《43.2》

2.6K 474 19
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 43 – သွားသေပေးလိုက်(2)

သူမဟာ နာခံတတ်တဲ့သူမျိုးတစ်ယောက်မဟုတ်တာကြောင့် ဘယ်တုန်းကမှ ခေါင်းဆောင်မဖြစ်ခဲ့ဘူး။ သူမက တခြားသူတွေ သူမကို လာထိန်းချုပ်တာကို မကြိုက်သလို သူမကလည်း တခြားလူတွေကိုလည်း ကြီးကြပ်ကွပ်ကဲ မနေချင်ပြန်ဘူး။

ဒါပေမဲ့ ဆရာမကတော့ တခြားစဉ်းစားလိုက်ပုံရတယ်။  ထူးချွန်အဆင့်ရှိတဲ့ ချူယင်းက သူမနဲ့ရွယ်တူတွေထက် ပိုပြီးရင့်ကျက်တယ်။

ရှင်းရှင်းပြောရရင်  သူကလွဲပြီး  သူ့ထက် ပိုသင့်တော်တဲ့သူ တစ်ယောက်မှ မရှိပေ။

“ဒါဆိုရင်...ဆရာမတို့ရဲ့ ရိုးဝမ်း.. ချူယင်း မင်း ဒီအခန်းခေါင်းဆောင်ဖြစ်ဖို့ လက်ခံလား” 

တစ်တန်းလုံး သူတို့အကြည့်တွေက သူမဆီကို ကျရောက်လာလေသည်။ ချူယင်းသည် ရုတ်တရက်ဆိုသလို ရွှေဝါရောင်သန်းနေတဲ့ နေကြာပန်းခင်းထဲမှာ ရပ်နေသကဲ့သို့ ခံစားလိုက်ရ၏။

“…”  ချူယင်းဟာ ဆရာမနဲ့ အတန်းဖော်တို့ရဲ့  စိတ်အားထက်သန်စွာလှမ်းကြည့်နေကြတဲ့ အကြည့်တွေအောက်မှာ ခဏလောက် တိတ်ဆိတ်နေမိတယ်။

“ဟုတ်ကဲ့ သမီး ကြိုးစားကြည့်ပါ့မယ် ကျေးဇူးတင်ပါတယ် ဆရာမ”

တစ်တန်းလုံး ချက်ချင်း လက်ခုပ်ဩဘာတွေတီးလာကြသည်။

နည်းပြဆရာမကလည်း အရမ်းပျော်သွားကာ “ဒါဆို ဆရာမ ဒီအတန်းကို ကြည့်ကြပ်ရမဲ့ တာဝန်ကို  အတန်းခေါင်းဆောင်ကို ပေးလိုက်ပြီနော်”

ချူယင်း: “....ဟုတ်..ကဲ့”

ဒါတွေက ကလေးတွေချည်းပါပဲ... သူလုပ်နိုင်ပါတယ်။

ဒီကနေ့ဟာ ပထမဆုံးရက်ဖြစ်တာမလို့  သင်မဲ့အကြောင်းအရာတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် သူတို့အတွက် ဆရာမကနေ မေးခွန်းစာရွက်တွေသာ ထုတ်ပေးလာသည်။

“ဒါတွေအားလုံးက ဆရာမတို့တွေကိုယ်တိုင် ထုတ်ထားတဲ့ မေးခွန်းတွေပဲ  သုံးရက်အတွင်း အပြီးသတ်ပေးရမယ်နော် နောက်ကျူတိုရီရယ်အတန်းချိန်မှာ မေးခွန်းတွေကို ဆရာ၊ဆရာမတွေက ရှင်းပြပေးလိမ့်မယ်”

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now