Unicode
"Sir ကျွန်တော် ကင်ဆာ့ဂျင်တို့အိမ်က ဆက်တာပါ။Mrs.Jeon ထွက်သွားပြီလို့ သူပြောနေတယ်"
SanDan ဂျောင်ကုအယုံကြည်ရဆုံး သက်တော်စောင့်မှ ဖုန်းဆက်လာသည်။သူကိုယ်တိုင် လာမခေါ်ရသေးခင် Taeyeon မရှိတော့သည်ကြောင့် ဖြစ်သည်။
"ဘာ!?"
ထိုင်ခုံမှ ဂျောင်ကု ထရပ်မိသည်။ပြူတင်းနားဆီ လျှောက်သွားရင်း ဒေါသများကို ထိန်းသည်။သူ့ကို အသိမပေးပဲ ဘယ်ကိုမှ မသွားပါနှင့်ဟု မှာခဲ့သည်ကို အရေးမလုပ်သည့် မိခင်ကြောင့် စိတ်ညစ်သည်။ဆံပင်တို့ကို ရှုပ်ထွေးစွာ ဆွဲဖွသည်။
"Ma ဘယ်သွားတယ် ဆိုတာသိလားလို့ ကင်ဆော့ဂျင်ကို မေးလိုက်"
"ကျွန်တော်မေးပြီးပြီ Sir.သူ့ကိုတောင် မနူတ်ဆက်ပဲ အပြင်ကို ထွက်သွားတာတဲ့"
"Shit"
စုတ်တစ်ချက်သပ်ပြီး SanDan ဆီမှအပြောကို နားမထောင်တော့ပဲ ဖုန်းချသည်။အသက်ပြင်းပြင်း ရူပြီး လေပူတို့ကို မှူတ်ထုတ်သည်။
"Ma ဖုန်းကိုင်ပါ"
မိခင်ဖုန်းမှ စက်ပိတ်ထားသည် ဟူသည်နှင့် အချိန်ဖြုန်းမနေပဲ ကုတ်နှင့် ကားသော့ကို ဆွဲယူပြီး အပြင်ထွက်သည်။ရုံးခန်းမှ ပွင့်နေသည့် laptop နှင့်မီးရောင်များကိုလည်း ပိတ်ဖို့ ဂရုမထားမိတော့။
~~~~~
"Hey Aunt--"
ထယ်ယောင်းပင် ကောင်းကောင်း မနူတ်ဆက်ရသေး Jeon မိခင်က ဖြတ်ပြောသည်။
"ထယ်ယောင်း ,ဆော့ဂျင်ကို ဂျောင်ကုတကယ်ပဲ အလုပ်ထုတ်ခဲ့တာလား"
သူမအသံသည် ပုံမှန်အချိန်ကဲ့သို့ နူးညံ့မနေ။မာထန်ခြင်းတစ်၀က်နှင့် ဒေါသများ ပါနေသည်။ထိုအရာက ထယ်ကို စိုးရိမ်စေသည်။
"ဘာလို့လဲ..ဘာဖြစ်လို့--"
"ငါ့ကို မေးခွန်းပြန်မထုတ်နဲ့။ငါမေးတာပဲ ဖြေပေး"
ခုံတွင် ကျောမှီထိုင်နေသည့် ထယ်သည် ကိုယ်ကိုမတ်လိုက်သည်။Taeyeon သည်တစ်ခါမှ ဤသို့ စကားမပြောဖူးပေ။
"ဟုတ်ကဲ့ သူဖြုတ်ခဲ့တယ်"
"ဘာလို့လဲ.?"
"Mr.Jeon ခိုင်းလို့ပါ"
YOU ARE READING
Desire (ဘာသာပြန်) ✓ Completed
FanfictionA wish I want to be... Jeon Jungkook x Kim Seokjin