《6》

6.6K 1K 60
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 6 - ခွေးကောင် ငါ့ဆီ ထပ်ပြီးရောက်လာပြန်ပြီ

ထိုစဉ် ချူယင်းတစ်ယောက်ကတော့ အိပ်မက်လှလှလေး မက်ခဲ့သည်။

သူမ နိုးလာတဲ့အခါ နေရောင်ဟာ သူမရဲ့ အိပ်ခန်းထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီပဲဖြစ်သည်။ ခုတင်ပေါ်မှာ အကြောတွေဆန့်ရင်း သူမရဲ့စိတ်အခြေအနေက အတော်လေးကောင်းမွန်နေသည်။

အဲ့နောက် သူမ ရုတ်တရက် တစ်ခုခုကိုသတိရသွားကာ System ကို မေးလိုက်တယ်။

“ရောင်းကုန် ဝန်ဆောင်မှု ရဲ့ feedback နဲ့ပတ်သက်တဲ့ ကဏ္ဍကိုရော  နင် အရေးစိုက်လား ?”

ရွှယ်ရှီကျီ: 「မင်္ဂလာနံနက်ခင်းလေးပါ hostရေ~~ဘယ်လိုမျိုး ရောင်းကုန် ဝန်ဆောင်မှုအမျိုးအစားလဲဗျ?"」

ချူယင်း သူမရဲ့လက်တွေကို မျှော်လင့်တကြီးနဲ့ အချင်းချင်းပွတ်သပ်လိုက်ကာ။

“ငါပြောချင်တာကဟာ အိပ်မက်ဆိုးပက်ကေ့ခ်ျလေးရဲ့ ထိရောက်မှု  အခြေအနေ ဘယ်လိုနေလဲလို့ သေးပေါက်ချသွားတဲ့အထိ ကြောက်သွားအောင် နင်သူ့ကိုခြောက်လိုက်တယ်မလား?”

ရွှယ်ရှီကျီ: 「စိတ်မကောင်းပါဘူး ကျွန်တော်တို့က မကောင်းတဲ့အရာတွေနဲ့ ပျော်ရွှင်မှုကို ရှာဖွေပေးတဲ့ အယုတ်တမာ system မျိုးမဟုတ်ရပါ။」

ချူယင်း သူ့အဖြေကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားကာ အိပ်ရာပေါ်ကနေ ကောက်ထလိုက်သည်။ ရေမိုးချိုးပြင်ဆင်ပြီးနောက် ပွရောင်းပြီး ချောင်ချိကာနေတဲ့ ဟွေးဝမ်ရဲ့အရိုးရှင်းဆုံး ကျောင်းဝတ်စုံကို ဝတ်ဆင်လိုက်ကာ အခန်းထဲကနေ ထွက်လာလိုက်တယ်။

အခန်းတံခါးကို ဖွင့်ဖွင့်ချင်းမှာပဲ  လှပသေသပ်ပြီး ချစ်စရာကောင်းလွန်းတဲ့ စကပ်တိုလေးတစ်ထည်ကို ဝတ်ဆင်တဲ့ ချူချိုးချိုးဟာ  ချူရှီရဲ့လက်ကို လှမ်းချိတ်ထားကာ  အတူတူ အောက်ဆင်းသွားတာကို သူမမြင်လိုက်ရသည်။

“ကိုကို ညီမလေးနဲ့အတူတူကျောင်းကို နောက်မှကားနဲ့သွားလိုက်လို့ရလားဟင်? ညီမလေး ကိုကို့ကို စာမေးချင်လို့”

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now