《24》

5.1K 781 72
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 24 – ငါမဟုတ်!!!

လုကျန်းက ဘ၀အကြောင်းကို ခဏလောက်စဉ်းစားနေမိတယ်။

ရေခဲရေက တစ်ဖြည်းဖြည်းကျနေပြီး ကြမ်းပြင်ပေါ်တွင် ရေအိုင်လေးတစ်ခုတောင်ဖြစ်နေပြီ။ သူခန္ဓာကိုယ်မှာတော့ ရှိတဲ့အင်္ကျီအပါးလေးကတော့ အခုဆို  စိုရွဲကာ ကပ်နေခဲ့တယ်။

ခဏကြာအောင်စဉ်းစားပြီးတာတောင် လုကျန်းဟာ ဒီဟာရဲ့နောက်ကွယ် လော့ဂျစ်ကို နားမလည်နိုင်ခဲ့ဘူး။ သူဟာအသက်ပြင်းပြင်းရှုပြီး  တံခါးကိုလှည့်ကာကြည့်လိုက်သည်။

တမင်သက်သက် တံခါးဘုကို ဖိနှိပ်ဖို့ကြိုးစားနေတာကို အခုလေးတင်ကြားလိုက်ရတယ်။ လုကျန်းဟာ သူ့အနားချဉ်းကပ်လာတဲ့လူကို သတိမထားမိခဲ့ပေမဲ့ သူနားလည်လိုက်တဲ့အရာတစ်ခုကတော့ အဒီလူက သူကို တမင်ရည်ရွယ်ပြီး လော့ခ်ချတယ်မဟုတ်ဘူးဆိုတာကိုပဲ။

ဒီလူက ဘယ်သူ့ကို တံခါးကိုပိတ်ထားချင်နေတာလဲ

အပြင်မှာရှိနေတဲ့ ဖုမင်ရွှမ်း ကတော့ အံ့အားသင့်နေမိသည်။

အထဲမှာရှိတဲ့လူရဲ့အသံကို သူမ ရှင်းလင်းစွာကြားလိုက်ရတယ်။  သူမနားကြားမှားတာမဟုတ်ဘူးဆိုတာကို သေချာတယ်...

ဘယ်လိုလုပ် လုကျန်းဖြစ်နေရတာလဲ။

ချူယင်းက ဘယ်မှာလဲ။ သူမက အဲ့ဒီလူကို ချူယင်းကိုခေါ်ခဲ့ဖို့ပြောတာမဟုတ်ဘူးလား။

တကယ်လို့  လုကျန်းသာ ဒီကိစ္စကို ဆက်လိုက်ခဲ့ရင်တော့ သူမဘဝတော့သွားပြီပဲ!!

အဲ့ဒီအချိန်မှာပဲ လုကျန်းရဲ့အေးစက်စက်အသံက
တံခါးကိုကြားထဲကနေ ထွက်လာပြန်သည်။

“ ငါကဘယ်သူကို ကယ်ပေးသင့်တာလဲ”

ဖုမင်ရွှမ်းတစ်ယောက် ခိုက်ခိုက်တုန်လာသည်။ ဒါပေမဲ့ သူမ ရုတ်တရက် ၀မ်းသာသွားတယ် သူမရှေ့ကတံခါးမှာ ရှေ့ကြည့်မှန်ပြောင်းမပါတဲ့အတွက်ကြောင့်ပင်။ သူမ  ခဏလောက်တောင့်နေမိပြီး ဆုံးဖြတ်ချက်ချလိုက်တာက–

ပြေးသာ ပြေးဟေ့။

လုကျန်းကို သူမလုပ်ခဲ့တာလို့ပေးမသိနိုင်ဘူး။ အဲ့ဒီအပြင်  ဒါက သူမအကြံမဟုတ်ဘူးလေ။

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now