထားတဲ့ တဖျပ်ဖျပ်ခတ်ကာ လှုပ်ရှားနေတဲ့ မျက်တောင်လေးတွေရယ် က သူမကို ပိုပြီးတောင် အထိမခံနိုင်တဲ့ ကြေမွလွယ်နေသယောင်ပုံပေါက်နေလေသည်။

သူမဟာ လုကျန်းရဲ့အာရုံကို မမျှော်လင့်ထားပါလျက်နဲ့ ဆိုင်းမဆင့်ဗုံမဆင့် ဖမ်းစားမိလိုက်၏။

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now