အစပြုခြင်း

5.2K 231 23
                                    

"လူချောလေးတစ်ဦးက ဒီလိုနေရာမှာ ဘာလို့လဲ"

"ဒီနေရာမှာ ရောက်နေတာကို မင်းဘယ်လိုခံစားရလဲ"

"အာ..မင်းဆီက အပုပ်နံ့တော့ မရဘူးပဲ"

"မင်းကတော်တော်လေးတော့ ချောပေမယ့် မင်းမှာအသက်မရှိတော့ဘူး။သနားစရာ ဝိညာဉ်လေး"

"မင်းဘာလို့ အဖြူရောင်၀တ်စုံနဲ့ မျက်နှာလွှားဇာပုဝါကိုပါ ၀တ်ထားရတာလဲ.?မင်းမဂ်လာဆောင်မှာလား.?"

"အို! မင်းကသတို့သမီးလား..?"

"မင်းဘာဖြစ်ခဲ့လို့ ငါတို့ဆီကို ရောက်လာရတာလဲ"

အစိမ်းရောင်မြေပုံဘေးတွင် ထိုင်နေသည့် လူချောလေးတစ်ဦးအား ကြည့်ပြီး မေးခွန်းမြောက်များစွာက သေဆုံးသူဝိညာဉ်တို့ဆီမှ တရစပ်ထွက်လာသည်။

"ငါမြေပုံထဲက မထွက်လာခဲ့သင့်ဘူး။ဘယ်လိုဖြစ်ဖြစ် အဲ့ထဲမှာက ပိုပြီးအေးချမ်းတယ်"

လူချောလေးသည် လက်တွင်းမှ ညစ်ပေနေသည့် အနီရောင်ပန်းစည်းအား ငုံ့ကြည့်ရင်း တီးတိုးရေရွက်လိုက်သည်။ရုတ်တရက် တစ်စုံတစ်ယောက်၏ ရောက်လာမှုကြောင့် ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

"မင်းတို့ရဲ့ မကောင်းတဲ့ ပါးစပ်ပေါက်တွေကို ပိတ်ထားလိုက်တော့။ဒါက ငါတို့ဆီရောက်လာတဲ့ ဧည့်သည်တစ်ယောက်ကို ကြိုဆိုတဲ့ပုံလား။သူ့ကို သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးရမယ်လေ ငတုံးတွေ"

ဝိညာဉ်တို့ကြားထဲမှ လျှောက်လှမ်းလာသည့် သူတစ်ဦး။ထိုသူသည် ဘေးရှိသူများအား တစ်ချက်အေးစက်စက်ကြည့်ပြီး လူချောလေးဆီ လျှောက်လာ၏။

"မင်းတို့ရဲ့ ပုပ်နေတဲ့ ဦးနှောက်တွေကို အလုပ်တစ်ခုခုပေးဖို့ ထွက်သွားကြ"

ထိုသူ၏ အပြောကို ဘေးရှိသူတို့က ပခုံးတွန့်ပြပြီး အဝေးသို့ ထွက်သွားကြတော့၏။

"မင်းကဘယ်သူလဲ"

ပါးပြင်မှ မျက်ရည်စီးကြောင်းကို သုတ်ရင်းမှ ဆော့ဂျင်ကမေးသည်။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now