အပိုင်း ၆

912 154 16
                                    

Unicode

"၀င်လာလို့ ရမလား Sir"

8th လွှာကို ‌လှေကားမှ တက်ပြီးသည့်‌နောက် သူသည်အတော်လေး မောပန်းနေ၏။ဂျောင်ကုကမူ ခပ်အေးအေး။အမောပြေ အကြည့်တစ်ချက်ပင်မစွန့်ကြဲ။

"ဟိုမှာ ၀င်ထိုင်လိုက်"

ပြူတင်းဘေးဘက်ရှိ ဆိုဖာတစ်ခုံအား ညွှန်ပြ၏။ဆော့ဂျင်သည် အသာ၀င်ထိုင်ရင်းမှ အိတ်တွင်းရှိ ရေဘူးကိုထုတ်ပြီး သောက်သည်။သူ၏ ဖြစ်တည်မှုအား ရှိသည်ဟုပင် သဘောထားပုံမရသော ဂျောင်ကုအား တစ်ချက်ကြည့်ပြီးမှ မပြီးပြတ်သေးသည့် ဖိုင်တို့အား ထုတ်သည်။မည်သို့ဆိုစေ ဂျွန်ဂျောင်ကုကို ထိုင်ကြည့်ရုံနှင့်တော့ သူ၏အလုပ် ပြီးမည်မဟုတ်။

သို့သော်လည်း အာရုံအပေါင်းက မိမိထံ၌မကပ်။မူမမှန်သော ဤတိတ်ဆိတ်မှုက သူ့အားအသားကျခြင်း မဖြစ်‌စေ။တစ်ခန်းတည်း၌ အတူရှိနေရသည် ဟူသည့်အတွေးက သူ့ဦးနှောက်ကို တိုက်စားနေ၏။

သူသည် သတိမမူပဲ ခုံပေါ်၌တံ‌တောင်ထောက်လျက်။ပါးနုနုအား လက်ဖဝါးပြင်တွင် အပ်ကာ သူ၏အချစ်တော်အား ငေးမောနေပါ၏။မီးခိုရောင် အကျီအား သေသပ်စွာ ခေါက်ထားသည်ကြောင့် အသေရေတင့် အကြောလှိုင်းစိမ်းပြေပြေသာ ပြေးသော လက်နုနု။ခေါင်းနံရံဘေး ဆံနက်နှစ်ဖက်ကို ပါးပါးရိပ်ထားပြီး ဖြူနုသည့် နဖူးကျယ်အား လှစ်ဟပြသည့် ဆံပင်စတိုင်။စိမ်းမှောင်သည့် မျက်ခုံးရိုးနှစ်ဖက် တွန့်ချိုးလျက်သား ‌ပြုံးယောင်သမ်းသည့် နူတ်ခမ်းပါးပါး။

"အဖြေတွေက ငါ့မျက်နှာမှာ မရှိဘူး"

‌ဂျောင်ကု၏ အသံကြားမှပင် သူအသိ၀င်လာသည်။မိမိသည် ဤရုံးခန်းအတွင်း၌ အလုပ်လုပ်နေသည်အား သိနေသော်လည်း ဘာလုပ်နေသည်မှန်း အမှတ်မရတော့သည်အထိ။ဆော့ဂျင်အနေနှင့် ဂျောင်ကုသည် ဆေးဝါးမကူပဲ အသိဉာဏ်အား ထုံထိုင်းစေတက်သည့် သူဖြစ်သည်။

"အိုကေ မင်းဘာတွေ လုပ်ပြီးပြီလဲ ကြည့်ရအောင်"

သူသည် laptop အားပိတ်ရင်း ဆိုလာ၏။ဆော့ဂျင်က ခေါင်းတစ်ချက်ညွတ်ရင်း ဂျောင်ကု၏ စားပွဲဆီ ဖြည်းမှန်စွာ ချဉ်းကပ်သည်။ဖိုင်တစ်ထပ်အား ပေးပြီး ကြားရမည့် အဖြေအား ရင်မဆိုင်ရဲစွာ လာဗင်ဒါရောင် ရှပ်နုနု၏ အနားသတ်အား အကြောင်းအရင်းမရှိ ဖိချေနေမိ၏။ဂျောင်ကု၏ အမူအရာသည် ပြောင်းလဲခြင်းအလျင်းမရှိ။ထို့ကြောင့် သူသည် ဂျောင်ကု၏နောက်ဘက်မှ ခမ်းနားစွာ ထွင်းထုထားသည့် Jeon CO. ဟူသည့် အမှတ်သက်ေတအား ငေးမော‌၏။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now