အပိုင်း ၁၁

889 160 15
                                    

"ကွန်ပျူတာကို စစ်ဆေးတာ မပြီးမချင်း မင်းမပြန်ရဘူး။ဒီအခန်းထဲမှာပဲ နေရမယ်"

သူ၏အမိန့်စကားအား ကြားဟန်မတူ။ဆော့ဂျင်ဆီမှ မည်သည့်တုန်ပြန့်မှု (ဝါ) စကားလုံးတို့မှမရ။စားပွဲပေါ်တင်ထားသည့် သူ၏လက်ချောင်းလေးများကိုသာ စိတ်၀င်စားဟန် ကြည့်နေ၏။

Hobeom သည်မလှုပ်မယှက် ရှိလေသည့် ကောင်လေးအား တခဏကြည့်ပြီး ဂျောင်ကုနှင့်စစ်ဆေးသူများရှိရာ အခန်းသို့သွားသည်။ဌာနအားလုံး၏ ခေါင်းဆောင်တို့က နေရာယူထားပြီး ကွန်ပျူတာမျက်နှာပြင်ကိုသာ တစိုက်မတ်မတ်ကြည့်ရှုနေကြသည်။ထိုအထဲတွင် ဂျွန်ဂျောင်ကုသည် ထိပ်ဆုံး၌။သူသည် ဖန်သားပြင်ပေါ်မှ ပြေးလွှားနေသည့် မြှားတံလေးသို့ အာရုံစူးစိုက်လျက်။သူ၏မျက်ဆံနက်နက်တို့ကပါ ထိုအတံလေးနှင့် အပြိုင်ရွေ့လျားနေ၏။

"အင်း..အရောင်းဌာန ကွန်ပျူတာက receive လုပ်ထားတာမှန်တယ်"

ထိုလူ၏ ၀န်ခံချက်သည် ပထမအကြိမ်ကဲ့သို့ အဖြေ။သို့သော် ဂျောင်ကု လက်မခံချင်။မည်သည်ကြောင့်ဆိုသော် သူမသိ။သို့ပေသည့် စိတ်တွင်း၌ သူ့အားထူးဆန်းသည့် မျက်လုံးဝိုင်းတို့နှင့် ကြည့်တက်သူ ထိုအဖြူထည်ကောင်လေးက တရားခံမဖြစ်စေရန် ဆုတောင်းနေမိသည်။

"မင်းဟာက သေချာရဲ့လား"

ထိုလူသည် ‌ခေါင်းတစ်ချက်ငြိမ့်ရင်းမှ မျက်နှာပြင်အား ထောက်ပြသည်။

"ဒါကိုကြည့်။လူကြီးမင်းကုမ္ပဏီ အရောင်းဌာနပိုင်းကွန်ပျူတာက receive လုပ်ထားတာမှန်တယ်။ဒီလိုလုပ်ရပ်မျိုးက တကယ့်ကျွမ်းကျင်အဆင့် hecker တွေပဲလုပ်နိုင်တာ"

အခန်းရှိ လူကုန်တို့၏ အသံသည် တစ်ယောက်တစ်ပေါက် ထွက်ပေါ်လာသည်။အများစုသည် မည်သို့သော လူမျိုးများလဲ။မည်သည့် လူကများလုပ်နိုင်ရတာလဲ။ထိုသို့သော မေးခွန်းတို့ဖြင့် ဆူဝေနေချိန် ‌ဂျွန်ဂျောင်ကု၏ စကားသံက အားလုံးအား မှင်သက်သွားစေတော့၏။

"ဆိုလိုတာက ကင်ဆော့ဂျင် အပြစ်မဟုတ်ဘူး‌ပေါ့"

သူ၏မျက်နှာသည် အမူအရာကင်းမဲ့နေသော်ငြား အခန်းတွင်းရှိ လူအားလုံးကတော့ သူ့အားတအံ့တဩ ငေးမောကြည့်လာပါ၏။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now