Final

2.3K 162 35
                                    

--------------------------   


Unicode

‌ဆော့ဂျင်၏ အသက်မဲ့ ကိုယ်ကို ထွေးပွေ့လိုက် တို့ထိလိုက်ဖြင့် နှလုံးသား နာကျင်မှုကို အလူးအလဲ ခံစားနေရစဉ် သူ့ပခုံးပေါ် လက်တစ်ဖက် တင်လာသည်ကို ခံစားလိုက်ရသည်။လေးလံသည့် စိတ်ဖြင့် ခေါင်းမော့ကြည့်သည်။အမျိုးသမီးတစ်ဦး။မီးခိုးရောင် ဆံပင်နှင့် အဖြူရောင် ကုတ်ဆင်မြန်းထားသည်။သူမမျက်လုံးများတွင် ကရုဏာရိပ်များ ပါနေ၏။Jeon ကကလေးများလို မျက်ရည်များ သုတ်ပြီး နှာခေါင်းရှုံ့သည်။

"Jungkook __ငါတောင်းပန်ပါတယ်"

ကရုဏာအပြည့်ဖြင့် တောင်းပန်သည်။

"ခင်ဗျားက ဘယ်သူလဲ။ပြီးတော့ ကျွန်တော့်နာမည်ကို ဘယ်လိုလုပ်သိတာလဲ"

မမြင်ဖူးသည့် အမျိုးသမီးကို ဂျောင်ကုကြည့်သည်။သူ့လက်တို့ကတော့ ဆော့ဂျင်ကို ပွေ့ပိုက်ထားဆဲ။

"ဆော့ဂျင်ကို အခွင့်အရေးပေးပြီး ပြန်ရှင်သန်စေခဲ့တာ ငါပါ။အဲ့ဒီရတနာလည်ဆွဲကုန်သည်အထိ သူ့ဆုတောင်းတွေ ပြည့်အောင် လုပ်စေခဲ့တာ"

ထိုစကားအဆုံး၌ Jeon မျက်လုံးများ ဝိုင်းစက်သွားသည်။ဂျင်ကို ပွေ့လျက်ဖြင့် ထရပ်သည်။ပြီးမှ ထိုကိုယ်လေးကို ခုံတန်းပေါ် တယုတယ တင်သည်။နဖူးပေါ် အုပ်ကျသည့် ဆံပင်များကို ဖွဖွ သပ်တင်ပြီး နာကျင်စွာ ကြည့်သည်။

သို့ပေမယ့် ထိုအမျိုးသမီးပေါ် ကျသည့် အကြည့်တို့က တခဏချင်း ဒေါသအဖြစ် ပြောင်းသည်။

"အဲ့ဒီသောက်သုံးမကျတဲ့ ရတနာတွေ မကုန်ခင် ကျွန်တော် သူ့ဆန္ဒကို ဖြည့်ပေးခဲ့တယ်လေ!!"

သူငိုသည်။မျက်လုံးများက ဒေါသအရှိန်ဖြင့် နီရဲနေသည်။

"ဒါကို သူဘာလို့ ထွက်သွားရတာလဲ.."

ဒေါသများက တမုတ်ချင်း နာကျင်မှုအဖြစ် ပြောင်းပြန်သည်။ထိုအရာကို လေးလံသည့် နှလုံးအိမ်ဖြင့် Godmother နားထောင်သည်။

"သူကအစောကြီးတည်းက သေပြီးသားလူပဲ ဂျောင်ကု။အခုသူရတဲ့ ဘ၀က သူ့ရဲ့နောက်ဆုံး ဆန္ဒကိုဖြည့်ဖို့ အချိန်နည်းအကျဉ်းလေးပဲ။သူ့အချစ်ကို မင်းလိုအပ်တယ်ဆိုတာကို သက်သေပြဖို့နဲ့ မပြည့်၀ခဲ့တဲ့ သူ့နှလုံးသား ဆန္ဒကို ဖြည့်ပြီး ထာ၀ရ နာကျင်မှုက ပျောက်အောင် လုပ်ဖို့ပဲ။သူ့ဆန္ဒက မင်းနှလုံးသားကို ကာရံထားတဲ့ တံတိုင်းကို ဖြိုကျဖို့ပါပဲ။သေပြီးတဲ့ အချိန်ထိ ခံစားနေရတဲ့ သူ့ရဲနာကျင်မှုက ကြီးမားလွန်းတယ်။ဘယ်လိုပဲဖြစ်ဖြစ် ကံကောင်းစွာပဲ မင်းသူ့ကို ကယ်တင်ခဲ့ပြီ"

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now