《51.2》

2.4K 409 11
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 51 –  ချိုချဉ်တစ်လုံးစားရ (2)

အင်္ဂလိပ်ဘာသာပြန်ရတဲ့ အလုပ်ကလည်း ပေးပို့ပြီးထားပြီဖြစ်တယ်။ အလုပ်အပ်တဲ့သူကလည်း အမှန်တကယ် စိတ်ကျေနပ်မှုရှိတာကြောင့် ချက်ချင်းပင် နောက်ဆုံးငွေပေးချေမှုအထိ သူမကို လွှဲပေးထားလေသည်။ ချူယင်းရဲ့ ဘဏ်အကောင့်ဟာ သောင်းနဲ့ချီတိုးလာတာမလို့ လုံးဝကိုစိတ်သက်သာရာရနေမိတယ်။

အောင်မြင်မှုတွေနဲ့ ပိုက်ဆံဟာ လူတွေကို ပူပန်သောကဖြေဖျောက်ပေးစေသော အရာများဖြစ်၏။  ချူယင်းအနေနဲ့ အဲ့တာတွေရဖို့  သူမအကောင်းဆုံးကြိုးစားသွားမှာပင်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူမဟာ ခေတ်ထ ရေပန်းစားနေတဲ့ ‌နာမည်ကြီးသီချင်းတွေရဲ့ နုတ်တွေကို လေ့လာပြီး ဂီတာအတီးကျင့်နေမိသည်။

ဟွေးဝမ်က ကျောင်းလှုပ်ရှားမှုအစီအစဉ်တွေ လုပ်ပေးတဲ့နေရာမှာ ဘယ်တုန်းကမှ တွန့်တိုခြင်းမရှိပါ။ အတန်းတိုင်းဟာ “ဆိုင်ခန်းအသေးစားလေးတစ်ခု တည်ဆောက်ခြင်း” အတွက် ပစ္စည်းကိရိယာများ ပုံစံနမူနာများဖြင့် တောင်းဆိုကြလေ‌သည်။

ကျောင်းသားကျောင်းသူ‌တွေဟာ သူတို့ရဲ့ ဆိုင်ခန်းတွေကို စတင်အလှဆင်‌ကြ‌၏။

အခန်း၅က ကောင်လေးတွေက စတိတ်စင်အသေးစားလေးကို အရမ်းအာရုံစိုက်ထားကြသည်။ တေးဂီတစင်တွေကိုပါ စီစဉ်နေရာချထားပြီးပြီ—  ဒါက ပွဲတော်ရဲ့ အထင်ရှားဆုံးဖြစ်လာလောက်မှာ!

နွေရာသီပွဲတော်ရက်တွင် ဟွေးဝမ်ကျောင်းတစ်ကျောင်းလုံးက အရမ်းကို စိတ်လှုပ်ရှားနေကြ‌သည်။

ဟန်ချူယဉ်ကတော့ သူမရဲ့ DSLR ကင်မရာနဲ့ ဆဲလ်ဖုန်းကို သယ်ဆောင်လာပြီး အခန်း၅ရဲ့ ဆိုင်ခန်းငယ်ဆီ တန်းသွားလိုက်တယ်။

ချူယင်းက ဂီတာကြိုးညှိနေရင်း ဟန်ချူယဉ်ကို လှမ်း ကြည့်လိုက်တယ်။ “ ဒီလောက် တအားအကျယ်ချဲ့နေစရာ မလိုအပ်ဘူးလေ ဟုတ်တယ်မလား”

ဟန်ချူယဉ်:  “လိုတယ် လိုတယ်”

ချူယင်း သီချင်းမဆိုဘူးဆိုရင်တောင်မှ လူတွေက လာကြမှာပဲ။

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now