အပိုင်း ၂၆

795 132 18
                                    

Unicode

လက်ဖဝါးနုနုတွင် မေးတင်လျက် ငေး‌မောနေသည်က ဆော့ဂျင်။သူသည် အစည်းဝေးခန်းမ အလယ်၌ ခန့်ညားစွာ ရပ်လျက် ယုံကြည်မှုအပြည့်နှင့် ဂျွန်ဂျောင်ကုအား သတိလက်လွတ်စွာ ငေး‌သည်။ဝဲဘက်လက်အား ယဉ်ကျေးမှုကို လစ်ပြရန် ၀မ်းဗိုက်အထက်နား တင်လျက် လာမည့် project အခြေအနေအား စိတ်အားထက်သန်မှု အပြည့်ဖြင့် ရှင်းပြနေ၏။အကြီးမားဆုံး ကုမ္ပဏီအား လွှမ်းမိုးနိုင်သူဟူသည့် အရှိန်အဝါ တစ်ခုကလည်း တွဲလျက်ပါနေသည်ကို လစ်လျူရှု၍မရ။

ဂျောင်ကုက အတွေးကမ္ဘာ၌ နစ်မြောနေသူ ဆော့ဂျင်အား ဖိုင်ကို ဖွင့်ပြရန် အချက်ပြသည်။သို့သော် ထိုကောင်ငယ်လေးက သူ့အတွေးကမ္ဘာ၌သာ ကျင်လည်နေဆဲ။ချောင်းတစ်ချက်ဟန့်၍ အသိပေးနိုင်သော်ငြား မလုပ်ဖြစ်။ထိုအစား အတွေးယဉ်ကျော နစ်မြောနေသူထံ ဦးတည်သည့် ခြေလှမ်းတို့က စေခိုင်းစရာမလိုပဲ အလိုအလျောက်ရွေ့လျားသည်။ဆော့ဂျင်၏ အနောက်ဘက်တွင် နေရာယူကာ ကိုယ်ကိုကိုင်းပြီး ဖိုင်ကိုဖွင့်သည်။ထိုအခါမှ အတွေးများကြားမှ လူးလွန့်လာတော့သည်။ဂျောင်ကု၏ မေးဖျားက ပါးပြင်တွင် ထိကပ်နေသည်ကို ခံစားနေရသည်။ထိုအရာက သူ့အား တလပ်လပ်သော ရင်ခုန်မှုကိုပေးစွမ်းနေပြီး သူ၏ကိုယ်ကို ပိုပြီးကျုံ့နိုင်သမျှ ကျုံ့ထားမိတော့သည်။

သူ့ကိုယ်တွင်းမှ ဆော့ဂျင်၏ ကိုယ်လုံးက ပိုကျုံလာသည်နှင့် ဆံပင်ဖျားအိအိတို့မှ ဘယ်ရီသီးနံ့ပျံ့ပျံ့ကို ဂျောင်ကုခံစားနေရသည်။

"Bank retail ကလူကြီးမင်းတို့ကုမ္ပဏီအတွက် ရွှေဆိုရင် ကျွန်တော်တို့က ရွှေတွင်းကြီးပါ"

အခန်းတွင်းလူတို့ထံမှ ရယ်သံအုပ်အုပ်တို့က ထွက်လာသည်။ထိုအရာက ဂျောင်ကုကိုလည်း ပြုံးရယ်သွားစေသည်။ထို့နောက်တွက်တော့ professional မုပြန်၀င်လာတော့သည်။

"Bank retail အပိုင်းအတွက် ကျွန်တော်တို့က အမြဲတမ်းအကောင်းဆုံးနဲ့ ဂုဏ်ယူဖွယ် ၀န်ဆောင်မှုတွေကိုပဲပေးနေမှာပါ"

သူ၏အသံက ဆော့ဂျင်နားအတွင်း တိုက်ရိုက်၀င်ရောက်သည်။ဤမျှနီးကပ်မှုမျိုးနှင့် မကြုံကြိုက်ဘူးသည်မို့ ဆော့ဂျင်က နောက်သို့အနည်းငယ် စောင်းကြည့်သည်။သူ၏မျက်၀န်းအစုံက ဂျောင်ကုမျက်၀န်းနက်တို့နှင့် မထင်မှတ်ပဲ ကြုံကြိုက်လျှင် သူကအလျင် အကြည့်လွှဲသွားပြီး ဆော့ဂျင်ရှေ့မှ ဖိုင်တို့ဆီသာ အာရုံပြုလိုက်တော့သည်။သို့သော် နီမြန်းနေသည့် ဆော့ဂျင်၏ မျက်နှာလေးကတော့ သူ့မျက်လုံးတွင်း ဖျက်ကနဲ ၀င်ရောက်သည်။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now