အပိုင်း ၂၃

761 142 19
                                    

Unicode

"ထယ်ယောင်း ဘာလို့ ဂျောင်ကုက အန်တီဖုန်းကို မကိုင်တာလဲ"

လက်တွင်း ပန်းသီးကို ခွာရင်းမှ Taeyeon ကမေး၏။ဆော့ဂျင်ထံမှ စကားတို့ကြောင့် ပင်ပန်းနွမ်းနယ်နေသည့် မျက်၀န်းတို့က ယခုဖြင့် သူမစိတ်ထဲ တွေးမိသည့် တစ်စုံတစ်ခုကြောင့် လင်းလက်နေ၏။

"သူ အစည်းအဝေးခန်းမှာမို့ပါ အန်တီ"

"သူ့ကို ပြီးရင် ပြန်ခေါ်ဖို့ ပြောပေးပါ"

"ဟုတ်ကဲ့"

ထိုစကား ပြောပြီး ဖုန်းကိုချလိုက်၏။

~~~~

သူသည် အစည်းဝေးပြီးသည်နှင့် ရုံးခန်းဆီ ပြန်လာသည်။ထယ်ယောင်း၏ အပြောကြောင့် သူ၏မိခင်ကို ဖုန်းပြန်ခေါ်ရန် ပြင်ဆင်ရင်း ခုံပေါ် ကျောမှီ၍ လျော့ရဲစွာ ထိုင်သည်။အစည်းဝေး၌ နာရီများစွာ မတ်တပ်ရပ်ခြင်းက အမှန်ကို ညောင်းညာစေ၏။

"Hey Mom"

နွမ်းနယ်သည့် အသံကို သူကဖုံးကွယ်ထား၏။

"ဂျောင်ကု__နေ့လယ်စာ စားပြီးပြီလား"

"မစားရသေးဘူး။ကျွန်တော်ပြီးမှ သွားစားလိုက်မယ်။Mom ကျွန်တော်နဲ့ စကားပြောချင်လို့လား"

"အင်း။အမ်....ဂျာမနီကို မင်းဘယ်တော့ သွားမှာလဲ"

"မနက်ဖြန် ညနေလေ။ဘာဖြစ်လို့လဲ"

သူမက တစ်ဖက်မှ တစ်စုံတစ်ရာကို တီးတိုးရေရွက်နေ၏။ပြီးမှ..

"မင်းမှာ အတွင်းရေးမှူးမရှိဘူးမို့လား"

တွန့်ဆိုင်းစွာ ထွက်လာသည့် အသံ။ဂျောင်ကု မျက်မှောင်ကြုတ်မိသွား၏။

"မရှိဘူးလေ ဘာလို့မေးတာလဲ"

"မင်းမှာ အတွင်းရေးမှူးတစ်ဦးတော့ ရှိသင့်တယ်လို့ ..မထင်ဘူးလား..အဲ့တာက ..အကူညီ‌ဖြစ်စေမှာပါ"

စကားလုံးတို့က အတော်လေး ခြားနားပြီးမှ ထွက်လာနေ၏။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now